တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မှု အကျိုးဆက်အပေါ် အမြင်များ

တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မှု အကျိုးဆက်အပေါ် အမြင်များ - Property News in Myanmar from iMyanmarHouse.com
19 Jan 2017 10:35 am တွင် တင်ခဲ့သည်
775 ကြိမ် ကြည့်ရှု့ပြီး
၁။ "တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မှုက အိမ်ခြံမြေဈေးကွက်ကို သက်ရောက်မှုမရှိနိုင်"

တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်နေတာဟာ အိမ်ခြံမြေဈေးကွက်ကို သက်ရောက်မှုမရှိဘူးလို့ အိမ်ခြံမြေလုပ်ငန်းရှင် အသင်းက ပြောပါတယ်။

လက်ရှိအချိန်မှာ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်နေမှုက အလွန်နည်းပါးနေတာဖြစ်လို့ အိမ်ခြံမြေ ဈေးကွက်ကို လှုပ်ခတ်မှု မရှိနိုင်သလို အိမ်ခြံမြေဈေးကွက် တည်ငြိမ်နေတာဟာလည်း တန်ဖိုးနည်း အိမ်ရာတွေ ဖော်ဆောင်နေမှုကြောင့် မဟုတ်ဘူးလို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်း ဒု-ဥက္ကဋ္ဌ ဦးသန်းဦးက ပြောပါတယ်။

“လက်ရှိကာလမှာက တန်ဖိုးနည်းဆိုပြီး ထွက်လာတဲ့ အခန်းတွေက ပြောပလောက်အောင် သိပ်မရှိသေးဘူး။ နောက်တခုက လက်ငင်းအနေအထားအရ လိုအပ်နေတဲ့နေရာ ဖြည့်စွမ်းနိုင်မှု ဆိုတာကလည်း အနီးစပ်ဆုံးပြောရရင် ဆင့်ပါးစပ် နှမ်းပက်သလိုပဲ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့
အိမ်ခြံမြေဈေးကွက်တခုလုံးကို လက်ရှိ ဖော်ထုတ်ပါတယ်ဆိုတဲ့ တန်ဖိုးနည်းအိမ်ရာ က ဘာမှထူးခြားမှုမရှိဘူး။ အခု အိမ်ခြံမြေဈေးကွက် အေးတာက နဂိုကတည်းကိုက သူ့အကြောင်းနဲ့ သူ အေးနေတာ။ အခုလို တန်ဖိုးနည်းအိမ်ရာတွေ ဖော်ထုတ်တဲ့အတွက် အိမ်ခြံမြေဈေးကွက်ကို
လှုပ်နှိုးနိုင်တဲ့ အနေအထား မရှိသေးဘူး။”

လက်ရှိအချိန်မှာတော့ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာတွေကို ရန်ကုန်နဲ့မန္တလေးမြို့ တွေမှာ ဖော်ဆောင်နေပါတယ်။

အခြေခံလူတန်းစားတွေအတွက်တော့ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်ပေးတာ အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီအိမ်ရာမျိုးတွေ နည်းနေသေးတဲ့အတွက်လည်း အိမ်ခြံမြေဈေးကွက်ကို အကျိုး သက်ရောက်မှု မရှိနိုင်ဘူးလို့ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင် က ပြောပါတယ်။

“တန်ဖိုးနည်းအိမ်ရာနဲ့ပတ်သက်လို့ အိမ်ခြံမြေဈေးကွက်ကို ဘယ်လောက်အထိ လှုပ်ခတ်မလဲဆိုတဲ့ မေးခွန်းက ကောင်းပါတယ်။ ဒါပေမယ့်လို့ ကျနော့်တယောက်တည်း အမြင်အရ ပြောရရင် သိပ်ပြီး ကြီးကြီးမားမား လှုပ်ခတ်မှုတော့ မရှိဘူး။ တန်ဖိုးနည်းအိမ်ရာ ဝယ်တဲ့သူတွေက တန်ဖိုးနည်းတဲ့ အလျောက် အရောင်းအဝယ်တွေ လုပ်ကြတဲ့အပေါ်မှာ ဒီဘက် တန်ဖိုးမြင့်ဧရိယာတွေကို ထိခိုက်ဖို့ တော့မရှိဘူး။ တခုတော့ ကျနော်တို့ ကြိုဆိုရမှာက အခြေခံလူတန်းစားတွေ အိမ်ရာပိုင်ဆိုင်ခွင့်ကို ရရှိမှာမို့လို့ ဒီတန်ဖိုးနည်းအိမ်ရာတွေ များများပေါ်ဖို့အတွက် တန်ဖိုးနည်းအိမ်ရာဆောက်တဲ့ အပေါ်မှာ ကြိုဆိုပါတယ်။”

အစိုးရသစ်လက်ထက် ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြီးတွေမှာ တန်ဖိုးနည်းအိမ်ရာတွေ ဖော်ထုတ်ခဲ့ ပေမယ့် အချက်အချာကျတဲ့ မြို့နယ်တွေမှာရှိတဲ့ တန်ဖိုးကြီး အိမ်ခြံမြေဈေးတွေ ကတော့ ထိုးကျမသွားဘဲ ဈေးနှုန်းတွေက အတက်အကျ ငြိမ်နေပါတယ်။

၂။ "တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းငယ်များ ထိခိုက်နိုင်ဖွယ်မရှိ"

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ တစ်ဝန်းဆောက်လုပ်ရန်ရည်ရွယ်ထားသော တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများကြောင့် ပုဂ္ဂလိကကန်ထရိုက်တိုက်ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ကြီးမားသည့် ထိခိုက်နစ်နာမှုဖြစ်ပေါ်လာဖွယ်မရှိကြောင်း ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူများ၊ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

အများပြည်သူ အိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရသစ်လက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီး ဌာနက ကြေညာခဲ့သည်။

အိမ်ရာလိုအပ်ချက် အများဆုံးရှိနေသည့်ရန်ကုန်တိုင်းဒေသကြီး ၌ မြို့စွန်မြို့နယ်များဖြစ်သည့် မင်္ဂလာဒုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင်တန်ဖိုးနည်း အိမ်ရာ အခန်းပေါင်း ၈,၀၀၀ ကျော်ကို ကနဦး စီမံချက်များဖြင့် စတင်ဆောက်လုပ်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။

"တန်ဖိုးနည်းအိမ်ရာတွေ အများအပြား ဆောက်မယ်ဆိုပေမဲ့လည်း လက်ရှိဆောက်နေတဲ့ ပြည်တွင်းကန်ထရိုက်လောကကို ထိခိုက်နိုင်စရာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ
ကန်ထရိုက်တိုက်ဆောက်နေတဲ့လူတွေ လုပ်တဲ့နေရာ၊ ဈေးကွက်နဲ့တန်ဖိုးနည်းအိမ်ရာဆောက်မယ့် နေရာ၊ ဈေးကွက်အနေအထားက မတူပါဘူး။တန်ဖိုးနည်း အိမ်ရာဆောက်မှာက ဒဂုံတို့၊ လှိုင်သာယာ တို့မှာဆောက်မှာဖြစ်လို့ဈေးကွက်က သီးခြား ဖြစ်နေတယ်၊ ဈေးကွက် မတူပါဘူး"ဟု မြန်မာ နိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင် များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး
လည်းဖြစ်၊ System EngineeringConstruction ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ လည်းဖြစ်သူ ဦးကျော်ကျော်စိုးက ပြောသည်။

နယ်မြို့များတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်း အများအပြားတည်ရှိ သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့နှစ်စဉ် အနယ်နယ် အရပ်ရပ်မှ ပြောင်းရွှေ့ အခြေချနေထိုင်သူများ တစ်နှစ်လျှင် လူဦးရေသုံးသိန်းခန့် ရှိနေသည်။

များပြားလာသည့် လူဦးရေအလိုက် အိမ်ခန်းလိုအပ်ချက်မှာတစ်နှစ်လျှင် ၇၅,၀၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ခန့်မှန်း တွက်ချက် ထားသည်။

" တန်ဖိုးနည်းအိမ်ရာဆောက်မယ့်အရေအတွက်များရင်တော့ ထိခိုက်နိုင်ပါတယ်။ အခုဆောက်မယ့် အရေအတွက်လောက်နဲ့တော့ ပြင်ပကန်ထရိုက်တာတွေရဲ့ ဈေးကွက်ကို မထိခိုက်နိုင်ပါဘူး။ ဆောက်မယ့် နေရာကလည်း အရေးကြီးတယ်။ နေရာဒေသနဲ့ ဆောက်တဲ့အနေအထားပေါ် မူတည်
သေးတယ်"ဟု I Green Development and Engineering Group ၏ ဒါရိုက်တာဦးကျော်ကျော်နိုင် က ပြောသည်။

ရန်ကုန်၊ မန္တလေးအပါအ၀င် အဓိက မြို့ကြီးများတွင် တန်ဖိုးနည်းအိမ်ရာ အရေအတွက်များများ ဆောက်လုပ်ရန် ပြင်ဆင် နေသော်လည်း ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာများမှာ စီးပွားရေး
အချက်အချာ ကျသည့်နေရာများနှင့် ဝေးကွာသည့်နေရာ များတွင်ရှိနေခြင်း၊ အမှန်တကယ် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးရန်နှင့်အများပြည်သူတို့လက်ဝယ်သို့ ရောက်ရှိစေရန်
အတွက်လည်း အချိန်ကာလကြာမြင့်နိုင်ခြင်းတို့ကြောင့် လက်ရှိ ကန်ထရိုက်တိုက် ဆောက်လုပ်သည့် လုပ်ငန်းများကို ထိခိုက်လာနိုင်ဖွယ်မရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက မြန်မာတိုင်း(မ်)ကိုပြောသည်။

အများပြည်သူ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံတော်က တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများနှင့် အငှားအိမ်ရာ စီမံကိန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များကလည်း မြေရှင်များနှင့်ပူးပေါင်းကာ အခန်း အချိုးတူ ရယူသည့်စနစ်၊ မြေ၀ယ်ကာ ကန်ထရိုက်တိုက် ဆောက်လုပ်ရောင်းချသည့်
စနစ်များ ဖြင့် ဆောင်ရွက်နေသော်လည်း အစိုးရနှင့် ပုဂ္ဂလိက အခန်းကဏ္ဍမှ အိမ်ရာဆောက်လုပ် ဖြည့်ဆည်းနိုင်မှုမှာ တစ်နှစ်လျှင် အိမ်ခန်း ပေါင်း ၃၀,၀၀၀ကျော်သာ ရှိသဖြင့် အိမ်ရာလိုအပ်ချက် များ အများအပြားရှိနေဆဲ ဖြစ်သည်။

"ရပ်ကွက်ထဲမှာ မြေရှင်နဲ့ပေါင်းဆောက်တဲ့ ကန်ထရိုက်တိုက်မှာနေနိုင်တဲ့ လူတွေလည်းရှိတယ်။
သိန်း ၁၀၀ ကျော်၊ သိန်း၂၀၀ ကျော်ပေးနေနိုင်တဲ့ လူတန်းစားတွေလည်း ရှိတယ်။ တန်ဖိုးနည်း အိမ်ရာတွေက သိန်း ၁၀၀ အောက် ရောင်းမယ်ဆိုတော့ ဈေးကွက် က တသီးတခြားစီ ဖြစ်ပါတယ်။
တန်ဖိုးနည်း အိမ်ရာကြောင့် ရပ်ကွက်ထဲက ကန်ထရိုက်တာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းငယ်တွေ ထိခိုက်နစ်နာနိုင်တယ်ဆိုတာ မဖြစ်နိုင်ပါ ဘူး"ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို နိုင်ငံတော်က စီမံကိန်းများဖြင့် ချမှတ် အကောင်အထည် ဖော်ဆောင်ရာတွင် အမှန်တကယ် အိမ်ရာလိုအပ်ချက်ရှိသည့် ပြည်သူများ လက်ဝယ်သို့ ရောက်ရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေသည့် နေရာများတွင် တည်ဆောက်ရန်နှင့် နိုင်ငံတကာကဲ့သို့ နှစ်ရှည်အရစ်ကျ ငွေပေးသွင်း စေသည့်
စနစ်များဖြင့်ရောင်းချနိုင်ရန် လိုအပ်ကြောင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများ က ပြောသည်။


Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service