ပြန်လည်အသုံးချနိုင်မှု အားနည်းနေသေးသည့် ရန်ကုန်မြို့က ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ

ပြန်လည်အသုံးချနိုင်မှု အားနည်းနေသေးသည့် ရန်ကုန်မြို့က ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ - Property News in Myanmar from iMyanmarHouse.com
19 Jan 2017 9:49 am တွင် တင်ခဲ့သည်
914 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ၁၉၉၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သောစာရင်းအရ ရန်ကုန်မြို့တွင် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် သက်တမ်းရင့် အဆောက်အအုံ အရေအတွက်မှာ ၁၈၉ လုံး ဖြစ်သည်။

ထိုသို့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် သတ်မှတ်ထားသည့် ရှေးဟောင်းအဆောက်အအုံအများစုမှာ ကိုလိုနီခေတ်အဆောက်အအုံ အစိုးရရုံးများ၊ ဘာသာရေး အဆောက်အအုံများနှင့် ဘုရားစေတီများဖြစ်ပြီး ပုဂ္ဂလိကပိုင် လူနေ
အဆောက်အအုံများမှာ ပါဝင်ခြင်းမရှိပေ။

ရန်ကုန်မြို့လယ်ရှိ ကိုလိုနီခေတ် အစိုးရရုံးများ စိုက်ခဲ့သည့် အထင်ကရ အဆောက်အအုံများအတွက် ထိန်းသိမ်းခြင်းကို ယင်းအဆောက်အအုံများကို အသုံးပြုနေသည့် သက်ဆိုင်ရာဝန်ကြီးဌာနများက ၄င်းတို့၏ အစီအ စဉ်ဖြင့်သာ လုပ်ဆောင်နေရပြီး ပြုပြင်မွမ်းမံကာပြန်လည် အသုံးချရေးကို တိုင်းဒေသကြီးအစိုးရများက ခေတ်အဆက်ဆက်မှစ၍ လက်ရှိ
အချိန်အထိ မပြုလုပ်နိုင်သည့်အခြေအနေဖြစ်သည်။

လက်ရှိတွင် အတွင်းဝန်များရုံးနှင့် မြန်မာ့မီးရထားရုံး အဆောက်အအုံများ စသော အထင်ကရ အမွေအနှစ် အဆောက်အအုံများကို ပုဂ္ဂလိက ကုမ္ပဏီများက လုပ်ပိုင်ခွင့် ရရှိထားသော်လည်း ပြောင်းလဲမှု မှာ နှေးကွေးဆဲဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ မှ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံကြီးများ ကို နောက်ပိုင်း တွင် ပြန်လည်ပြင်ဆင်မွမ်းမံပြီး အများပြည်သူ ဝင်ထွက်သွားလာ လေ့ လာနိုင်သည့် အနေအထားမျိုးအထိ လုပ်ဆောင်နိုင်ရန် စီစဉ်နေသော်လည်း
ငွေကြေးအခက်အခဲများ ရှိနေကြောင်း ပြောခဲ့သည်။

''ကျွန်တော်တို့ အများပြည်သူ ဝင်ထွက်သွားလာနိုင်မယ့် Public Area တွေ
ဆောင်ရွက်နိုင်ဖို့အဓိကရည်ရွယ်ပါတယ်။ ရှေးဟောင်းအဆောက်အအုံတွေ တော်တော်များများ ကျွန်တော်တို့မှာ ရှိပါတယ်။ အခုလောလောဆယ် တချို့နေရာတွေမှာ ဒါ အတွင်းဝန်များရုံး၊ ဒီအတွင်းဝန်များရုံးကို အနော်မာအုပ်စုကနေပြီးတော့ လုပ်ဖို့ရထားပါတယ်။ ဒါနဲ့ ပတ်သက် ပြီး ဆောင်ရွက်ဖို့က ကုန်ကျစရိတ်တွေ အရမ်းကြီးမားပြီးတော့ ပြန်ရဖို့က
တော်တော်လေးနည်းပါတယ်''ဟု ၄င်းက ဒီဇင်ဘာလအတွင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မြန်မာတိုင်း(မ်)၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်မြို့လယ်၌ ပြန်လည်ပြင်ဆင်ကာ အသုံးပြုနိုင်မည့် အထင်ကရ အဆောက်အအုံ ၁၁ လုံးရှိပြီး ထိုအဆောက်အအုံများ ကို ပြန်လည် အသုံးပြုနိုင်ပါက ဒေသခံများ၏စီးပွားရေးကောင်းမွန်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်းနှင့် ခရီးသွားလုပ်ငန်းများ တိုးတက် လာနိုင်ကြောင်း ရန်ကုန်မြို့ပြ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျူဟာ အစီရင်ခံစာတွင် အကြံပြုဆွေးနွေးထားသည်။

ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT က အဆိုပါ
အထင်ကရအဆောက်အအုံ ၁၁ လုံးကို အမြန်ဆုံး အကောင် အထည်ဖော် ပြင်ဆင်နိုင်ပါက တစ်လုံးချင်းစီ၏ အမွေအနှစ် ဆိုင်ရာ ထူးခြားမှု မြင့်မားစွာရရှိမည်ဖြစ်ပြီး လက်တွေ့ပြနိုင်သော စီမံကိန်းများ ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ YHT က အကြံပြုဆွေးနွေးထားသည့် အဆောက်အအုံ ၁၁ လုံးမှာ ယခင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝဇီရာ ရုပ်ရှင် ရုံ၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးနှင့် ပင်စင်ဦးစီးဌာန၊ ယခင်အမေရိကန်သံရုံး၊ ဘော့သဇာ အဆောက်အအုံ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)၊ ယခင်မြန်မာ့ရေနံနှင့်
သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လေမှုတ်စက်ရုံ၊ အစိုးရပုံနှိပ်စက်နှင့် စာပေဗိမာန် အဆောက်အအုံ တို့ဖြစ်သည်။

အမွေအနှစ်များကို လက်ရာမပျက် ပြန်လည်ပြုပြင်ခြင်း သည် ဒေသခံများအတွက် အလုပ်အကိုင်မျိုးစုံကို ဖန်တီးပေးသည့်အပြင် စီးပွားရေး လုပ်ငန်းငယ်များ အတွက်လည်းဝင်ငွေတိုးစေနိုင်ကြောင်း YHT ကဆိုသည်။

ထို့ပြင်ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများ ရောပြွမ်းတည်ရှိနေသည့်
ရန်ကုန်မြို့အတွက် ယင်းကဲ့သို့ ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်းမွမ်းမံကာ ပြန်လည်အသုံးချနိုင်ခြင်းဖြင့် လာမည့်နှစ်များအတွင်း ခရီးသွားလုပ်ငန်းများက ဒေါ်လာ သန်းပေါင်းများစွာ ရရှိနိုင်သည့် အလား အလာ ရှိနိုင်ကြောင်းလည်း YHT၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အသုံးမချဘဲ သည်အတိုင်းရှိနေသည့် မြို့လယ်ရှိအထင်ကရ ရှေးဟောင်းအဆောက်အအုံများကို ပြန်လည်ပြုပြင်မှုတွင် ငွေရေးကြေးရေးအခက်အခဲများရှိနေသော်လည်း နိုင်ငံတကာကဲ့သို့ Non Profits Organization အဖွဲ့အစည်းများနှင့် ချိတ်ဆက် ကာ ပြင်ဆင် မွမ်းမံပြီး အသုံးချနိုင်အောင်လုပ်ရန် အစီအစဉ် ရှိကြောင်း ပြောခဲ့သည်။

''ကျွန်တော်တို့ ဒီမြို့လယ်မှာပဲ အတွင်းဝန်များရုံး၊ ဟိုတယ် ခရီးရုံး အဆောက် အအုံတွေ ရှိနေတယ်။ ဒါတွေကို နောက်ပိုင်းမှာ ပြန်ပြင်ပြီး ဒီအဆောက်အအုံတွေမှာ သွားလာနိုင်အောင် လုပ်ဖို့ ငွေရေးကြေးရေး ကဏ္ဍအရ အခက်အခဲရှိပေမဲ့ အင်္ဂလန်မှာလို Summerset House
အဆောက်အအုံကို Non Profits Organizationတစ်ခုကနေ ဦးဆောင်ပြီး
ဆောင်ရွက်ပြင်ဆင်သလို ပုံစံမျိုးတွေကို ဒီက ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေကို
ဆောင်ရွက်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်''ဟု ၄င်းက ပြောသည်။

အနော်မာအုပ်စုက ၂ဝ၁၂ ခုနှစ်က လုပ်ကိုင်ခွင့် ရရှိထားသည့်
အတွင်းဝန်များရုံးအဆောက်အအုံကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံပါက အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ခန့် ကုန်ကျမည်ဖြစ်သည့် အတွက် ငွေကြေးအခက်အခဲများကြောင့် ပြင်ဆင်မွမ်းမံမှု အချိန် အတိုင်းအတာမှာ ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် ရှေးဟောင်းအမွေအနှစ် အဆောက် အအုံများ ကို ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင် ခွင့်ပေးရာ တွင် ပြုပြင်မွမ်းမံပြင်ဆင်မှုတိုင်းတွင် ကုမ္ပဏီတစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့် စိတ်တိုင်းကျ လုပ်ကိုင်ခွင့်မပေးဘဲ အစိုးရအဖွဲ့နှင့် YHT ၏ လမ်းညွှန် မှုအောက် တွင်သာ လုပ်ဆောင်စေကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

''ဒီအဆောက်အအုံကြီးက ရှေးဟောင်းအမွေအနှစ်တွေနဲ့ တကယ့် ယဉ်ကျေးမှု ဆိုင်ရာအမွေအနှစ်တွေ၊ သမိုင်းဟောင်းကြီးတွေရှိတဲ့အတွက် ဒါကို ပုဂ္ဂလိကုမ္ပဏီက ဆောင်ရွက်တဲ့နေရာတိုင်းမှာ သူတို့ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ YHT နဲ့ အစိုးရအဖွဲ့က တင်းတင်းကျပ်ကျပ်
လုပ်ဆောင်ထားပါတယ်''ဟု ၄င်းက ပြောသည်။

YHT ကလည်း အမွေအနှစ် အဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း ထူထောင်ရန် လိုအပ်ကြောင်း အကြံပြုထားသည်။

အစိုးရအတွက် ဝင်ငွေရရှိစေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်း များ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့ရှိ အမွေအနှစ် ထိန်းသိမ်းေ စာင့်ရှောက်ရေး အဆောက်အအုံများကို စီးပွားရေး၊ လူမှုရေးအရ အကျိုးရှိစွာ အသုံးချနိုင်စေမည့် အဖွဲ့အစည်းတစ်ခု ထူထောင်ကာ ယင်းအဖွဲ့အစည်းကို အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် ဘက်စုံ ပါဝင်သော ကော် မတီတစ်ရပ်ဖြင့် ကြီးကြပ်နိုင်သည်ဟု YHT ၏ မြို့ပြအမွေအနှစ် မဟာဗျူဟာ တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်တွင် အင်္ဂလန်နိုင်ငံ အခြေစိုက် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများ ပြုပြင်မွမ်းမံရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Turquoise Mountain နှင့်ပူးပေါင်းကာရန်ကုန်မြို့တွင်းရှိ ရှေးဟောင်းအဆောက်အုံများကို ရှေးမှုမပျက် ပြန်လည်ပြုပြင်ရန် အစိုးရအဖွဲ့ထံ တင်ပြခဲ့ပြီး ခွင့်ပြုခဲ့သည့် အဆောက်အအုံ အချို့ကို ပြန်လည်ပြင်ဆင်မှုများရှိခဲ့သည်။

သို့သော် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအများစုမှာ ပြည်ထောင်စုအစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ်မှုများ ရှိသည့်အတွက် အဆောက် အအုံများ ကို အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့ အစည်းများက လုပ်ဆောင်လိုသည့် အခါများတွင် လုပ်ကိုင်ခွင့် ရရှိရန် ခက်ခဲမှုရှိကြောင်းလည်း သိရသည်။

ထို့ပြင်လူနေရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရန်မှာလည်း အိမ်ပိုင်ရှင်များအနေဖြင့် ကိုယ်ပိုင်ငွေစိုက်ထုတ်မှုဖြင့် အမွေအနှစ်တစ်ခုကို
ထိန်းသိမ်းရန်မှာမလွယ်ကူပေ။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ် နှစ်ကုန်ခန့်က လူနေရှေးဟောင်း အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရန် ပိုင်ရှင်များ အား လိုအပ်သည့် ငွေထုတ်ချေးပေးနိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ညှိနှိုင်းခြင်းများ ရှိခဲ့သည်။

သို့သော် ညှိနှိုင်းသည့် အဆင့်တွင်သာ ရှိနေခဲ့ပြီး လက်တွေ့ ငွေ ထုတ်ချေးပေးမှုများကို မတွေ့ရသေးပေ။

ထို့ပြင် ရန်ကုန်မြို့ရှိ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေတစ်ရပ် ရှိသင့်သည်ဟု ပညာရှင်များက တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ သီးသန့် ဥပဒေတစ်ရပ်မရှိဘဲ ၁၉၉၈ ခုနှစ် တွင် ရေး ဆွဲခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးဥပဒေသာ
ရှိသေးသည်။


Credit: Myanmar Times
ပြန်လည်အသုံးချနိုင်မှု အားနည်းနေသေးသည့် ရန်ကုန်မြို့က ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ - Property News in Myanmar from iMyanmarHouse.com
ပြန်လည်အသုံးချနိုင်မှု အားနည်းနေသေးသည့် ရန်ကုန်မြို့က ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service