ပလုံဂျိဇတ်လမ်း နှင့်ဆောက်လုပ်ရေး လုပ်ငန်းများ

ပလုံဂျိဇတ်လမ်း နှင့်ဆောက်လုပ်ရေး လုပ်ငန်းများ - Property News in Myanmar from iMyanmarHouse.com
19 Jan 2017 9:30 am တွင် တင်ခဲ့သည်
1531 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး လုပ်ငန်းဆိုတာ ခေါင်းနဲ့ ပန်းလို ဒွန်တွဲ ပြီး ဆက်စပ်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်တာ အားလုံးအသိဘဲဖြစ်ပါတယ် ၊ ဈေးနှုန်းအတက်အကျ ပေါ်ကြည့်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ သင့်မသင့် လုပ်ငန်းရှင်တွေက ကြိုတင်တွက်ဆပြီးမှ လုပ်ကိုင်ကြတာဖြစ်ပါတယ် ။ ဒါတောင် မြေရှင်နဲ့ စစကားပြောတဲ့ အချိန်ကနေ တိုက်အလုံးအထည်ကြီးပြီးလို့ BCC လို့ခေါ်တဲ့ လူနေထိုင်ခွင့် ရဖို့ အတွက် အနည်းဆုံး အချိန် နှစ်နှစ်လောက် ပေးရပါတယ် ။

ဆောက်လုပ်ရေး လုပ်ငန်းဆိုတာ သာမာန် စီးပွားရေး လုပ်ငန်းတွေနဲ့ မတူဘဲ အင်မတန်များပြားကြီးမားတဲ့ ငွေအရင်းအနှီးနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ ဖြစ်သလို အရေးကြီးပြသနာ တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင်လည်း မြုပ်နေတဲ့ ငွေကြေးတွေကို အလွယ်တကူ နည်းနည်းပါးပါး အရှုံးခံပြီး ချက်ခြင်း ဆွဲထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ဆောက်လုပ်ရေး လုပ်ငန်းကြီးငယ်တွေ အနေနဲ့ တည်ဆောက်ရေး လုပ်ငန်းတစ်ခုကို ရင်းနှီးမြုပ်နှံတော့မယ် ဆိုရင် အဘက်ဘက် ကချိန်ဆ ကံစမ်းရပါတယ် ။

ဒါတောင် မမြင်ရတဲ့ ပြသနာတွေ ၊ စီးပွားရေးဆိုင်ရာ ထိုးနှက်ချက်တွေ ၊ ဆောက်ပြီး ရောင်းမထွတ်လို့ တိုင်ပတ်နေတဲ့ တက်သစ်စ ဆောက်လုပ်ရေး သမားတွေလည်းထုနဲ့ထေး မြင်တွေ့နေရဆဲဖြစ်ပါတယ်။ ဆောက်လုပ်ရေး
လောက ခေတ်ကောင်းတဲ့ အချိန်မှာ စုပြုံတိုးဝင်လာတဲ့ ပေါ်ပင်လူတန်းစားတွေ ၊ ၀င်ပြီး ဆွမ်းကြီးဝိုင်းလောင်းတဲ့ လူတွေ ၊ မလုပ်တက်မကိုင်တက် နဲ့ ငွေထုတ်ကိုင်ပြီး ဒီလောကကြီးထဲကို ၀င်လာတဲ့ လူတွေတော်တော်များများလည်းပေါ်တလှည့် ပျောက်တလှည့် နဲ့ ဆောက်လုပ်ရေးလောက ဇတ်ခုံကြီးထဲမှာ မျောပါနေတာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။

ဆောက်လုပ်ရေး လောက ကြီး အလုပ်မဖြစ်ဘဲ ရပ်တန့်နေတာ နှစ်နှစ်နီးပါးကြာလာတဲ့ ယနေ့အချိန်မှာတော့ ဟိုနေရာက ငွေလှည့် ၊ ဒီနေရာက ငွေကို ဟိုဘက်ခဏလှည်သုံး ၊ ဟိုဘက်ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်နဲ့ ပင်ကိုငွေရင်း မရှိဘဲ ကြိုပွိုင့် ဇတ်ကားရိုက်မယ့် လူတွေ အချိန်ကြာလာတာနဲ့ အမျှ လုံးပါးပါးလို့ နိဌိတံ မယ့် ကိန်းကိုရောက်ဖို့ နီးလာပါပြီ ၊ ဆောက်လုပ်ရေး လုပ်ငန်းမှာ တစ်သက်လုံး နစ်မြုပ်ပြီး ဇောက်ချလုပ်ကိုင်ခဲ့တဲံ လုပ်ငန်းရှင်တော်တော်များများ သာ နဂိုရှိရင်းစွဲ ဒီလောကအပေါ် ချစ်တဲ့ စိတ်ကလေး တစ်ခုနဲ့ ပေကပ်ပြီး လက်ရှိဝန်ထမ်းတွေလည်း အလုပ်မပျက် ပုံမှန် အလုပ်ရနေအောင် ဖန်တီးကြံဆောင်လာနေရပါပြီ။

နာမည်ကြီးထင်ရှားတဲ့ ဆောက်လုပ်ရေး လောကရဲ့ pioneer တစ်ယောက်ကတော့ ဆောက်လုပ်ရေး လုပ်ငန်းငယ်တွေ ရပ်တည်ဖို့ ခက်ခဲလာတဲ့ အတွက် အစိုးရအနေနဲ့ ကူညီကယ်တင်ပေးဖို့ လိုတယ်ဆိုတဲ့ အကြောင်း ၊ ကူညီကယ်တင်မပေးရင် နောက်ခြောက်လ အတွင်းမှာ လုပ်ငန်းငယ်လေးတွေ ပျောက်ကွယ်သွားနိုင်တယ် ဆိုတဲ့ အကြောင်း စေတနာသံပါပါနဲ့ အာဏာရှိသူတွေကို တင်ပြနေတာ မြင်လိုက်ကြားလိုက်ရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းငယ်တွေ မဆိုထားနဲ့ လုပ်ငန်းလတ်တွေ ၊ လုပ်ငန်းကြီးတွေတောင် အခုလို ဈေးကွက်အေးနေတဲ့ အချိန်ကြာလာတာနဲ့ အမျှ ဘယ်လောက်တောင့်ခံနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ့် အနေထားဖြစ်ပါတယ်။

နိုင်ငံအတွက် ကံကောင်းတာဘဲပြောရမလား ၊ ဖွံ့ဖြိုးဆဲ အခြေအနေ တစ်ခုဖြစ်လို့ ချိတ်ဆက်မှု အားနည်းလို့လား မသိ ဆောက်လုပ်ရေးလောကတွေ ပြိုလဲပြီ ဆိုရင် ဘဏ်တွေပါ ပြိုလဲတာ ဖြစ်တက်ကြပေမယ့် ကျွန်တော်တို့ နိုင်ငံမှာကတော့ ကိုယ်ငွေကိုယ်ထုတ် ၊ ကိုယ့်ပြသနာကိုယ်ရှင်း ပုံစံနဲ့ အသားကျ ခေါက်ရိုးကျိုးနေတဲ့ အတွက် တရားဝင် အနေနဲ့ ဘဏ်တွေထိခိုက်မှု မရှိခဲ့ပါဘူး ။ ဆောက်လုပ်ရေး လုပ်ငန်းငယ်တွေသာ ပလုံဂျိ ဇတ်လမ်းတွေ ရိုက်နေကြရတာဖြစ်ပါတယ်။

ဖြစ်ပြီးရင် ပျက်မယ် ဆိုပေမယ့် ပျက်နေလို့ ဆိုပြီး ဒီအတိုင်းပစ်ထားလိုက်မယ် ဆိုရင် ဆောက်လုပ်ရေးလောကအပြင် အခြားသော စီးပွားရေး လုပ်ငန်းငယ်လေးတွေပါ ထိခိုက်နိုင်စရာ ရှိပါတယ် ၊ ပင်မ ပင်စည်ကြီး ပြိုလဲအားလျော့ ပြီဆိုရင်တော့ ကျိန်သေပေါက် အကိုင်းအခက်တွေ အတွက်လည်း နတ်နေကိုင်း အဖြစ် ကျန်မှာ မဟုတ်ဘဲ ပျက်စီးချင်းလမ်းကြောင်းကိုဘဲ အကုန်ဆိုက်ရောက်သွားမှာဖြစ်ပါတယ်။

ကူညီကယ်တင်ပေးနိုင်တဲံ နည်းလမ်းပေါင်းစုံ လည်းရှိပါတယ် ၊ ဆောက်လက်စ တွေကို အာမခံချက်တစ်ခုနဲ့ ငွေထုတ်ချေးပေးဖို့ လိုသလို ၊ ဆောက်ပြီးသား အခန်းတွေကိုလည်း ဘဏ်တွေနဲ့ ချိတ်ပြီး ၀ယ်ချင်တဲ့လူတွေဆီကို နှစ်ရှည်စနစ်နဲ အရောက် ပို့ပေးဖို့လိုပါတယ် ။ ကန်ထရိုက်တိုက်သစ်ကြီး ကို မျှော်ကြည့်ပြီး တိုက်သစ်ကြီး အောက်က အိမ်စုတ်ကလေး တွေမှာ နေတဲ့ လူတွေလည်း တိုက်သစ်ကြီးပေါ်ရောက်အောင် ၊ တိုက်သစ်ကြီးဆောက်ပြီး အ၀ယ်မရှိလို့ ခါလီဖြစ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းငယ်တွေလည်း ငွေပြန်ပေါ်နိုင်မယ့် အခွင့်အရေး ကောင်းတွေ ဖန်တီးပေးလိုက်ဖို့ လိုပါပြီ ၊ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် နည်းလမ်းတွေ ဖြစ်သလို နိုင်ငံ အတွက်လည်း အခွန်ဘဏ္ဍာ ရမှာဖြစ်ပါတယ် ။

ရန်ကုန်မှာ နေစရာ ကိုယ်ပိုင်အိမ် မရှိလို့ ဌားနေတဲ့ လူတွေ ၊ ကျုးကျော်တဲတွေမှာ နေထိုင်နေကြတဲ့ လူတွေ ထဲမှာ အခြေခံအဆင့် ပြည်သူတွေ အပြင် သာမာန်လခစားဝန်ထမ်းငယ်တွေပါ ရှိကြပါတယ် ၊ ဒါ့အပြင် အစိုးရ အလုပ်လုပ်လို့ အစိုးရကပေးတဲ့ အိမ်ရာမှာ နေပြီး အသက် ၆၀ ပြည့် ပင်စင်ယူ အငြိမ်းစား ယူပြီးရင် နေဖို့ အတွက် ဘ၀ နောင်ရေး စိတ်အေးရဖို့ ကျောချစရာ နေရာ အတွက် အမြဲတွေးပူနေတဲ့ နိုင်ငံဝန်ထမ်းတွေလည်း အများကြီးရှိပါတယ် ။ ကုမ္မဏီ ၀န်ထမ်းတွေလည်း ထူးမခြားနားပါဘဲ၊ ကျောချစရာ နေရာတစ်ခုကိုတော့ လူတိုင်းလိုချင်ကြတာဖြစ်ပါတယ်။

အိုးအိမ်က တန်ဖိုးနည်း အိမ်ရာဆိုတာကလည်း လက်ရှိ အိမ်လိုတဲ့လူဦးရေ နဲ့ တွက်ချက်ရင် ဆင့်ပါးစပ် နှမ်းပက်သလိုပါဘဲ ၊ ဈေးကွက်ထဲမှာ လည်း အိုးအိမ်က ဆောက်တဲ့ တန်ဖိုးနည်းအိမ်ရာ ဈေးနှုန်းနဲ့ ဈေးနှုန်း သိပ်မကွာတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဆောက်ထားတဲ့ တိုက်ခန်းတွေကလည်း စရင်းအတိအကျ သာကောက်ခံထားခြင်း မရှိပေမယ့် အနည်းဆုံး အခန်းတစ်သောင်း လောက်အထိ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ် ၊ ဒါကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဆောက်ထားတဲ့အခန်းတွေကို အစိုးရဘဲဖြစ်ဖြစ် ၊ ဘဏ်တွေကဘဲဖြစ်ဖြစ် တစ်ဖက်လှည့် နဲ့ ၀ယ်ယူပြိး အများပြည်သူတွေ လက်ထဲ ထည့်ပေးမယ် ဆိုရင်တော့ ဆောက်လုပ်ရေး လုပ်ငန်းငယ်တွေလည်း ပြန်လည် အသက်ရှုချောင်လာမှာ ဖြစ်သလို နေထိုင်စရာ အခက်အခဲ ရှိသူတွေ အတွက်လည်း အဆင်ပြေချောမွေ့လာမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service