ဗီယက်နမ်အိမ်ခြံမြေဈေးကွက် ၂၀၁၇ တွင်လည်း အားကောင်းမည်

ဗီယက်နမ်အိမ်ခြံမြေဈေးကွက် ၂၀၁၇ တွင်လည်း အားကောင်းမည် - Property News in Myanmar from iMyanmarHouse.com
18 Jan 2017 9:20 am တွင် တင်ခဲ့သည်
810 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ဖွံ့ဖြိုးမှုပစ်မှတ်များလွဲချော်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံရေးတို့တွင် ရှုပ်ထွေးမှုများရှိခဲ့သည့်တိုင် ၂၀၁၆ ခုနှစ်သည် ဗီယက်နမ်အိမ်
ခြံမြေလောကအတွက် မင်္ဂလာရှိစွာ ကုန်ဆုံးခဲ့သည်။

နိုင်ငံ၏ အကြီးဆုံးမြို့ပြနှစ်ခုဖြစ်သည့် ဟိုချီမင်းနှင့် ဟနွိုင်းတို့တွင် ၂၀၁၆ အတွင်း တိုက်ခန်း ၇၀,၀၀၀ ကျော် ဈေးကွက်ထဲ ၀င်ရောက်ခဲ့ပြီး ယင်းအနက် ၆၇,၀၀၀ ကျော် ရောင်း
ချခဲ့ရကြောင်း ကမ္ဘာ့အိမ်ခြံမြေအကြံပေးကုမ္ပဏီ JLL ၏ ဗီယက်နမ်နိုင်ငံရုံးခွဲ JLLVietnam က ထုတ်ပြန်ခဲ့သည်။ ဗီယက်နမ်အိမ်ခြံမြေဈေးကွက်သည် ယင်းအားကောင်းမှုကို ယခုနှစ် ၂၀၁၇ သို့ သယ်ဆောင်လာမည်ဟု အိမ်ခြံမြေရေးရာကျွမ်းကျင်ပညာရှင်
များက ခန့်မှန်းထားကြသည်။

"၂၀၁၇ မှာ အဲ့ဒီအဟုန် ဆက်ရွေ့သွားဖွယ်ရှိပြီး လူနေအိမ်ဈေးကွက်က ပိုပြီးစဉ်ဆက်မပြတ်ထိန်းထားနိုင်တဲ့ လှုပ်ရှားမှုစနစ်ထဲ ရောက်သွားဖို့ များပါတယ်။ ဈေးနှုန်းတွေလည်း
ထပ်တက်နိုင်ပါတယ်" ဟု JLL ၏ ဗီယက်နမ်နိုင်ငံဆိုင်ရာ ကန်းထရီးမန်နေဂျာ
စတီဖင်ယက်က Vietnam Economics Times သတင်းစာသို့ ပြောကြားခဲ့သည်။

ယခင်နှစ်က ဗီယက်နမ်နိုင်ငံ၏ GDP သည် ၆ ဒသမ ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၅
က မြင့်တက်နှုန်းထက် ၆ ဒသမ ၆၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထိုသို့အနည်းငယ်ကျဆင်းမှုသည် Central Highlands ဒေသတွင် မိုးခေါင်မှုအပါအ၀င် သဘာဝဘေးအန္တရာယ်
များစွာကြောင့်လည်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Hưng Nghiệp Formosa Hà TĩnhSteel Corp ထိုဝမ်ကုမ္ပဏီ၏ စီမံကိန်းများကြောင့် ဖြစ်ပေါ်ခဲ့သော သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်များကလည်း နိုင်ငံအလယ်ပိုင်းဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုများကိုနှောင့်နှေးပျက်စီးစေခဲ့သည်။

"၂၀၁၇ ဟာလည်း ဗီယက်နမ်အိမ်ခြံမြေဈေးကွက်အတွက် အားကောင်းတဲ့နှစ်ဖြစ်တာကို
မြင်တွေ့ကြရမှာပါ။ နိုင်ငံ့စီးပွားရေးအခြေအနေကောင်းနေတယ်။ အရှေ့တောင်အာရှရဲ့
အကောင်းဆုံးစီးပွာရေးတွေထဲက တစ်ခုလို့ ယူဆရမှာပါ။ အိမ်ခြံမြေဈေးကွက်ရဲ့ ကဏ္ဌ
တိုင်းမှာ တက်ကြွသက်ဝင်လှုပ်ရှားမှုတွေကို မြင်တွေ့ရမယ်လို့ ခန့်မှန်းထားပါတယ်။
အထူးသဖြင့် မြို့ကြီးတွေမှာ အနိမ့်စားကနေ အလတ်စား လူနေအိမ်ဈေးကွက်၊
ဟိုချီမင်းရုံးခန်း၊ ဟိုတယ်နဲ့ စက်မှုဆိုင်ရာ အိမ်ခြံမြေဈေးကွက်တွေမှာပေါ့" ဟုလည်းယက်က ပြောကြားခဲ့သည်။

အထူးသဖြင့် ၂၀၁၆ ခုနှစ် ဗီယက်နမ်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် အားကောင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံခန့် ရှိခဲ့ကြောင်း အစိုးရကထုတ်ပြန်
သောအချက်အလက်များကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်း
နှုန်းသည် ၂၀၁၅ ခုနှစ်ကထက် ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ကိုရီးယား-ဗီယက်နမ် နှစ်နိုင်ငံလွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်
ချုပ်ဆိုပြီးနောက် Samsung နှင့် LG တို့ကဲ့သို့သော ကုမ္ပဏီကြီးများက ဗီယက်နမ်တွင် စက်ရုံများတည်ထောင်လာခြင်းနှင့်အတူ
ဗီယက်နမ်သည် အရှေ့တောင်အာရှတွင်
ကုန်ထုတ်လုပ်မှုစွမ်းအားရှင်နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။

LG က ၎င်းတို့သည်
ဗီယက်နမ်တွင် OLECD ဖန်သားပြင်စက်ရုံတစ်ရုံအတွက် အမေရိကန်ဒေါ်လာ
၁ ဒသမ ၅ ဘီလျံနှင့် ကင်မရာစက်ရုံတစ်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၅၀ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ယခင်နှစ်က ကြေညာခဲ့သည်။

ဗီယက်နမ်ခရီးသွားလုပ်ငန်းကဏ္ဌသည်လည်း ကျန်းမာသောစီးပွားရေးဖွံ့ဖြိုးမှု
အင်ဂျင်စက်တစ်ခုအဖြစ် ဖွံ့ဖြိုးလာသည်။ ယခင်နှစ်အတွင်း ဗီယက်နမ်သို့ နိုင်ငံခြားသား
၁၀ သန်း သွားရောက်ခဲ့ပြီး ယင်းပမာဏသည် ၂၀၁၅ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service