ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ

ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jan 2017 11:53 am တွင် တင်ခဲ့သည်
13660 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ကမ္ဘာတစ်ဝန်း "အခွင့်အရေးတွေ ပေါများရာ မြေ" လို့ လူသိများကြတဲ့
အမေရိကန်နိုင်ငံက ကိုယ့်ထူးကိုယ်ချွန်ပြီး ကြီးပွားချမ်းသာလာခဲ့ကြတဲ့
ဘီလျံနာ သူဌေးကြီး ဆယ်ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

ဘ၀ အစပိုင်းမှာ ခက်ခဲကြမ်းတမ်းမှုတွေကို ကျော်ဖြတ်လာခဲ့ကြပြီးမှ
ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်နိုင်ခဲ့ကြတဲ့ အမေရိကန်က အမျိုးသား၊
အမျိုးသမီး လုပ်ငန်းရှင်ကြီးတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။

၁. Do Won Chang (Forever 21 တည်ထောင်သူ)

၁၉၈၄ ခုနှစ်က Do Won Chang မှာ Los Angeles မှာ Fashion
21 လို့ခေါ်တဲ့ စတိုးဆိုင်သေးတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းဟာ
ပထမတစ်နှစ်မှာပဲ ရောင်းအား ဒေါ်လာ ၇၀၀,၀၀၀ ရှိခဲ့ပါတယ်။
ယခုအခါမှာတော့ ကမ္ဘာတစ်ဝန်း စတိုးဆိုင်ပေါင်း ၇၉၀ ထိ ရှိနေပြီး
တစ်နှစ် ရောင်းအား ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံထိ ရှိနေတဲ့
Forever 21 လက်လီလုပ်ငန်းကြီးကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။
သူဌေးကြီး Do Won Chang ဟာဆိုရင် ယခုအခါမှာတော့
အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ
ရှိနေပြီဖြစ်ပါတယ်။

၂. Howard Schultz ( Starbucks စီအီးအိုဟောင်း)

Starbucks ရဲ့ စီအီးအိုဖြစ်ခဲ့တဲ့ သူဌေးကြီး Howard Schultz
ဟာဆိုရင် ဖြစ်မှ ဖြစ်နိုင်ပါ့မလားဆိုတဲ့တွေကို အောင်မြင်အောင်
လုပ်ပြချင်တဲ့ ရည်မှန်းချက်တွေနဲ့ ကြိုးစားခဲ့သူတစ်ဦးဖြစ်ပါတယ်။
၎င်း စီအီးအို ဖြစ်ပြီးနောက် ကမ္ဘာတစ်ဝန်း ယနေ့ချိန်အထိ Starbucks
ဆိုင်ပေါင်း ၂၄,၅၀၀ ထိ တိုးချဲ့ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ နိုင်ငံရေးဘက်ကို ကူးဖို့အတွက် စီအီးအိုအဖြစ်မှ
နှုတ်ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အသားတင် ပိုင်ဆိုင်မှုတန်ဖိုး
ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ရှိပါတယ်။

၃. Oprah Winfrey

Oprah Winfrey ကတော့ ၁၉၈၈ ခုနှစ် သူမ အသက် ၃၀ အရွယ်
က Harpo Studios ဆိုတဲ့လုပ်ငန်းကို ထူထောင်ခဲ့ပြီး ယင်းကနေ
တဆင့် ယခုအချိန်မှာတော့ တီဗီရှိုးတွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်ရှင်တွေနဲ့
Oprah Windfrey Network တို့ အပါအ၀င် ကြီးမားတဲ့ မီဒီယာ
လုပ်ငန်းကြီးအဖြစ် ပြောင်းလဲရပ်တည်နေပြီပဲဖြစ်ပါတယ်။
အသားတင် ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ရှိနေပါတယ်။

၎. Spanx တည်ထောင်သူ နဲ့ စီအီးအို Sara Blakely

ယခုလက်ရှိအချိန်မှာ တစ်နှစ်ကို ရောင်းအား ဒေါ်လာ သန်း ၄၀၀ ရှိ
aနတဲ့ အောက်ခံအ၀တ်အစား ကုမ္ပဏီ Spanx ကို တည်ထောင်သူနဲ့
စီအီးအိုလည်း ဖြစ်ပါတယ်။ နိုင်ငံမှာ ကိုယ့်ထူးကိုယ်ချွန်ချမ်းသာလာတဲ့
အသက်အငယ်ဆုံးသော ဘီလျံနာလည်းဖြစ်ပါတယ်။ အသား
တင်ကြွယ်ဝမှု တန်ဖိုး ဒေါ်လာ ၁ ဒသမ ၀၁ ဘီလီယံ ရှိပါတယ်။

၅. Las Vegas Sands စီအီးအို Sheldon Adelson

တက္ကဆီဒရိုင်ဘာတစ်ဦး၏ သားဖြစ်သူ Sheldon Adelson မှာ
၎င်း ၁၂ နှစ်သားအရွယ်က လမ်းပေါ်တွင် သတင်းစာရောင်းသမား
ကလေးတစ်ဦးအဖြစ်မှ ကမ္ဘာ့အကြီးဆုံး ကာစီနိုနဲ့ အပန်းဖြေစခန်း
လုပ်ငန်း ကုမ္ပဏီ Las Vegas Sands စီအီးအို ထိ တက်လှမ်းလာခဲ့
သူဖြစ်ပါတယ်။ ယခုအခါ အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ
၃၂ ဒသမ ၂ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။

၆. Soros Fund Management ဥက္ကဌ George Soros

မွေးရပ်မြေ ဟန်ဂေရီသို့ နာဇီတို့ ကျူးကျော်ဝင်ရောက်စဉ်က
အသက် ၁၃ နှစ်သားအရွယ်သာရှိသေး ပြီးထွက်ပြေးလာခဲ့တဲ့
သူဌေးကြီး George Soros အနေနဲ့ ယခုအောင်မြင်သည့်
လုပ်ငန်းကြီးဖြစ်တဲ့ Soros Fund Management ကို ထူထောင်
ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသားတင် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ
၂၄ ဒသမ ၉ ဘီလီယံ ရှိပါတယ်။

၇. WhatsApp တည်ထောင်သူ Jan Koum

ကမ္ဘာပေါ်မှာ လူပေါင်း ၁ ဘီလီယံကျော် သုံးနေကြတဲ့ လူကြိုက်
အများဆုံး chat app ဖြစ်တဲ့ WhatsApp ကို တည်ထောင်
သူဖြစ်ပါတယ်။၂၀၁၄ ခုနှစ်က Facebook က WhatsApp ကို ဒေါ်လာ
၁၉ ဘီလီယံကျော်ဖြင့် ၀ယ်ယူချိန်တွင် Koum မှာ နေ့ချင်းညချင်း
ဘီလျံနာအဖြစ်သို့ ရောက်ရှိခဲ့သူဖြစ်ပါတယ်။ အသားတင်
ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ ရှိပါတယ်။

၈. Continental Resoures စီအီးအို Harold Hamm

Oklahoma အခြေစိုက် Continental Resources ရဲ့ စီအီးအို ဖြစ်သူ
အသက် ၇၁ နှစ်အရွယ်သူဌေးကြီး Hamm မှာ ၂၀၁၂ ခုနှစ်က
တိုင်းမ်မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ်
ဖော်ပြခံရသူဖြစ်ပါတယ်။ အသားတင် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ
၁၁ ဒသမ ၃ ဘီလီယံရှိပါတယ်။

၉. Oracle ပူးတွဲတည်ထောင်သူနှင့် စီအီးအိုဟောင်း Larry Ellison

ယနေ့အချိန်တွင် Microsoft ပြီးရင် ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး
ဆော့ဝဲထုတ်လုပ်သူ ကုမ္ပဏီ Oracle ကို ပူးတွဲတည်ထောင်သူဖြစ်
ပါတယ်။ ၁၉၇၇ ခုနှစ်က Software Development Laboratories
(SDL) (နောင်တွင် Oracle ဟု အမည်ပြောင်း) ကို အရင်းအနှီး
ဒေါ်လာ ၂,၀၀၀ တည်းဖြင့် စတင်တည်ထောင်ခဲ့ပါတယ်။ အသားတင်
ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၄၈ ဒသမ ၃ ဘီလီယံ ရှိပါတယ်။

၁၀. John Mitchell Systems ပူးတွဲတည်ထောင်သူ
John Paul DeJoria

ဆံသားထိန်းသိမ်းရေးကုမ္ပဏီ Redken ကနေ အလုပ်ပြုတ်ခဲ့ဖူး
သည့် John Paul DeJoria မှာ ၁၉၈၀ မှာတော့ Paul Mitchell
Systems ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပါတယ်။ ယင်းနောက်
၎င်း၏ အမျိုးသားသုံးရှန်ပူကို တစ်အိမ်တက်ဆင်းစနစ်နဲ့ ရောင်း
ချခဲ့ဖူးပြီး ယနေ့အချိန်မှာတော့ ၎င်းရဲ့ ကုမ္ပဏီမှာ တစ်နှစ်ရောင်းအား
ဒေါ်လာ ၁ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။ အသားတင်ကြွယ်ဝမှုတန်ဖိုး
ဒေါ်လာ ၃ ဘီလီယံရှိပါတယ်။

Credit: SFJ Strategy First
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service