အိမ်တွင်း အလှဆင် လုပ်ငန်းတွေကို အခုဆိုရင် လူအများအပြား စိတ်ဝင်စားလာကြပြီး အိမ်တွင်း အလှဆင် လုပ်ငန်းတွေလည်း ပိုပြီး ပြုလုပ်လာတယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံမှာဆိုရင် တိုက်ခန်းအတော်များများက ကျဉ်းတယ်၊ ပစ္စည်းတွေ ထည့်လိုက်ပြီဆိုရင် သွားရလာရ တာတောင် ခက်သွားတယ်၊ အဲ့ဒီလိုမျိုးတွေအတွက် အဓိက ရည်ရွယ်ပြီး လုပ်ခဲ့တာပါ၊ ပထမကတော့ engineering လုပ်ငန်းတွေကို ဝေမျှချင်ခဲ့တာပါ၊ နောက်ပိုင်းမှ လုပ်ဖြစ်တာပါ၊ လုပ်တဲ့ သူတွေကတော့ ဘက် ဂျက်အပေါ် မူတည်ပြီး လုပ်ကြတာပါ၊ သူတို့ ဝယ်ထားတာ သိန်း ၆၀၀ လောက် ပေးရတယ်ဆိုရင် သိန်း ၂၀ လောက်နဲ့ အမြင်လဲ လှမယ်၊ နေရာလဲ ကျယ်ကျယ် ရနိုင်တယ်ဆိုပြီး လုပ်ကြတာပါ” လို့ Wai Phyo Engineering Group က တာဝန်ရှိသူ ကိုဝေဖြိုးဦးက ပြောပါတယ်။
သည်လို အလှဆင်တာတွေကို မီးဖိုခန်းတွေ၊ အိပ်ခန်းတွေမှာ အများဆုံး ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ အခု ခေတ် တိုက်ခန်းတွေမှာ ကွန်ဒိုကျယ်တွေသာ နေရာကျယ်ကျယ် ဆောက်ကြပေမဲ့ ရိုးရိုးကန်ထရိုက် တိုက်ခန်း တွေကတော့ အခန်းကျဉ်းတွေ ဖြစ်နေတာကြောင့် ပစ္စည်းတွေထားဖို့ အခက်အခဲတွေ ရှိကြပါတယ်။ သည်လို အခန်းကျဉ်းတွေမှာဆိုရင် ဗီရိုထားဖို့ နေရာ၊ ကြောင်အိမ်၊ ပန်းကန်စင်ထားဖို့ နေရာတွေ အခက်အခဲ ရှိကြပါ တယ်။ သည်လို အခန်းကျဉ်းတွေမှာ ပရိဘောဂတွေထားဖို့ အခက်အခဲ ဖြစ်နေတဲ့ သူ အများစုက အိမ်တွင်း အလှဆင် လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်လာကြတာ ဖြစ်ပါတယ်။
သည်လို အလှဆင်တာတွေကို ပြုလုပ်မယ်ဆိုရင် ငွေကျပ် ၁၀ သိန်းကနေ သိန်း ၅၀ ကျော်ထိ ကုန်ကျနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Credit: Kumudra