နှစ်သစ်ကူးပွဲမတိုင်မီ ရှန်ဟိုင်းအိမ်သစ်ရောင်းအား ကျဆင်းဆဲ

နှစ်သစ်ကူးပွဲမတိုင်မီ ရှန်ဟိုင်းအိမ်သစ်ရောင်းအား ကျဆင်းဆဲ - Property News in Myanmar from iMyanmarHouse.com
17 Jan 2017 10:45 am တွင် တင်ခဲ့သည်
727 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဇန်န၀ါရီလ ၁၅ ရက်တွင် ကုန်ဆုံးခဲ့သည့် ပြီးခဲ့သည့်သီတင်းပတ်သည် အိမ်သစ်ရောင်းအား စတုရန်းမီတာ ၁ သိန်းအောက် နှစ်ပတ်ဆက်တိုက်
ကျဆင်းသည့်သီတင်းပတ်ဖြစ်ခဲ့သည်။ နှစ်သစ်ကူးပွဲတော်နီးကပ်လာစဉ် ဈေးကွက်ဆက်လက်အားပျော့ဆဲဖြစ်ကြောင်းပြသသည့် နောက်ထပ်သက်သေတစ်ခုဖြစ်သည်။

အစိုးရမတည်သည့်တန်ဖိုးနည်းအိမ်ရာများမှအပ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်သစ်
ရောင်းချရမှုဧရိယာသည် ယင်းမတိုင်မီသီတင်းပတ်ထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး
စတုရန်းမီတာ ၉၈,၀၀၀ ရှိခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ ShanghaiCentaline Property Consultants Co က ဇန်န၀ါရီလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အိမ်သစ်များအား ၁ စတုရန်းမီတာလျှင် ပျမ်းမျှ ၄၇,၁၁၉ ယွမ် (အမေရိကန်ဒေါ်လာ ၆,၈၃၀) ဖြင့် ရောင်းချခဲ့ရကာ ထိုပျမ်းမျှရောင်းဈေးသည်လည်း ၁၆ ဒသမ ၃ ရာခိုင်နှုန်း
မြင့်တက်ခဲ့သည်။

"တစ်ပတ်လုံး ဈေးကွက်ထဲ အိမ်သစ်တစ်အိမ်တောင် မ၀င်လာခဲ့သလို ရောင်းသူ၊
ဝယ်သူနှစ်ဖက်စလုံးရဲ့ ရောင်းလိုအားဝယ်လိုအားတွေဟာ အရမ်းကို ထိုးကျခဲ့ပါတယ်။ တင်းကျပ်လိုက်တဲ့ အိမ်ခြံမြေစည်းမျဉ်းတွေက အသက်ဝင်နေဆဲပါ။ နှစ်သစ်ကူးပွဲတော်
နီးကပ်လာချိန် ဇန်န၀ါရီတစ်လလုံးမှာ ရောင်းအား စတုရန်းမီတာ ၄ သိန်းမကျော်ဘူးဆိုရင် ဒီနှုန်းက ယခုနှစ်ဇန်န၀ါရီကို ငါးနှစ်အတွင်းမှာ နှုန်းအနိမ့်ဆုံးဇန်န၀ါရီ ဖြစ်စေနိုင်ပါတယ်။"
ဟု Centaline ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေဈေးကစားမှုများအား ထိန်းချုပ်၍ အိမ်ခြံမြေဈေးကွက်တည်
ငြိမ်စေရန် ကြိုးပမ်းမှုအဖြစ် မြို့အစိုးရက ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့် အနည်းဆုံးငွေပမာဏအား အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းအဖြစ် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်ညက ကြေညာခဲ့သည်။ ယခင်သတ်မှတ်ချက်မှာ ၃၀ ရာခိုင်နှုန်းဖြစ်သည်။

ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများဟူသည့် အသုံးအနှုန်းကိုလည်း ရှန်ဟိုင်းတွင်အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူ ဖြစ်ရမည့်အပြင် နိုင်ငံတစ်ဝန်းရှိ မည်သည့်ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှုအတွက် ချေးငွေလျှောက်ထားဖူးသူမဟုတ်သူဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်
မှတ်လိုက်သည်။

ရှန်ဟိုင်းတွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်သေးသော်လည်းထိုဘဏ်များအဖွဲ့အစည်းများထံမှ အိမ်ချေးငွေ လျှောက်ထားဖူးသူများအားလည်း
ဒုတိယအကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းစည်းမျဉ်းများသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက် (၂၀၁၆ နိုဝင်ဘာ ၂၉) မှ စတင်အာဏာသက်ရောက်ပြီဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service