စင်္ကာပူနိုင်ငံရှိအဆင့်မြင့်လုံးချင်းအိမ်ကဲ့သို့သောကွန်ဒိုများသည် နေထိုင်သူများအားမြေစိုက်အိမ်တွင် နေထိုင်သကဲ့သို့ ခံစားစေရကာ ရေကူးကန်၊ အားကစားရုံနှင့်ဈေးဝယ်စင်တာတို့ကဲ့သို့သော ကွန်ဒိုများ၏ အဆင့်မြင့်အင်္ဂါရပ်များကိုလည်း
တစ်ပြိုင်နက် ခံစားခွင့်ရစေနိုင်သည့် နှစ်မျိုးစပ်တီထွင်တိုးတက်ဖြစ်ပေါ်မှုများ
ဖြစ်သည်။
ထိုကွန်ဒိုများကို ပုံမှန်အားဖြင့် နေထိုင်ရန်အကျယ်အ၀န်း စတုရန်းမီတာ ၃ ထောင်
ကျော်ဖြင့် ဖွဲ့စည်းထားပြီး အိပ်ခန်း လေးခန်း သို့မဟုတ် ငါးခန်းနှင့် ကြမ်းခင်း နှစ်ထပ်သို့မဟုတ် ၃ ထပ် ပါရှိသည်။ သာမန်ကွန်ဒိုထက် များစွာပိုမိုသော အကျယ်အ၀န်းကို ရရှိစေသည်။
အောက်တွင် ဖော်ပြထားသော အချက် ၅ ချက်သည် ထိုကွန်ဒိုများအား ၀ယ်လိုအားရှိနေရခြင်း၏ အကြောင်းရင်းများဖြစ်သည်။
၁။ တားမြစ်ကန့်သတ်ချက်မရှိဘဲ နိုင်ငံခြားသားများ ၀ယ်ယူနိုင်ခြင်း။
စင်္ကာပူတွင် မြေစိုက်အိမ်ဝယ်လိုသည့် နိုင်ငံခြားသားများသည် တားမြစ်ချက်များစွာနှင့်
ရင်ဆိုင်ကြရသည်။ သူတို့သည် မြေစိုက်အိမ်ကို ၀ယ်ယူခွင့်မရမီ မြေအရောင်းအ၀ယ်
ထောက်ခံချက်ဌာနမှ ထောက်ခံချက်ကို ဦးစွာရယူရန် လိုအပ်သည်။ ပုံမှန်အားဖြင့်မူ ထောက်ခံချက်နှုန်းထားများ မတက်တတ်ပေ။
ထို့ပြင် နိုင်ငံခြားသားများဝယ်ယူသည့် မြေစိုက်အိမ်သည် စတုရန်းပေ တစ်သောင်းခွဲမကျော်ရပေ။ Good Class Bungalow (GCB) နယ်မြေတွင် တည်ရှိ၍လည်းမရပေ။ အဆင့်မြင့်လုံးချင်းအိမ်ကဲ့သို့သောကွန်ဒိုများတွင် ထိုကဲ့သို့မကန့်သတ်ထားပေ။
နိုင်ငံခြားသားများအနေဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ပြီး သူတို့အား လွတ်လပ်စွာရောင်းချနိုင်သည်။ ယင်းက စင်္ကာပူတွင် ကိုယ်ပိုင်အိမ်ရှိလိုသော နိုင်ငံခြားသားများအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေသည်။
၂။ မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (URA) တားမြစ်ချက်များကြောင့် အဆင့်မြင့်လုံးချင်းအိမ်ကဲ့သို့သောကွန်ဒိုများ ရှားပါးခြင်း။
မြေလွတ်အလွန်ရှားသော စင်္ကာပူတွင် လူဦးရေအများစုက အထပ်မြင့်တိုက်တန်းလျား
များတွင် နေထိုင်ကြရသည်။ လက်တစ်ဆုပ်စာသော လူအနည်းငယ်သာလျှင် ထိုသို့သောကွန်ဒိုမြေစိုက်အိမ်နှစ်မျိုးစပ်အရသာပေးစွမ်းသည့် ကွန်ဒိုများတွင် နေထိုင်နိုင်ကြသည်။
ရောင်းလိုအားတွင်လည်း အခြားပုဂ္ဂလိကအိမ်ရာများနှင့် ယှဉ်လျှင် နည်းပါးသည်။
၂၀၁၂ခုနှစ်တွင် မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (URA) က အနာဂတ်တွင်
ထိုသို့သော ကွန်ဒိုတည်ဆောက်မှုအသစ်များကို ကွန်ဒိုနှင့် တိုက်ခန်းအုပ်စုများတွင် မထည့်သွင်းဘဲ မြေစိုက်အိမ်အုပ်စုတွင် ထည့်သွင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယင်းသို့ထည့်သွင်းပါက နိုင်ငံခြားသားပိုင်ဆိုင်မှုဆိုင်ရာ တားမြစ်ချက်များ ကင်းလွတ်ခွင့်
ရတော့မည်မဟုတ်ပေ။ ယင်းက လက်ရှိထိုသို့သောကွန်ဒိုများကို စင်္ကာပူတွင် အငမ်းမရ
လိုချင်ကြဆုံးနှင့် အထူးသီးသန့်အိမ်အမျိုးအစားတစ်ခု ဖြစ်စေသည်။
၃။ အဆင့်မြင့်လုံးချင်းအိမ်ကဲ့သို့သောကွန်ဒိုများက မိသားစုဝင်များသော အိမ်ထောင်စုများနေထိုင်ရန်အတွက် ပြည့်စုံသောအခြေအနေတွင် ရှိခြင်း။
ထိုသို့သောကွန်ဒိုများသည် မိသားစုဝင်များသော အိမ်ထောင်စုများအတွက်
စံပြဖြစ်သည်။ နေရာလွတ်များ၊ အခန်းဖွဲ့စည်းပုံအခင်းအကျင်းနှင့် အတွင်းပိုင်း
အပြင်အဆင်တို့တွင် လူကြီးလူငယ်ကလေးမရွေးမိသားစုဝင်တိုင်းကို သက်သောင့်သက်သာဖြစ်စေရန် စီမံထားသည်။
၎။ ကိုယ်ပိုင်ယာဉ်ရပ်နားရန်နေရာများ ကွန်ဒိုအဆောက်အအုံ၏မြေအောက်ထပ်တွင် ရှိခြင်း။
ထိုသို့သောကွန်ဒိုများတွင် ယာဉ်ရပ်နားရန်နေရာများသည် အဆောက်အအုံ၏
မြေအောက်ထပ်တွင် တည်ရှိသည်။ မြေညီထပ်နေရာလွတ်နေစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် တရားမ၀င်ယာဉ်ရပ်နားခြင်း(ထိုကွန်ဒိုမှမဟုတ်သောယာဉ်များရပ်နားခြင်း)
တို့မှ ကင်းဝေးစေရန်ဖြစ်သည်။ ထို့ပြင် မြေအောက်ထပ်ယာဉ်ရပ်နားခြင်းသည် ကွန်ဒိုတွင်နေထိုင်သူများကို သူတို့၏ အိမ်ခန်းနှင့်သက်ဆိုင်သော ယာဉ်ရပ်နားရန်နေရာများ ချထားပေးခြင်းကြောင့် သွားလာရပိုမိုအဆင်ပြေစေသည်။
အချုပ်အားဖြင့် ဆိုရသော် စင်္ကာပူတွင် ထိုသို့သောကွန်ဒိုများသည် ဆွဲဆောင်အားအကောင်းဆုံးသော အိမ်များဖြစ်သည်။ ဘ၀နေထိုင်မှုခံစားခွင့်များကို အပြည့်အဝ
နီးပါးပေးစွမ်းနိုင်သော ထိုကွန်ဒိုခန်းများအား နိုင်ငံခြားသားဝယ်ယူမှုအတွက် ကန့်သတ်တားမြစ်ချက်များမရှိခြင်းနှင့်ရောင်းလိုအား
အကန့်အသတ်ရှိခြင်းကြောင့် ထိုကွန်ဒိုခန်းများသည် ထပ်ဆင့်ရောင်းချသောဈေးကွက်တွင်လည်း အလားအလာအကောင်းဆုံးအခြေအနေဖြင့် ရပ်တည်နေသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com