လပေါင်း ၃၀ အရစ်ကျစနစ်နဲ့ ရောင်းချမယ့် ရွိုင်ရယ်မောင်ဗမာ (Royal Maung Bamar) ကွန်ဒိုအရောင်းပြပွဲကို ဇန်နဝါရီ ၂၁ နဲ့ ၂၂ ရက်နေ့မှာ အလုံ ကမ်းနားလမ်း ဆင်မင်းဈေး အပေါ်ထပ်မှာ ကျင်းပ ပြုလုပ်မယ်လို့ သိရပါတယ် ။
သည်ကွန်ဒိုက အင်းလျားကန်ဘောင်နားမှာရှိတာဖြစ်ပြီး ဘိုးဘွားပိုင်မြေပေါ်မှာ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ် ။သည်ကွန်ဒိုမှာရှိတဲ့ အခန်းတွေက ၁၅၄၅ စတုရန်းပေမှ ၂၀၈၅ စတုရန်းပေအထိ ကျယ်ဝန်းတဲ့ ကွန်ဒိုတွေ ဖြစ်ပါတယ် ။ အထပ် ၁၂ ထပ်ရှိပြီး အခန်း စုစုပေါင်း ၁၈၀ ရှိပါတယ် ။ ဓါတ်လှေကားခုနစ်စင်းပါဝင်ပြီး ကားပါကင်က ၂၂၅ စီးစာပါဝင်တယ်လို့ သိရပါတယ် ။ ရေကူးကန် ၊ ကစားကွင်း၊ Spa တွေအပြင် တခြားအပန်းဖြေနေရာတွေပါ ပါဝင်ပါတယ် ။
သည်ကွန်ဒိုတွေကို ပြပွဲအတွင်း ပထမဆုံး လာရောက်ဝယ်ယူသူ ၁၀ ဦးကို ငါးရာခိုင်နှုန်းလျှော့ဈေးနဲ့ ရောင်းချမှာလည်း ဖြစ်ပါတယ် ။ ပြပွဲမှာ ဝယ်ယူဖို့ စာရင်သွင်းရင်ငွေကျပ် ၁၀ သိန်းကြိုတင်သွင်းရမှာ ဖြစ်ပါတယ်။ အင်းလျားမြင်ကွင်းတွေကို ကြည့်ချင်တဲ့ သူတွေကို ဦးရာလူစနစ်နဲ့ ရောင်းချပေးမယ်လို့ သိရပါတယ် ။
Credit: Kumudra