ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားတောင်ဧရိယာရှိ သစ်တော ဖုံးလွှမ်း ထားသည့် မြေ လွတ်မြေရိုင်းများကို ပုပ္ပား တောင်ကြိုးပြင်ကာကွယ်တော အဖြစ် နယ်နိမိတ်သတ်မှတ်ကာ သစ်တောဌာနနှင့် ပုပ္ပားတောင် ချစ်သူများအသင်းတို့ ပူးပေါင်း ထိန်းသိမ်းမည်ဟု သတင်းရရှိ သည်။
ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းရန် အဆိုပြုထားသည့် ဧရိယာ အကျယ်အ၀န်း နယ်နိမိတ် သတ်မှတ်ချက်များ၊ မြေအမျိုးအစားများ အား ပြန်လည် တင်ပြရန် သစ်တောဦးစီးဌာန မြို့နယ်ဦးစီး မှူး၊ မြို့နယ် လယ်စာရင်းအင်း ဦး စီးအရာရှိ၊ ပုပ္ပားတောင်ချစ်သူ များအသင်း၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ကွင်းဆင်း စိစစ်ရေးအဖွဲ့အား တာဝန်ပေးထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အ သိပေးစာထုတ်ပြန်ထားသည်။
‘‘အစကတည်းက ရည်ရွယ် ချက်က အတူတူပါပဲ။ အသင်းနဲ့ ပူးပေါင်း ပြီး မြေလွတ်မြေရိုင်းဖြစ် မှာ ကြောက်လို့ပါ။ ဒါလေးကို တိုးချဲ့အနေနဲ့ ဖွဲ့ဖို့ တိုင်ပင်ပြီး လုပ် ကြတာပါ’’ဟု ကွင်းဆင်း စိစစ် ရေး အဖွဲ့ခေါင်းဆောင် ကျောက် ပန်းတောင်းမြို့နယ် သစ်တောဦး စီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထိုက်က ပြောသည်။
ကျောက်ပန်းတောင်းမြို့ နယ် အစိုးရသစ်တောကြိုးဝိုင်း နှင့် ပုပ္ပား ဥယျာဉ်ကြားရှိ သစ်တော ဖုံးလွှမ်းနေသော မြေလွတ်မြေရိုင်းများကို ကြိုးပြင်ကာကွယ် တောအဖြစ် နယ်နိမိတ်သတ်မှတ် ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီးနောက် သက်ဆိုင်ရာအ ဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ သူများဖြင့် တိုင်းထွာမှုများ ဆောင်ရွက်နေကြောင်း ပုပ္ပားတောင် ချစ်သူများအသင်း တာဝန်ရှိသူများက ပြောသည်။
‘‘ပုပ္ပားတောင်ကို အဓိက ကာကွယ်တာပါပဲ။ ပုပ္ပားတောင်မကြီးအပါအ၀င် ရွာ ၃၅ ရွာလောက်ကို မြေအပြောင်းအလဲပြုပြင်မှု အပြောင်းအလဲတွေ အများကြီး မဖြစ်အောင် မြေယာချဲ့ထွင်ခြင်း ကို ထိန်းသိမ်းမယ်။ မလိုလား အပ်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်ခြင်းကို ကာကွယ်ဖို့ အတွက် ပုပ္ပားတောင်မကြီး စိမ်း လန်းစိုပြည်ဖို့ သဘာဝဂေဟအ တိုင်းရှိဖို့အတွက် ကျွန်တော်တို့ ကြိုးစားခြင်းဖြစ်ပါတယ်’’ဟု ပုပ္ပားတောင်ချစ်သူအသင်းဥက္ကဋ္ဌ ဦး ကျော်ဝင်းဆွေက ပြောသည်။
ပုပ္ပားတောင်ကြိုးပြင်ကာ ကွယ်တောဧရိယာသတ်မှတ်ပြီး ပါက စိုက်ပျိုးခြင်းများ ပြုလုပ်မည် မဟုတ်ဘဲရှိပြီးသား သစ်ပင်များ ကိုသာ သဘာဝအတိုင်း ထိန်း သိမ်းမည်ဖြစ်ကြောင်း ယာမြေချဲ့ ထွင်ခြင်းနှင့် အဆောက်အအုံသစ် များ ဆောက်လုပ်ခြင်းကို တားဆီး မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းဆွေကပြောသည်။
ပုပ္ပားတောင်ပတ်လည်တွင် မြေလွတ်မြေရိုင်းဟုဆိုကာ အ ရောင်းအ၀ယ်ြ ပုလုပ်မှုများလည်း ဖြစ်ပေါ်နေသည်ဟု ကျောက်ပန်းတောင်းမြို့ ဒေသခံအချို့ကဆိုသည်။
Credit: 7DayDaily