ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံ ကိန်းကို ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် တင်ဒါ ခေါ်ယူမှုများ ထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
ယခင်အစိုးရလက်ထက်က ကုမ္ပဏီများနှင့် သဘောတူညီမှု အချို့ကို ပြန်လည်ပြင်ဆင်ပြီး အစိုးရသစ်လက်ထက်တွင် အကျိုး တူလုပ်ဆောင်မည့်ကုမ္ပဏီအချို့ နှင့် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းသိရသည်။
ထို့ပြင် စီမံကိန်း အတွင်း အသစ်တိုးချဲ့လုပ်ဆောင်မည့် လုပ်ငန်းများ အတွက် တင်ဒါ ခေါ်ယူရန်အစီအစဉ်များရှိကြောင်းသိရသည်။.
အကောင်အထည်ဖော်ရန် ကျန်ရှိနေသေးသည့် မြေဧရိယာ များတွင်လည်း ပုဂ္ဂလိကကုမ္ပဏီ များကိုအကျိုးတူပူးပေါင်းလုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်မည်ဟု ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းမှ တာဝန်ခံအင်ဂျင်နီယာဦးကျော်ဇေ ယျက ပြောသည်။
‘‘ပုံစံတချို့တော့ အပြောင်း အလဲရှိသွားတယ်။ အထူးသဖြင့် တော့ မြေကြီးတူးတာ၊ ပိုင် ရိုက်တာ ကနေစပြီး ကုမ္ပဏီနဲ့တစ်ဆင့် ချင်းစီ စာချုပ်ချုပ်ဆိုတဲ့ စနစ်ကို သွားမယ်’’ဟု ဦးကျော်ဇေယျက ပြောကြားသည်။
အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၆၀၀ မှ သိန်း ၁,၂၀၀ အထိဈေးနှုန်းသတ်မှတ်ထားသည့် အိမ်ရာစီမံကိန်းကို လာမည့်သုံးနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။
၂၀၁၃ တွင် စတင်တည် ဆောက်ခဲ့သည့် ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းကို အစိုးရ သစ်လက်ထက်၌ ပုဂ္ဂလိကကုမ္ပဏီအချို့နှင့် အကျိုးတူဆက်လက် ပူးပေါင်း တည်ဆောက်လျက်ရှိ သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com