ပါမစ်ပျောက်၊ ဂရန်အသစ်လျှောက်

ပါမစ်ပျောက်၊ ဂရန်အသစ်လျှောက် - Property Knowledge in Myanmar from iMyanmarHouse.com
16 Jan 2017 12:27 pm တွင် တင်ခဲ့သည်
2134 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

သူငယ်ချင်းဖြစ်သူ ကိုအေးချမ်းက အိမ်အပြောင်းရွှေ့ ပြုလုပ်စဉ် မြေချပါမစ် ပျောက်သွားတာ ပြန်ရအောင် နည်းလမ်းကောင်းလေး ပေးပါအုံးလို. မေးလာပါတယ်...

စာရေးသူက...

မင်းဝယ်ထားတဲ့ ပါမစ်မြေကွက်က တောင်ဒဂုံမြေကွက် ပါမစ်အမည်ပေါက်က ဦးရွှေကျော်ထံက
တစ်ဆင့်ဝယ်ထားတဲ့ ပါမစ်မြေကွက် ပျောက်သွားတာ။ ဒီတော့ ဆောင်ရွက်ရမှာ အဆင့်တွေ များတယ်။

ဓာတ်ပုံမြေချ ပါမစ်မြေကွက်တွေကို ထုတ်ပေးထားက ရန်ကုန်မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပေးထားတာ။

အိုအိမ်မြေချပါမစ်ကို မူလ အမည်ပေါက်ရှိ၊ မရှိသိလိုတာပဲ ဖြစ်စေ၊ အတု နဲ့ အစစ် ခွဲခြားသိချင်လို့ပဲ ဖြစ်ဖြစ်၊ မြေချပါမစ် ပျောက်သွားလို့ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ သိလိုရင်ပဲဖြစ်စေ
ရန်ကုန်တိုင်း အိုးအိမရုံးမှာပဲ သွားပြီးစုံစမ်းကြတယ်။ အဲဒီရုံးက သက်ဆိုင်ရာမြို့နယ် တာဝန်ခံက ရှင်းပြပေးပါတယ်။

အခုတော့ မြို့သစ် မြေကွက်ပါမစ်တွေကို အိုးအိမ်ကနေ မြို့တော်စည်ပင်မြေယာဌာနကို လွှဲပြောင်းနေပြီးလို့ သိရတယ်။

ဒီတော့ အကောင်းဆုံး အကြံပြုချင်တာကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ မြို.ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနက လက်ခံဆောင်ရွက်ပေးနေတဲ့ လိုအပ်မယ့်
အချက်အလက်တွေကို ပြောပြလိုက်မယ်လေ။

ပထမဆုံး မြေချပါမစ်အမည်ပေါက် ဦးရွှေကျော်ကို ပြန်ရှာရမယ်။ ဦးရွှေကျော်ကို တွေ့ခဲ့ရင် ဦးရွှေကျော်ကိုယ်တိုင် မြေချပါမစ်ပျောက်ဆုံးသွားကြောင်း တောင်ဒဂုံက မိမိမြေကွက်ရှိတဲ့ ရပ်ကွက်ရုံးက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှာ ထောက်ခံချက် သွားယူရမယ်။ အဲဒီမြေချပါမစ် ပျောက်ဆုံးကြောင်း ထောက်ခံချက်ကို တင်ပြပြီး သက် ဆိုင်ရာ မြို့နယ်ရဲစခန်းက ထပ်ဆင့် ထောက်ခံချက် ယူရမယ်။

အဲဒီထောက်ခံချက် (၂)ခုရရင် အိမ်အပြောင်းအရွှေ့ ပြုလုပ်စဉ် မြေချပါမစ်များ ပျောက်ဆုံးသွားကြောင်း ပါမစ် အမည်ပေါက် ဦးရွှေကျော်က တရားရုံးမှာ ကျမ်းကျိန်ရမယ်။ အဲဒီ (၃) မျိုး စုံရန်တော့ ဦးရွှေကျော်ရဲ့ နိုင်ငံသား ကတ်ပြားမူရင်းနဲ့ မိတ္တူ (၁) စုံစီ ယူဆောင်ပြီး ရန်ကုန်မြို့တော်ခန်းမမှာ ရှိတဲ့ မြေယာဌာနမှာ လျှောက်လွှာဝယ်ပြီး ပါမစ်ပျောက်လို့ ဂရန်အသစ် မြေဌားစာချုပ် ထုတ်ပေးပါရန် လျှောက်ထားရမယ်။ မြေယာဌာနက ညွှန်ပြတဲ့အတိုင်း သတင်းစာမှာ ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာရမယ်။လျှောက်ထားတဲ့ မြေကွက် ကွင်းဆင်း စစ်ဆေးလိမ့်မယ်။

အဲ…တစ်ခုတော့ ကြိုပြီးပြောထားရဦးမယ်။ ဂရန်သစ် မလျှောက်မီကတည်းက ကိုယ်ရထားတဲ့ မြေကွက်ထဲမှာ အိမ်ဆောက်ပြီး လျှောက်ထားသူ ကိုယ်တိုင် နေရမယ်။ မြေကွက်မှာလာပြီး ကွင်းဆင်း စစ်ဆေးတဲ့ မြေတိုင်း တာဝန်ခံနဲ့ မြေကွက်လျှောက်သူ ကိုယ်တိုင် ကိုယ့်မြေကွက် ကိုယ့်အိမ်ရှေ့မှာ နှစ်ယောက်တွဲပြီး ရိုက်ထားတဲ့ဓာတ်ပုံကို မြေယာဌာနမှာ တင်ပြရမယ်။

အဲဒီလို အချက်အလက်တွေ စုံပြီးရင် မြေကွက်ရှိတဲ့အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တို့မှာ ဂရန်သစ်လျှောက်ထားမှုနဲ့ ပတ်သက်လို့ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာရသေးတယ်။ သတင်းစာနဲ့ အုပ်ချုပ်ရေးမှူး ရုံးတွေမှာလည်း ကန့်ကွက်သူမရှိတော့ဘူး ဆိုရင်တော့ ဌာနက ဂရန် ထုတ်ပေးနိုင်ဖို့အတွက် အဆင့်ဆင့် ဆောက်ရွက်ပေးရတယ်။ ဂရန်အသစ် ထုတ်ဖို့ အကြောင်း ကြားလာရင် (ပေ ၄၀ x ပေ ၆၀) မြေကွက်ဖိုးငွေ ၄၈၀၀၀ိ/ (ကျပ်လေးသောင်းရှစ်ထောင်) ပေးသွင်းရတယ်။ ငွေသွင်းခွင့် ရရင်တော့ ဂရန် မြေငှားစာချုပ်ကို မကြာခင် သွားရောက် ထုတ်ယူလို့ ရပြီးပေါ့။

ဂရန်သစ်ရလာရင် အမည်ပေါက် ဦးရွှေကျော် နာမည်နဲ့ ထွက်လာမယ်။ဦးရွှေကျော်နဲ့ ကိုအေးချမ်း မြေနဲ့ အိမ် အရောင်းအဝယ် ကတိ စာချုပ်ပါ ပြန်ဝယ်လိုက်တဲ့ သဘောပေါ့။

ကိုအေးချမ်း နာမည် ပြောင်းပြီးတဲ့အထိ ဂရန် လုပ်မယ်ဆိုရင် ငွေအကုန်အကျ များမယ်။ ဒီတော့ ဦးရွှေကျော်က ဦးအေးချမ်းကို အဆိုပါ မြေကွက်နဲ့ ပတ်သက်ပြီး ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လွှဲပြောင်းခြင်းတို့ ပြုလုပ်နိုင်တယ် ဆိုတဲ့ မှတ်ပုံတင် အထူး ကိုယ်စားလှယ် လွှဲစာလက်ခံ ယူထားလိုက်ရင် အားလုံးပိုင်ဆိုင်ခွင့် ရသွားပြီးပေါ့ကွာ ။

ကဲ… ရှင်းပြီးလားသူငယ်ချင်း ။

အေး… သဘောတော့ ပေါက်သွားပါပြီး။ ကိုယ့် မြေကွက်အဆုံးရှုံး မခံနိုင်တော့ မင်းပြောတဲ့ အတိုင်း
လုပ်ရတော့မှာပေါ့ကွာ ။


လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service