မွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေသော ဂရန်မြေများ ကို ပေါင်နှံ လွှဲပြောင်းခွင့်ရရှိရန် အမျိုးသား လွှတ်တော်သို့ တင်ပြ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများ က ပြောသည်။
ငါး၊ ပုစွန်၊ ကြက်၊ ဘဲနှင့် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းလုပ် ကိုင်နေသော မြေများကို ပေါင်နှံ လွှဲပြောင်းခွင့်မပြု၍ လုပ်ငန်းအတွက် လိုအပ်သော အရင်းအနှီး ရရှိရန် အခက်အခဲကြုံတွေ့နေ သဖြင့် တင်ပြရန် စီစဉ်နေခြင်းဖြစ် သည်။
‘‘အခုဖြစ်နေတဲ့ မြေယာပိုင် ဆိုင်ခွင့်ကို ဥပဒေအရ ပြင်ဆင် ပေးနိုင်ဖို့ အခုပြန်စမယ့် အမျိုးသား လွှတ်တော်ကို တိုက်ရိုက် တင်ပြပါမယ်’’ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးအဖွဲ့မှူး ဦးတင်လှက ပြောသည်။
မွေးမြူရေး လုပ်ငန်းအတွက် လုံလောက်သောငွေကို ဘဏ်များ မှ ချေးယူရန်နှင့် ပြည်ပမှ ရင်းနှီး မြှုပ်နှံသူများနှင့် ဖက်စပ်လုပ်ငန်း ဆောင်ရွက်ရန် ဆွေးနွေးရာတွင် ဂရန်မြေကို ပေါင်နှံလွှဲပြောင်းခွင့် မရှိဆိုသော စာသားက အတားအ ဆီးဖြစ်နေသဖြင့် ပြင်ဆင်ပေးစေ လိုကြောင်း မြန်မာနိုင်ငံ ငါးလုပ် ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မြင့်စိန်က ပြောသည်။
‘‘ပုံစံ(၇)ရှိတဲ့ လယ်မြေတွေ ဆို ပေါင်တာ၊ လွှဲပြောင်းတာနဲ့ အမွေပေးပိုင်ခွင့်ရှိတယ်။ ငါးမွေး မြူရေးလုပ်တဲ့ မြေတွေကို လန (၃၉) နဲ့ နှစ် ၃၀ ဂရန်ချပေးထားပြီး လွှဲပြောင်းမရ၊ ပေါင်နှံမရလို့ ရေး ထားတယ်။ အဲဒီစာပိုဒ်လေးအစား ပေါင်နှံခွင့်၊ လွှဲပြောင်းခွင့်ရှိတယ် လို့ ထည့်ပေးဖို့ ဝန်ကြီးဌာနဆီ တင်ပြဖူးတယ်’’ဟု ဒေါက်တာမြင့်စိန် က ဆိုသည်။
အဆိုပါကိစ္စကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနသို့ ၂၀၁၆ ဇူလိုင် ၂၆ ရက်တွင် တင်ပြထားရာ မကြာမီ အ ကြောင်းပြန်နိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးထွန်းဝင်းမြင့်က ပြော ကြားသည်။
‘‘လယ်လုပ်ခွင့်ပေးတဲ့ ပုံစံ (၇)နဲ့ မွေးမြူရေးလုပ်လို့ပေးတဲ့ လန(၃၉) မတူညီတာပေါ့။ စာသားပြင်ပေးဖို့ရာ ပြည်ထောင်စု ဝန်ကြီးနဲ့ တိုင်းဒေသကြီးအစိုးရ တွေဆီ တင်ပြထားပါတယ်။ လယ် မြေက ရောင်းချလို့ရတယ်။ လွှဲပြောင်းလို့ ရတယ်။ မွေးမြူရေး မြေက ရောင်းလို့၊ ပေါင်လို့ မရ ဘူး’’ဟု ဦးထွန်းဝင်းမြင့်က ပြော ကြားသည်။
တစ်နိုင်ငံလုံးတွင် ငါးမွေးမြူ ရေးကန်ဧက နှစ်သိန်းကျော်နှင့် ပုစွန်မွေးမြူရေးကန်ဧက နှစ်သိန်း ကျော်ရှိရာ လယ်ယာမြေပေါ်၌ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့် တင်ပြထားသည့် မြေဧက တစ် သိန်းခန့် ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနမှ သတင်းရရှိသည်။
Credit: 7DayDaily