ငွေကြေးဈေးကွက်အတွင်း ဈေးကစားနေမှုကို အစိုးရက ထိန်းညှိလျက် ရှိသဖြင့် ငွေလဲနှုန်း တည်ငြိမ်လာပြီး အကျဘက်သို့ ဦးတည်လာ

ငွေကြေးဈေးကွက်အတွင်း ဈေးကစားနေမှုကို အစိုးရက ထိန်းညှိလျက် ရှိသဖြင့် ငွေလဲနှုန်း တည်ငြိမ်လာပြီး အကျဘက်သို့ ဦးတည်လာ - Property News in Myanmar from iMyanmarHouse.com
16 Jan 2017 10:28 am တွင် တင်ခဲ့သည်
2811 ကြိမ် ကြည့်ရှု့ပြီး
ငွေကြေးဈေးကွက်အတွင်း ဈေးကစားလိုသူများက စိတ်ကြိုက် လုပ်ဆောင်နေမှုကို အစိုးရက ထိန်းညှိဆောင်ရွက်လျက် ရှိသဖြင့် ငွေလဲနှုန်း တဖြည်းဖြည်း တည်ငြိမ်လာပြီး အကျဘက်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ဇန်န၀ါရီ ၁၃ ရက်က ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပသည့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

“ကျွန်တော်တို့ဆီမှာ ငွေလဲလှယ်နှုန်းမှာ ဒေါ်လာဈေး တအားမြင့်တက်တဲ့ဟာ တော်တော်လေး ကြုံရပါတယ်။ ကုန်ဈေးနှုန်းတက်သလို တစ်ဖက်ကှုာစသမအ ၀ယ်ဖို့ အခက်အခဲတွေ အများကြီးရှိတာ တွေ့ရပါတယ်။ ဒီဟာလည်း သမားရိုးကျဖြစ်တဲ့ အနေအထားလည်း မဟုတ်ပါဘူး။ လူတွေက ဈေးကစားတဲ့အနေ အထားဖြစ်နေတဲ့ အနေအထားပါ။ ကျွန်တော်တို့က ဒါကို ဘက်စုံထောင့်စုံက ဆောင်ရွက်ဖို့ ပထမတော့ ငွေကြေးရရှိရေးဆိုင်ရာ အဖွဲ့ကို တာဝန်ပေးပြီးတော့ ဆွေးနွေးပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး လုပ်နေရင်းနဲ့လည်း တက်နေတာပါပဲ” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ဗဟိုဘဏ် စသည်ဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ငွေကြေးဈေးကစားမှုများကို ထိန်းညှိဆောင်ရွက် ပေးနေသည့်အတွက် လက်ရှိအချိန်၌ ငွေလဲနှုန်း ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

“ဒီလိုပြန်ကျလာတဲ့ အနေအထားကို လွှတ်ထားပေးလိုက်လို့ မရဘူး။ ဈေးကစားချင်တဲ့ သူတွေက စိတ်ကြိုက်လုပ်နေတဲ့ အနေအထားကို ကျွန်တော်တို့က တတ်နိုင်သလောက် ဈေးကွက်စီးပွားရေးကိုလည်း မထိခိုက်အောင် တစ်ဖက်ကလည်း မဖြစ်သင့်တာ မဖြစ်အောင် ထိန်းညှိတဲ့အနေနဲ့ အပတ်စဉ် ဆွေးနွေးနေတဲ့အတွက် အခုဆို တဖြည်းဖြည်း တည်ငြိမ်လာပြီး ကျတဲ့ဘက်ကို ရောက်လာပြီ” ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

မြန်မာကျပ်ငွေ တန်ဖိုးသည် ၂၀၁၆ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အဆိုပါ နိုင်ငံခြား ငွေကြေးလဲလှယ်နှုန်းများ မြင့်တက်နေခြင်း အခြေအနေသည် မြန်မာ့စီးပွားရေး ကဏ္ဍအပေါ် ထိခိုက်စေမှုများ ဖြစ်ပေါ်စေလျက်ရှိပြီး ပြည်တွင်းအထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည် ဖြစ်သဖြင့် ငွေလဲနှုန်းများ ပြန်လည်တည်ငြိမ် လာစေရေးအတွက် ကုန်သည်စက်မှု အသင်းချုပ်မှ နိုင်ငံတော်အစိုးရသို့ အကြံပြုအစီရင်ခံစာ ပေးပို့ခဲ့သည်။

ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ်လာဈေး နေ့စဉ်အတက်အကျများဖြင့် မတည်မငြိမ် ဖြစ်ပေါ်နေပြီး ပြည်တွင်း ဈေးကွက်တွင်လည်း သက်ရောက်မှုများ ရှိနေသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်၌ ဒေါ်လာဈေး စံချိန်တင်နှုန်းအဖြစ် ၁၄၃၈ ကျပ်အထိ အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ဇန်န၀ါရီ ၃ ရက်နှင့် ၆ ရက်တို့တွင် တစ်ဒေါ်လာ ကျပ် ၁၃၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။

ဇန်န၀ါရီ ၁၂ ရက်တွင် နိုင်ငံခြားငွေလဲ နှုန်း တစ်ဒေါ်လာ ကျပ် ၁၃၆၀ အောက် ပြန်လည်ကျဆင်းလာခဲ့သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service