အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းဖွင့်ထားသူများကို အစဉ်လိုက် အိမ်ရာ ရောင်းချခြင်းက အမှန်တကယ် နေထိုင်လိုသူထံ ရောက်သည့် နည်းလမ်းဖြစ်ဟုဆို

အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းဖွင့်ထားသူများကို အစဉ်လိုက် အိမ်ရာ ရောင်းချခြင်းက အမှန်တကယ် နေထိုင်လိုသူထံ ရောက်သည့် နည်းလမ်းဖြစ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
16 Jan 2017 9:54 am တွင် တင်ခဲ့သည်
1919 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးတွင် ဘဏ်စာ ရင်း ဖွင့်လှစ်ထားသူများကို စီနီ ယာနံပါတ်အလိုက် တန်ဖိုးနည်း အိမ်ရာများရောင်းချခြင်းက အိမ်ခန်း အမှန်တကယ် ၀ယ်လိုသူ လက်ထဲ ရောက်ရှိသည့်နည်းလမ်း ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမင်းထိန်က ပြောသည်။

‘‘ဒီစနစ်က အဂတိလိုက်စား မှုမရှိနိုင်ဘူး။ ဘဏ်မှာ အရင်ဆုံး ငွေစာရင်းလာဖွင့်တဲ့သူတွေ စီနီယာအလိုက်စီပြီး နံပါတ်စဉ်အ လိုက် ရောင်းပေးတယ်။ ဘဏ်က နေစာရင်းကို သေချာပြုစု လုပ် ကိုင်တာဖြစ်တဲ့အတွက် အမှားအ ယွင်းမရှိဘူး။ ပိုပြီးသေချာခိုင်မာတယ်’’ဟု ဦးမင်းထိန်က ပြော သည်။

ပြီးခဲ့သည့် အစိုးရလက် လက်က အိမ်ရာဝယ်ယူလိုသူများ ကို မဲဖောက်ရောင်းချသည့်စနစ် သည် အမှန်တကယ်ဝယ်ယူလိုသူ နေထိုင်လိုသူများအတွက် အခန်း ရရှိရန် မသေချာသောကြောင့် ယခုစနစ်သည် ပိုမိုအားသာပြည့်စုံ ကြောင်း ဇန်န၀ါရီ ၁၂ ရက်က ဒဂုံ ဆိပ်ကမ်းမြို့နယ်တွင် ကနောင် နှင့် ယုဇနတိုက်ခန်း ၀ယ်ယူခွင့်ရရှိ သူများနှင့် တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ခြင်းဖြစ် သည်။

‘‘ဒီစနစ်က ပြည်သူတွေအ နေနဲ့ ငွေကိုစနစ်တကျစုဆောင်း တတ်တဲ့ အကျင့်ဖြစ်သွားတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။ ဇန်န၀ါရီ ၁၁ ရက်က လှိုင် သာယာမြို့နယ် ရွှေလင်ဗန်းအိမ် ရာ ၀ယ်ယူခွင့်ရရှိသူများနှင့် မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး အိမ်ရာများနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို ထုတ်ပြန်ကြေညာ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ အိမ်ရာဝယ်ယူခွင့်စာအုပ် (Housing Saving) အတွက် အ ကောင့်ဖွင့်လှစ်မှုကို ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ပြီးခဲ့သည့် သြဂုတ် ၁ ရက်က စတင်ပြုလုပ်ပေးခဲ့ရာ ငွေစုစာအုပ် ငါးထောင်ခန့်အထိရှိပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ ဘဏ်စာရင်းများထဲ မှာ တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင် သည့် ငွေစာရင်း ၃၀ ရာခိုင်နှုန်း စုဆောင်းထားနိုင်သူ ၁,၃၀၀ ကျော်အား အသုတ်လိုက်ခွဲပြီး စတင်ရောင်းချပေးခြင်း ဖြစ်သည်။

ရောင်းချရာတွင်လည်း အ စိုးရ၀န်ထမ်း၊ အငြိမ်းစား၊ ပုဂ္ဂလိ က ကုမ္ပဏီဝန်ထမ်း၊ သာမန်ပြည် သူဟူ၍ ခွဲခြားကာ ၎င်းတို့ရရှိသည့် ၀င်ငွေအပေါ်မူတည်ပြီး လစဉ်ငွေ ပေးသွင်းရမည့် ပမာဏကိုတွက် ချက်ကာ အရစ်ကျရောင်းချပေး နေခြင်း ဖြစ်သည်။

လက်ရှိတွင် မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက် လုပ်ပြီးစီးသော ယုဇနအိမ်ရာမှ ၂၀၅ ခန်း၊ ကနောင်အိမ်ရာမှ အခန်း ၈၀ နှင့် ရွှေလင်ဗန်းအိမ်ရာမှ အခန်း ၂၄၀ ကျော်ကို ဘဏ်စာရင်းဖွင့်လှစ်ထားသူများအား စတင်ရောင်းချနေပြီ ဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service