ဒေါ်နယ်ထရန့်ရဲ့ မူဝါဒတွေနဲ့ Brexit တို့လိုမသေချာမရေရာမှုတွေ ရှိပေမယ့် ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုရှိမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း

ဒေါ်နယ်ထရန့်ရဲ့ မူဝါဒတွေနဲ့ Brexit တို့လိုမသေချာမရေရာမှုတွေ ရှိပေမယ့် ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုရှိမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
13 Jan 2017 11:28 am တွင် တင်ခဲ့သည်
925 ကြိမ် ကြည့်ရှု့ပြီး
ယခုနှစ် ၂၀၁၇ ခုနှစ်အတွင်းမှာတော့ ကမ္ဘာ့စီးပွားရေးပိုင်းနဲ့
ပတ်သက်လို့ တစ်နှစ်တာတိုးတက်မှုနှုန်း ၂ ဒသမ ၇ ရာခိုင်နှုန်း
ရှိမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရာ အလားအလာ
GEP အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဘက်ကို
တိမ်းနိုင်မယ့် ဒေါ်နယ်ထရန့်ရဲ့ Brexit တို့လို မသေချာ မရေရာမှု
အခြေအနေတွေ ရှိနေပေမယ့်လည်း ကမ္ဘာ့စီးပွားရေးပိုင်းမှာတော့
အသင့်အတင့်တိုးတက်မှု ရှိနိုင်မယ်လို့ ခန့်မှန်းလိုက်တာဖြစ်ပါတယ်။

ယင်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာတော့ အထက်ပါ မသေချာ
မရေရာမှုတွေနဲ့အတူ ဘဏ္ဍာရေးဈေးကွက်မတည်ငြိမ်မှုတွေက
ယခုနှစ်ရဲ့ ကာလတု တိုးတက်နိုင်မှုအပေါ် ထိခိုက်နိုင်စရာ ရှိပေမယ့်
ဒေါ်နယ်ထရန့်အစိုးရရဲ့ ကတိပြုထားတဲ့ မူဝါဒတွေကြောင့်
ယင်းအခြေအနေတွေကို ထေကာမိစေနိုင်တယ်လို့လည်း
ပါရှိပါတယ်။

မကြာခင် အမေရိကန်သမ္မတဖြစ်လာတော့မယ့် ဒေါ်နယ်ထရန့်
ကတော့ ၎င်းအနေနဲ့ ငွေရေးကြေးရေးဆိုင်ရာ တိုးချဲ့မူဝါဒတွေကို
ချမှတ်မယ်လို့ ကတိပြုထားခဲ့ပြီး ယင်းတို့ထဲမှာတော့ အခွန်
အကောက်တွေ ဖြတ်တောက်လျှော့ချတာနဲ့ အခြေခံအဆောက်
အအုံပိုင်းမှာ တိုးမြင့်သုံးစွဲသွားမယ့် အစီအစဉ်တွေ
ပါဝင်နေပါတယ်။

" ဘာလို့လဲဆိုတော့ အမေရိကန်ရဲ့ အခြေအနေက ကမ္ဘာ့
စီးပွားရေးပိုင်းမှာ ကောင်းစွာသက်ရောက်နေပါတယ်၊
မူဝါဒဦးတည်ချက်တွေအပြောင်းအလဲဖြစ်လာမယ်ဆိုရင်
ကမ္ဘာကြီးအတွက်လည်း သက်ရောက်မှုရှိပါမယ်၊ အမေရိကန်
တို့ရဲ့ တိုးချဲ့မူဝါဒတွေက နိုင်ငံကိုရော ပြည်ပကိုပါ အနီးအနား
ကာလတစ်ခုမှာ တိုးတက်မှုတွေ အားကောင်းစေနိုင်ပါလိမ့်မယ်"
လို့ ယင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service