စပေါ်ငွေနဲ့ အိမ်ငှားတာတွေ ပြန်ခေတ်စားလာ

စပေါ်ငွေနဲ့ အိမ်ငှားတာတွေ ပြန်ခေတ်စားလာ - Property News in Myanmar from iMyanmarHouse.com
13 Jan 2017 10:00 am တွင် တင်ခဲ့သည်
1623 ကြိမ် ကြည့်ရှု့ပြီး
တိုက်ခန်းတွေ၊ လုံးချင်းအိမ်တွေကို လပြတ်ငှားတာတွေ စပေါ်ငွေတင်ပြီး ငှားရမ်းတာတွေ အခု ပြန် ခေတ်စားလာပါတယ်။

တိုက်ခန်း လပြတ် ငှားတာတွေဆိုရင် အနည်းဆုံး တစ်လကို ကျပ် ၁၀၀၀၀၀ ကနေ ကျပ် ၂၀၀၀၀၀၀ ကျော် အထိ ရှိပြီး ခြောက်လ၊ တစ်နှစ်စာ ပေးရတာလည်း ရှိသလို တစ်လချင်း ပေးရတာလည်း ရှိပါ တယ်။ စပေါ်တင်ပြီး ငှားတာတွေက စပေါ်များများ တင်နိုင်လေ အိမ်ငှားခ သက်သက်သာသာ ရနိုင် လေ ဖြစ်တာကြောင့် အိမ်ငှားရမ်းသူတွေက လပြတ်ငှားတာတွေထက် စပေါ်ငွေတွေ တင်ပြီး အိမ်ငှား လာတာ ပိုများလာတာ ဖြစ်ပါတယ်။

‘အခု အိမ်ငှားတဲ့ သူတွေက အပြတ်တင်ပြီး ငှားတာ နည်းပါတယ်၊ ဘာလို့လဲ ဆိုတော့ အပြတ်တင်ပြီး ငှားတယ်ဆိုရင် လပြည့်ရင် တစ်ခါ ပြန်ပြီး ငွေရှာ ပြန်တင်ရမယ်၊ စပေါ်ငွေနဲ့ ငှားတာကတော့ အိမ်မှာ မနေချင်လို့ ထပ်ပြောင်းရင်လဲ အဆင်ပြေစေနိုင်တယ်၊ ပြီးတော့ အိမ်ငှားခကလဲ တစ်လချင်း ပေးရတာ ဆိုတော့ ပိုပြီးတော့ ငှားတဲ့သူတွေ အတွက် အဆင်ပြေနိုင်တယ်’ လို့ သင်္ဃန်းကျွန်းမြို့နယ်က အိမ်ပိုင် ရှင် တစ်ဦးဖြစ်သူ ဒေါ်လှမြင့်ဌေးက ပြောပါတယ်။

ငွေကြေးတတ်နိုင်သူတွေက စပေါ်ငွေ အများကြီး ပေးကြပြီး အိမ်ငှားခ သက်သက်သာသာနဲ့ ငှားရမ်း နေထိုင်ကြသလို လုပ်ငန်း လုပ်ကိုင်တာတွေလည်း ရှိလာပါတယ်။ စပေါ်ငွေကို ကျပ်သိန်း ၈၀ ကျော် ၉၀ လောက်တင်ထားတဲ့ သူတွေကို တစ်ချို့ အိမ်ပိုင်ရှင်တွေက အိမ်ငှားခ မပေးဘဲ နေခိုင်းတာတွေ လည်း ရှိပါတယ်။

အိမ်ရှင် တွေအနေနဲ့ စပေါ်ငွေတွေကို စီးပွားရေးလုပ်ဖို့ တင်ခိုင်းကြတာ ဖြစ်ပါတယ်။ ကန်ထရိုက် ပေးတဲ့ သူတွေကလည်း စပေါ်ငွေတင်ပြီး အိမ်ငှားရမ်းတာတွေကို လုပ်လာကြပါတယ်။ အိမ်တွေကို စပေါ်ပေးပြီး ငှားရမ်းတာတွေက ကြားခံပွဲစားတွေကို တစ်ကြိမ်သာ ပွဲစားခ ပေးရတာဖြစ်လို့ အိမ်ငှား သူတွေရော အိမ်ရှင်တွေ အတွက်ပါ အဆင်ပြေတယ်လို့ သိရပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service