တတိယမြောက်မြို့နယ်အဖြစ် ဒဂုံမြောက်ပိုင်းမြို့နယ်တွင် ကျူးကျော်စာရင်း စတင်ကောက်ယူ

တတိယမြောက်မြို့နယ်အဖြစ် ဒဂုံမြောက်ပိုင်းမြို့နယ်တွင် ကျူးကျော်စာရင်း စတင်ကောက်ယူ - Property News in Myanmar from iMyanmarHouse.com
12 Jan 2017 10:13 am တွင် တင်ခဲ့သည်
1397 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်း ကျူးကျော်စာရင်း ကောက်ယူမှု တတိယမြောက်မြို့နယ်အဖြစ် ဒဂုံမြောက်ပိုင်းမြို့နယ်တွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒဂုံမြောက်ပိုင်းမြို့နယ်တွင် ရပ်ကွက် ၂၀ အတွင်းရှိ ကျူးကျော်များအား အဖွဲ့လေးဖွဲ့ခွဲကာ ဇန်န၀ါရီ ၉ ရက်မှစ၍ စာရင်းကောက်ယူမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“စာရင်းကောက်တဲ့နေရာမှာ ရပ်ကွက်အပိုင် အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းက သူတို့နေထိုင်ရာ ရပ်ကွက်မှာ ဘယ်သူက ကျူးကျော်တယ်။ ဘယ်သူက မကျူးကျော်ဆိုပြီး နေအိမ်အမျိုးအစားကို သတ်မှတ်ပြီးတော့ စာရင်းယူပြီးတော့ စလစ်တွေကိုပေးတယ်။ အဲဒီကပေးလာတဲ့ စလစ်စာရွက်တွေနဲ့ သတ်မှတ်ထားတဲ့နေရာမှာ ကျူးကျော်စလစ်ရတဲ့သူတွေက လာရောက်ပြီး စာရင်းရေးသွင်းရတယ်။ သတ်မှတ်ထားတဲ့ ၂၀၁၅ ခုနှစ် ငါးလပိုင်း ၂၅ ရက်နောက်မှလာတဲ့ ကျူးတွေကိုတော့ ကျူးစာရင်းအဖြစ် မသတ်မှတ်တော့ဘူး။ အချို့ကြတော့ ကိုယ်ပိုင်ခြံတွေရှိတယ်။ ကိုယ်ပိုင်အထောက်အထား ပြည့်စုံစွာရှိနေရဲ့သားနဲ့ ကျူးစာရင်းစလစ်တွေ ရလာတယ်။ ဒါတွေကို စစ်ရတဲ့အခါ အများကြီးပေါ်လာတယ်။ လယ်ပိုင်ရှင်တွေကတော့ လယ်ပိုင်ရှင်လို့ပဲ အမည်ခံမယ်၊ ကျူးစာရင်းလို့ အမည်မခံဘူးဆိုပြီးတော့ ကျူးစာရင်းမသွင်းဘူးဆိုတဲ့ သူတွေလည်းရှိတယ်။ မိမိကိုယ်တိုင် ကျူးမှာမနေဘဲနဲ့ အောက်ခြေကနေ ပေးလိုက်တဲ့ စလစ်တွေနဲ့ ထပ်လာပြီးတော့မှ ၀င်လာတဲ့ဟာတွေရှိတယ်။ မိသားစုတစ်အိမ်ထဲမှာ ငါးဦးရှိပြီးတော့ စလစ်သုံးခုရတာတွေရှိတယ်။ အဖီဆွဲပြီးတော့ စလစ်ယူထားတာတွေရှိတယ်။ အချို့ကျူးမဟုတ်ဘဲနဲ့ ကျူးဆိုပြီး ၀င်လာတာရှိတယ်။ ဆိပ်ကမ်းမြို့နယ်မှာ ကျူးကျော်နေထိုင်သူ ၁၅၀၀၀ ကျော်စာရင်းကောက် ပြီးသွားပြီ” ဟု ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူရေး စီမံချက်တွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ ဦးမြင့်စိုးက ပြောကြားသည်။

“လက်ရှိမြောက်ဒဂုံမှာ ရပ်ကွက် ၂၀ ကောက်မှာဖြစ်တယ်။ ကောက်တဲ့နေရာမှာ Target ထားထားတာက သုံးထောင်အထိပဲဖြစ်တယ်။ လက်ရှိအိမ်ထောင်စုက ၉၄၃ အိမ်ထောင်စုပြီးသွားပြီ။ လူဦးရေဆိုရင် ၃၄၄၅ ဦး အထိ ပြီးသွားပါပြီ။ စာရင်းကောက်ယူတဲ့အဖွဲ့က အားလုံးရှစ်ဖွဲ့ ရှိပါတယ်။ မြောက်ဒဂုံမှာ လေးဖွဲ့၊ ရွာသာကြီးမှာ နှစ်ဖွဲ့၊ အရှေ့ဒဂုံမှာ နှစ်ဖွဲ့ ဖြစ်ပါတယ်။ တချို့တွေက အမှန်အတိုင်း မပြောတာတွေလည်းရှိတယ်။ အခုစာရင်းကောက်တာနဲ့လည်း မပြီးသေးပါဘူး။ အစိုးရအဖွဲ့က ဆင်းပြီးစစ်ဦးမှာ” ဟု စေတနာ့ဝန်ထမ်း မနန္ဒာဝင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်း ကောက်ယူမှု ဒုတိယမြို့နယ်အဖြစ် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က စတင်ကောက်ယူခဲ့ပြီး ကျူးကျော်ဦးရေ ၁၆၀၀၀ အထိကောက်ယူ ရရှိခဲ့ကြောင်း သိရသည်။

ကျူးကျော်စာရင်း ကောက်ယူမှု၏ ပထမဆုံး Pilot Project အနေဖြင့် စက်တင်ဘာ ၂ ရက်မှ ၂၀ ရက်အထိ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် စတင်ကောက်ယူခဲ့ရာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများနှင့် ကျူးကျော်အသစ် ထပ်မံတိုးပွားလာသည့် အခြေအနေများ၊ အချို့ချမ်းသာသည့် ပုံသဏ္ဍာန်ရှိသူများက ကျူးကျော်အဖြစ် လာရောက်စာရင်းပေးသွင်းမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဒဂုံတောင်မြို့နယ်၌ ကျူးကျော်စာရင်း ကောက်ယူခဲ့ရာ ကျူးကျော်အိမ်ထောင်စု ၅၅၉၁ စု၊ ဦးရေ ၂၂၃၂၆ ဦး စာရင်းကောက်ယူရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်း ကောက်ယူမှု စီမံချက်အနေဖြင့် အရှေ့ပိုင်းခရိုင်တွင် ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ မြောက်ဥက္ကလာပ၊ သာကေတမြို့နယ်များတွင် လည်းကောင်း၊ အနောက်ပိုင်းခရိုင်တွင် မရမ်းကုန်းနှင့် အလုံမြို့နယ်များ၌ လည်းကောင်း၊ တောင်ပိုင်းခရိုင်တွင် သန်လျင်၊ ကျောက်တန်း၊ ဒလမြို့နယ်များ၌ လည်းကောင်း၊ မြောက်ပိုင်းခရိုင်တွင် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များ၌ ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေး သုတေသနစီမံကိန်း၊ ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူရေး စီမံချက်အား ၂၀၁၆ စက်တင်ဘာမှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်မတ်လတွင် ပြီးဆုံးမည်ဖြစ်ကြောင်းလည်း သိရသည်။

Credit: Eleven Media Group
တတိယမြောက်မြို့နယ်အဖြစ် ဒဂုံမြောက်ပိုင်းမြို့နယ်တွင် ကျူးကျော်စာရင်း စတင်ကောက်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service