ပြည်တွင်း ကုမ္ပဏီများကို အဆင့်သတ်မှတ်မည်

ပြည်တွင်း ကုမ္ပဏီများကို အဆင့်သတ်မှတ်မည် - Property News in Myanmar from iMyanmarHouse.com
12 Jan 2017 9:49 am တွင် တင်ခဲ့သည်
590 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ထွက်ရှိပြီးပါက ကုမ္ပဏီများ၏ လုပ်ဆောင်ချက်များအလိုက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက အဆင့်သတ်မှတ်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ကုမ္ပဏီများ၏ အဆင့် သတ်မှတ်မှုကို ဥပဒေထဲတွင် ထည့်သွင်း ရေးဆွဲထားခြင်း မရှိသော်လည်း အစီအစဉ် သီးသန့်အဖြစ် စာရင်း ကောက်ခံသွားမည်ဖြစ်ပြီး အဆင့် သတ်မှတ်ရာတွင်လည်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ စာရင်းများအပြင် ဥပဒေပိုင်းဆိုင်ရာများကိုပါ လေ့လာ သုံးသပ်၍ သတ်မှတ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“ဥပဒေစည်းမျဉ်းစည်းကမ်း လိုက်နာမယ်။ အခွန်ရှောင်တာ၊ လျှော့ဆောင်တာ မလုပ်ဘူး။ လစဉ် Report တွေ ပေးတယ်။ နာမည်ပျက်စာရင်းလည်း မရှိဘူးဆိုရင် အဲဒီကုမ္ပဏီကို 5 Star ပေးမယ်။ သူ့ထက် တစ်ဆင့်နိမ့်ရင်
4 Star သတ်မှတ်မယ်။ အဲ့လိုမျိုး အဆင့်သတ်မှတ်ပေးမယ် ဆိုရင် ကုမ္ပဏီတွေရဲ့အဆင့်ကိုကြည့်ပြီး ရင်းနှီးမြှုပ်နှံချင်သူတွေ များလာမယ်။ ယုံကြည်သူတွေ များလာမယ်”ဟု ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ရှင်းပြ ပြောဆိုသည်။

ထိုသို့ အဆင့် သတ်မှတ်ပေးခြင်းကြောင့် ဘဏ်လုပ်ငန်းများ အနေနှင့် ငွေချေးရာတွင် ပိုမို စိတ်ချရမည်ဖြစ်ပြီး လက်ရှိတွင် ထိုကဲ့သို့ အဆင့် သတ်မှတ်ချက်များ မရှိသည့်အတွက် ကုမ္ပဏီများ၏ အချက်အလက်ကို လိုက်လံ ရှာဖွေစိစစ်ကာ ငွေချေးနေရကြောင်း ဘဏ်လုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။

“နောက်ပိုင်းဆိုရင် ပြည်တွင်းမှာ လာဖွင့်တဲ့ နိုင်ငံခြားဘဏ်တွေက ကုမ္ပဏီတွေကို ငွေချေးခွင့်ရတဲ့အခါ ဒီလိုအဆင့် သတ်မှတ်ချက်တွေ လုပ်ပေးထားတော့ အတိုးနှုန်းက နည်းနည်း သက်သာတဲ့ နှုန်းထားနဲ့ ရနိုင်တယ်။ နိုင်ငံအဆင့် သတ်မှတ်ချက်တို့၊ ခရက်ဒစ်ဗျူရိုတို့သာ ဆက်လုပ်နိုင်ရင် ပိုကောင်းတယ်။ နိုင်ငံတကာမှာလည်း ဂုဏ်သိက္ခာ ရှိတယ်”ဟု ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောဆိုသည်။

နိုင်ငံတကာတွင် ကုမ္ပဏီ ပုံရိပ် ကောင်းပြီး အခွန်အများဆုံး ပေးဆောင်သည့် လုပ်ငန်းများကို အဆင့် “A” အဖြစ် သတ်မှတ်ကြပြီး ပြည်တွင်း၌ ယင်းကဲ့သို့ သတ်မှတ်ခြင်းသည် အများပိုင် ကုမ္ပဏီများအတွက် အလားအလာ ပိုမို ကောင်းမွန်ကြောင်း၊ ရှယ်ယာများ ရောင်းချရာတွင် လည်း ယခင်ကထက် ပြည်သူလူထူ၏ ယုံကြည်မှုကို ရရှိစေမည် ဖြစ်ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် ဦးထွန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကို ယခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့၌ ပြည်သူ့ လွှတ်တော်သို့ တင်ပြထားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service