အမေရိကတွင် လာမည့် ၅ နှစ်အတွင်းအလုပ်အကိုင်နေရာတစ်သန်းဖော်ဆောင်ရန် တရုတ်အချမ်းသာဆုံးစာရင်းဝင်သူဌေးကြီးဂျက်မဒေါ်နယ်ထရမ့်အားကတိပြု

အမေရိကတွင် လာမည့် ၅ နှစ်အတွင်းအလုပ်အကိုင်နေရာတစ်သန်းဖော်ဆောင်ရန် တရုတ်အချမ်းသာဆုံးစာရင်းဝင်သူဌေးကြီးဂျက်မဒေါ်နယ်ထရမ့်အားကတိပြု - Property News in Myanmar from iMyanmarHouse.com
11 Jan 2017 11:45 am တွင် တင်ခဲ့သည်
4973 ကြိမ် ကြည့်ရှု့ပြီး
တရုတ်အချမ်းသာဆုံးစာရင်းဝင် သူဌေးကြီးဂျက်မသည် ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးခဲ့ရာတွင် အမေရိက၌ လာမည့် ၅ နှစ်အတွင်း အလုပ်အကိုင်နေရာပေါင်း တစ်သန်း ဖော်ဆောင်ရန်အတွက် ကတိပြုခဲ့သည်ဟု CNBC သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သူဌေးကြီးဂျက်မသည် ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့သော်လည်း Forbes မဂ္ဂဇင်းကြီး၏ မကြာသေးမီက ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၂၀ ဦးစာရင်းတွင် ဒုတိယနေရာသို့ ကျဆင်းသွားသည်ကို တွေ့ရပြီး ပထမနေရာတွင် အိမ်ခြံမြေ သူဌေးကြီးဝမ်ကျန်းလင် ရပ်တည်လျက်ရှိသည်။

ဒေါ်နယ်ထရမ့်က ပြောကြားရာတွင် ၎င်းသည် အလီဘာဘာ e-commerce အုပ်စု၏ အမှုဆောင်ဥက္ကဌ ဂျက်မနှင့် အလွန်ကောင်းမွန် သည့်တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး အမေရိကတွင် အလုပ်အကိုင်နေရာသစ်ပေါင်း တစ်သန်းဖော်ဆောင်ရန် ဆွေးနွေးခဲ့ ကြသည်ဟု အတည်ပြု ပြောကြားသည်။

ဂျက်မ၏ Alibabaကုမ္ပဏီမှာ အင်တာနက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းဖြစ်ပြီး ယခုအခါတွင် အထည်အလိပ်၊ ဝိုင်နှင့် သစ်သီးဝလံ ထုတ်ကုန်များနှင့် စပ်လျဉ်းပြီး ဈေးကွက် ချဲ့ထွင်သွားမည်ဖြစ်ကာ အမေရိကနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ကုန်သွယ်မှုကို အထူးပြုသွားမည်ဟု ဆိုသည်။

“အမေရိကရဲ့ အနောက်အလယ်ပိုင်းမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းငယ်လေးတွေ တစ်သန်းကို အကူအညီပေးဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန် လယ်သမားတွေနဲ့ စီးပွားရေး လုပ်ငန်းငယ်တွေဟာ အလီဘာဘာ ပလက်ဖောင်းကနေ တစ်ဆင့် အမေရိကန်ကုန်စည်တွေကို တရုတ်နဲ့ အာရှစားသုံးသူတွေထံ အရောက်ပို့နိုင်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်”ဟုဂျက်မကပြောကြားသည်။

ဂျက်မနှင့် ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် အလီဘာဘာ၏ ရှယ်ယာတန်ဖိုးများ တစ်ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။ ဂျက်မနှင့် ဒေါ်နယ်ထရမ့်တို့သည် နယူးယောက်ရှိ ထရမ့်တာဝါတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဂျပန်နည်းပညာကုမ္ပဏီ Softbank ကလည်း ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံပြီးနောက်ပိုင်း အမေရိကတွင် အလုပ်အကိုင်နေရာ ၅၀၀၀၀ ဖန်တီးပေးမည်ဟု ကတိကဝတ် ပြုထားသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကတွင် လာမည့် ၅ နှစ်အတွင်းအလုပ်အကိုင်နေရာတစ်သန်းဖော်ဆောင်ရန် တရုတ်အချမ်းသာဆုံးစာရင်းဝင်သူဌေးကြီးဂျက်မဒေါ်နယ်ထရမ့်အားကတိပြု - Property News in Myanmar from iMyanmarHouse.com
အမေရိကတွင် လာမည့် ၅ နှစ်အတွင်းအလုပ်အကိုင်နေရာတစ်သန်းဖော်ဆောင်ရန် တရုတ်အချမ်းသာဆုံးစာရင်းဝင်သူဌေးကြီးဂျက်မဒေါ်နယ်ထရမ့်အားကတိပြု - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service