ခွင့်ပြုခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀၀ ရှိပြီဟုဆို

ခွင့်ပြုခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀၀ ရှိပြီဟုဆို - Property News in Myanmar from iMyanmarHouse.com
10 Jan 2017 10:57 am တွင် တင်ခဲ့သည်
1006 ကြိမ် ကြည့်ရှု့ပြီး
ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အရ ဇန်န၀ါရီလ ပထမပတ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀၀ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာသန်းပေါင်း ၃၀၃၃ ဒသမ ၀၅၈ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ
သန်းပေါင်း ၄၃၇၂ ဒသမ ၄၉၅ ရှိခဲ့ကြောင်း ဒီဇင်ဘာလ ၉ရက်ကရင်း နှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကသိရသည်။

ဇန်န၀ါရီလ ၆ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး ၁/၂၀၁၇ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၁ခုကိုခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၂၆ ဒသမ ၁၁၅ သန်းနှင့်ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် ၁၄၈၁၅ခုကို ဖန်တီးပေးနိုင် ခဲ့ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောသည်။

“ခွင့်ပြုခဲ့တဲ့လုပ်ငန်း ၂၁ခုမှာ စက်မှုလုပ်ငန်း ၁၄ ခု၊ ပို့ဆောင်ရေးနဲ့ဆက် သွယ်ရေးလုပ်ငန်း တစ်ခု၊ မွေးမြူရေးနဲ့ရေလုပ်ငန်းနှစ်ခု၊ အခြားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍ နှစ်ခု၊ အိမ်ရာအ ဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှု လုပ်ငန်းတစ်ခု၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတစ်ခုတို့ကိုခွင့်ပြုပေး ခဲ့ပါတယ်။ ခွင့်ပြုခဲ့တဲ့ကုမ္ပဏီတွေထဲမှာစင်ကာပူနိုင်ငံကုမ္ပဏီတွေကတော့ အများဆုံးဖြစ်ပါတယ်”ဟု ယင်းကဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခုခွင့်ပြုခဲ့ ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၉၄၀သန်းအပါအ၀င် ကျပ် ၄၆၂ဘီလျံကျော်၊ ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် ၃၃၉ခုကိုဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ခွင့်ပြုခဲ့သောလုပ်ငန်းသုံးခုမှာ အိမ်ရာ အဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍလုပ်ငန်းတစ်ခု၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍလုပ်ငန်းတစ်ခုနှင့်အခြား ၀န်ဆောင်မှုလုပ်ငန်း တစ်ခုတို့ဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့မှုမှာလည်း ဇန်န၀ါရီလ ပထမပတ်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၀ခု၊ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၃၈ ဒသမ ၄၄၆အပါအ၀င် ကျပ် ၁၂၂၃ဘီလျံကျော်၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်းအပါအ၀င် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၂၉၄ဘီလျံကျော်ရင်းနှီးမြှုပ်နှံခဲ့ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲက သိရသည်။

Credit: PYI Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service