သုံးထပ်ခွဲမှ ရှစ်ထပ်ခွဲရှိ အဆောက်အအုံ ၃၀၀ ကျော်ကို အစိုးရသစ်လက်ထက် စတင်ခွင့်ပြု

သုံးထပ်ခွဲမှ ရှစ်ထပ်ခွဲရှိ အဆောက်အအုံ ၃၀၀ ကျော်ကို အစိုးရသစ်လက်ထက် စတင်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
10 Jan 2017 10:01 am တွင် တင်ခဲ့သည်
1417 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်း အထပ်နိမ့်၊ အထပ်မြင့် အဆောက်အအုံများ တည်ဆောက် ခွင့်ပြုရာတွင် သုံး ထပ်ခွဲမှ ရှစ်ထပ်ခွဲအထိ စုစုပေါင်း အလုံးရေ ၃၀၀ ကျော် ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

အစိုးရသစ် တက်လာပြီး နောက် ခြောက်လခန့် ခေတ္တရပ်ဆိုင်းခံရသည့် ရန်ကုန်မြို့ရှိ အထပ်မြင့်၊ အထပ်နိမ့် ဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးကို နိုဝင်ဘာဒုတိယပတ်၌ ပြန်လည်ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အလုံးရေနည်းပါးခြင်း ဖြစ်သည်။

ပြန်လည်ခွင့်ပြုပေးရာတွင် ယခင်အစိုးရလက်ထက်က တည်ဆောက်ရန် ခွင့်ပြုမိန့်တင်ခဲ့သည့် အမှုတွဲများကို ပြန်လည် ခွင့်ပြုမှု အများဆုံးပါဝင်ကြောင်း သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တစ်ခုလုံးတွင် ခြောက်လခန့် ခွင့်ပြုမိန့်တင်ခြင်းကို ရပ်ဆိုင်းထားသောကြောင့် နိုဝင်ဘာ နောက်ပိုင်း လာရောက်ပြီး အသစ်တည် ဆောက်ရန် ခွင့်ပြုမိန့်တင်မှုမှာ အရေအတွက် အနည်းငယ်သာ ရှိကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။

ယခင်က ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းများကို အသစ်တည်ဆောက်ရန် လာ ရောက်တင်ပြသည့် အ ဆောက်အအုံများနှင့် ဆောက်လုပ်ဆဲများကို မူအသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် အသစ်တည်ဆောက်ရန် လာရောက်တင်ပြသည့် အထပ်နိမ့်၊ အထပ်မြင့်အားလုံးကို မူအဟောင်း ဖြင့်သာ လက်ခံခွင့်ပြုပေးနေသည်ဟု ဆိုသည်။

အိမ်ခြံမြေဈေးကွက် သိသာစွာကျဆင်းလာခြင်း၊ အရောင်းအဝယ် နည်းပါးနေခြင်း၊ ကြိုပွိုင့် ဈေးကွက် ရပ်ဆိုင်း သွားခြင်းတို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှာ ယခင်ကကဲ့သို့ အရေအတွက် အမြောက်အမြား မတည်ဆောက်ရဲသည့် အခြေအနေဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆို သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service