ဒေါ်နယ်ထရမ့်၏သမီးနှင့်သားမက် ဝါရှင်တန်ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့တော့မည်

ဒေါ်နယ်ထရမ့်၏သမီးနှင့်သားမက် ဝါရှင်တန်ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့တော့မည် - Property News in Myanmar from iMyanmarHouse.com
9 Jan 2017 11:55 am တွင် တင်ခဲ့သည်
3504 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်သမ္မတအဖြစ်လာမည့် ဇန်နဝါရီ ၂၀ တွင် ကျမ်းသစ္စာကျိန်ဆိုမည့် ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်နှင့် သူ၏ခင်ပွန်း ဂျရက်ဒ် ကွတ်ရှ်နာတို့သည် ဝါရှင်တန်ဒီစီ၏ ဇိမ်ခံလူနေရပ်ကွက် ကာလိုရာမာရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့ရန် ပြင်ဆင်လျက်ရှိကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ်တွင် အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်သည်။
သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ ယင်းနေအိမ်သည် အိုဘားမားတို့မိသားစုအခြေချမည့်နေအိမ်နှင့် ဘလောက်နှစ်ခုခန့်သာ ကွာဝေးသည်ဟု ဆိုသည်။

အုတ်ဖြင့်ဆောက်လုပ်ထားသော နေအိမ်ဖြစ်ပြီး အဖြူရောင်ဖြစ်သည်။
ပြီးခဲ့သော ဒီဇင်ဘာလအတွင်း အဆိုပါနေအိမ်သည် ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟုဆိုသည်။

သို့ရာတွင် အိုင်ဗန်ကာတို့ဇနီးမောင်နှံသည် ယင်းနေအိမ်ကို ဝယ်ယူနေထိုင်ခြင်းဖြစ်သည် (သို့မဟုတ်) ငှားရမ်းနေထိုင်ခြင်း ဖြစ်သည်ဟူခြင်းကိုမူ အတိအကျ မသိရချေ။
အချို့ကမူ အိုင်ဗန်ကာတို့ ဝယ်ယူလိုက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

နောက်ဆုံးအရောင်းအဝယ်မှတ်တမ်းမှာ ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် ၅ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

၁၉၂၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမှ ပြန်လည်မွမ်းမံခဲ့သည်။
နေအိမ်အတွင်း သစ်မာသားများဖြင့် ကြမ်းခင်းပြုလုပ်ထားပြီး မီးလင်းဖို ၅ ခု ပါဝင်သည်။

နေအိမ်အတွင်းတွင် အိပ်ခန်း ၆ ခန်း ပါဝင်ခြင်းကြောင့် အိုင်ဗန်ကာတို့သည် ကလေး ၃ ဦးကိုပါ ခေါ်ဆောင်လာကာ အခြေချမည်ဟု ခန့်မှန်းကြသည်။
ကာလိုရာမာသည် စားသောက်ဆိုင်များ ပေါများသည့် ကွန်နက်တီကပ်ရိပ်သာလမ်းနှင့် ထိစပ်နေပြီး ဝါရှင်တန်ရှိ ပုဂ္ဂလိက သီးသန့်စာသင်ကျောင်းများနှင့်လည်း နီးကပ်စွာတည်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒေါ်နယ်ထရမ့်၏သမီးနှင့်သားမက် ဝါရှင်တန်ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့တော့မည် - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏သမီးနှင့်သားမက် ဝါရှင်တန်ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့တော့မည် - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏သမီးနှင့်သားမက် ဝါရှင်တန်ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့တော့မည် - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏သမီးနှင့်သားမက် ဝါရှင်တန်ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့တော့မည် - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏သမီးနှင့်သားမက် ဝါရှင်တန်ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့တော့မည် - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏သမီးနှင့်သားမက် ဝါရှင်တန်ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့တော့မည် - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏သမီးနှင့်သားမက် ဝါရှင်တန်ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့တော့မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service