ရွှေတန်ချိန်လိုက်ဝယ်ယူမည်ဆိုပါက ဈေးကွက်အနေအထားအရ မဖြစ်နိုင်သောကြောင့် သတိပြုကြရန် ရွှေအသင်းအတွင်းရေးမှူး အသိပေး

ရွှေတန်ချိန်လိုက်ဝယ်ယူမည်ဆိုပါက ဈေးကွက်အနေအထားအရ မဖြစ်နိုင်သောကြောင့် သတိပြုကြရန် ရွှေအသင်းအတွင်းရေးမှူး အသိပေး - Property News in Myanmar from iMyanmarHouse.com
9 Jan 2017 10:40 am တွင် တင်ခဲ့သည်
2209 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်နှင့် မန္တလေး ရွှေဈေးကွက်တွင် ရွှေတန်ချိန်လိုက်ဝယ်ယူမည်ဆိုကာ
ရွှေဆိုင်များနှင့် ရွှေရောင်းဝယ်သူများထံ ဆက်သွယ်မှုများ ရှိနေပြီး ဈေးကွက် အနေအထားအရ အဆိုပါကိစ္စမဖြစ်နိုင်ဘဲ သတိပြုကြရန် မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက အသိပေး ပြောကြားသည်။

“ဒီလို ရွှေဆိုင်တွေ၊ ရွှေရောင်းသူတွေဆီကို လိုက်ပြီး တန်ချိန်လိုက် ၀ယ်မယ်လို့ ပြောတာတွေက ဒီကအခြေအနေတွေအရ မဖြစ်နိုင်ဘူး။ ဘယ်ရွှေဆိုင်မှ ဒီလိုမရောင်းနိုင်ဘူး။ အဲဒီလောက် ပမာဏအများကြီး ရောင်းဝယ်ချင်တယ်ဆို သတ္တုတွင်းဌာနတို့၊ ဗဟိုဘဏ်တို့၊ တခြားရွှေတူးနေတဲ့ ကုမ္ပဏီကြီးတွေ တို့လိုဟာတွေမှာ ၀ယ်မှပဲရမယ်။ ဒီကိစ္စကနောက်က တစ်ယောက်ယောက်တော့ ရှိမှာဆိုတော့ သတိထားရမှာပေါ့။ ဈေးကွက်အနေအထားအရ ဘယ်ရွှေဆိုင်မှ ဒီလိုရောင်းနိုင်မှာ မဟုတ်ဘူး၊ ရောင်းမှာလည်း မဟုတ်ဘူး။ ဒီအရောင်းအ၀ယ်က ပြည်တွင်းရွှေဆိုင်တွေအတွက် မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောကြားသည်။

ရွှေတန်ချိန်လိုက် ၀ယ်ယူမည့်သူ၏ ပွဲစားများဟု မိတ်ဆက်သောသူများသည် ရန်ကုန်နှင့် မန္တလေးမှ ရွှေဆိုင်ကြီးများအပါအ၀င် ရွှေရောင်းဝယ်သူများထံ သွားရောက်ပြီး ရွှေတန်ချိန်ချီဝယ်ယူလိုကြောင်း၊ ရောင်းနိုင်သမျှ ရောင်းပေးပြီး ရောင်းနိုင်မည့်သူများနှင့် ထပ်မံဆက်သွယ်ပေးလိုကြောင်း၊ ၄င်းတို့၏ ၀ယ်လက်မှ ရွှေအများကြီးဝယ်လိုကြောင်း၊ ၀ယ်ယူချိန်တွင် ကြိုက်သည့်ပုံစံဖြင့် ငွေပေးချေမည်ဖြစ်ကြောင်းနှင့် ၄င်းတို့မှာ ၀ယ်ယူသည့် ပမာဏအလိုက် ပွဲစားခရရှိမည်ဖြစ်၍ လိုက်လံဝယ်ယူပေးနေခြင်းဖြစ်သည်ဟု ပြောကြားကြောင်း သိရသည်။

လက်ရှိ ရွှေဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းအရ ၁၆ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၅၀၀၀၀ ခန့်ရှိနေပြီး ရွှေတစ်ပိဿာလျှင် ကျပ်သိန်း ၈၅၀ ၀န်းကျင် ရှိမည်ဖြစ်သည်။ တစ်တန်လျှင် ၆၁၃ ဒသမ ၅ ပိဿာရှိပြီး လက်ရှိပေါက်ဈေးဖြင့် ရွှေတစ်တန် ၀ယ်ယူပါက တန်ဖိုးပမာဏ ကျပ် ၅၂၁၄၇၅ သိန်း (ကျပ် ၅၂ ဒသမ ၁၄ ဘီလျံ) ၀န်းကျင်ရှိမည် ဖြစ်သည်။

“သူတို့ပြောတာက ရွှေကိုတန်ချိန်လိုက် ၀ယ်မယ်၊ သူတို့က တိုက်ရိုက်မဟုတ်ဘူး ပွဲစားတွေ၊ အရောင်းအ၀ယ်ပမာဏရဲ့ သုံးရာခိုင်နှုန်းကို ပွဲစားတွေခွဲယူကြမယ်။ ရွှေကို အဲဒီလို အရောင်းအ၀ယ်ပမာဏမှာ ရာခိုင်နှုန်းနဲ့ ပွဲစားခယူမယ်ဆိုရင် အဲဒီရွှေအရင်းဈေးနဲ့ဘယ်လိုမှ အရောင်းအ၀ယ်လုပ်လို့မရဘူး။ တကယ့်ဈေးကွက်မှာ ရွှေအရောင်းအ၀ယ် လုပ်ရင်ရတဲ့အမြတ်က ၀ ဒသမ ၀၀၁ ရာခိုင်နှုန်းလောက်ပဲရှိတာပါ။ ရွှေသမားက ပွဲခအများကြီးမပေးနိုင်ပါဘူး၊ နောက်ပြီးတော့ ရောင်းကြေးနဲ့ ပွဲခမပေးဘဲ အရေအတွက်နဲ့ ပဲပေးတာပါ။ အခေါက်ရွှေ တစ်ကျပ်သားနှုန်း ကို အ၀ယ်အရောင်း ၁၀၀၀ ခွာပြီးရောင်း ၀ယ်နေရတာ၊ ဈေးပြောင်းမှ ဥပမာ ကျဈေးနဲ့ဝယ်ပြီး ဈေးတက်သွားမှ အရှုံးအမြတ်ပေါ်တာပါ။ သူတို့က သုံးရာခိုင်နှုန်း ပွဲခယူမယ်ဆို အဲဒီရွှေတန်ကြေးက တစ်ကျပ်သားမှာ ကျပ် ၂၅၀၀၀ ခွဲလောက် များသွားမယ်၊ ဘယ်လို ဆက်အရောင်းအ၀ယ်လုပ်မလဲ။ အတွေ့အကြုံရှိတဲ့ ရွှေဝယ်ရောင်းတွေကတော့ သိပါတယ်။ ဒါပေမဲ့ ရွှေအရောင်းအ၀ယ် ပုံစံသေချာမသိတဲ့၊ လောဘတက်မိတဲ့သူတွေအတွက် ဒါက အလိမ်ခံရနိုင်တဲ့ အန္တရာယ်ရှိပါတယ်” ဟု ရန်ကုန်မြို့ ရွှေဘုံသာလမ်းအခြေစိုက် ရွှေရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service