တန်ဖိုးနည်းဟုရည်ရွယ်ပြီး အဆင့်မြင့်အိမ်ရာများအဖြစ် ပြောင်းလဲသွားသောအခါ

တန်ဖိုးနည်းဟုရည်ရွယ်ပြီး အဆင့်မြင့်အိမ်ရာများအဖြစ် ပြောင်းလဲသွားသောအခါ - Property News in Myanmar from iMyanmarHouse.com
9 Jan 2017 9:57 am တွင် တင်ခဲ့သည်
5683 ကြိမ် ကြည့်ရှု့ပြီး
တစ်ဝက်တစ်ပျက် ခင်းထားသော ကွန်ကရစ် လမ်းမများကို ကျော်လွန်လာပါက ငြမ်းစင်ထားပြီး ရုပ်လုံးပေါ်စပြုနေသည့် အထပ်မြင့် အဆောက်အအုံများကို အဝေးမှပင် လှမ်းမြင်နေရသည်။

ရန်ကုန်မြို့လယ်မှ မိနစ် ၂၀ခန့်ကားမောင်းရုံဖြင့် မြေဧက ၂၂၀ကျော်တွင် မြေသယ်ကားကြီးများ ဆောက်လုပ်ရေး အလုပ်သမားများနှင့်ပျားပန်းခတ် လှုပ်ရှားနေသည့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အကောင် အထည်ဖော်နေသာ ရတနာနှင့်ဧရာဝဏ် အိမ်ရာစီမံကိန်းပင်ဖြစ်သည်။စတင်တည်ဆောက်စဉ်ထဲက ပြည်သူအများစုက ဈေးနှုန်းသက်သက်သာသာဖြင့်ရောင်းချ ပေးဖွယ်ရရှိသည်ဟုဆိုသောကြောင့် မျှော်လင့်ချက်ကြီးမားစွာဖြင့် စောင့်မျှော်ခဲ့ကြသည့် အိမ်ရာစီမံကိန်း လည်းဖြစ်သည်။

ဒီဇင်ဘာ ၂၄ရက်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီးနောက် အဖြေမှာ ရှင်းလင်းသွားပြီဖြစ်သည် ။တစ်ခန်းလျှင် သိန်း ၆၀၀မှ သိန်း၁၂၀၀ အတွင်းရောင်းချမည့် ရတနာနှင့်ဧရာဝဏ် အိမ်ရာစီမံကိန်းမှ အစောဆုံးဖွင့်လှစ် စတင်ရောင်းချလိုက်သည့် ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာစီမံကိန်းပင်ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည့် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်းသည့် ရတနာနှင့်ဧရာဝဏ်အတွက် တာတွက်မလှဘဲ ဝေဖန်မှုများနှင့်စတင်ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။

' အခုလို အဆင့်မြင့် အိမ်ရာတွေရောင်းချတဲ့နေရာကနေ ရတဲ့ပိုက်ဆံကနေ ၀င်ငွေနိမ့်ပြည်သူတွေ အတွက် တန်ဖိုးနည်းလို အိမ်ရာတွေဖော်ထုတ်ပေးရမှာဖြစ်ပါတယ် အဲ့လိုဖော်ထုတ်တဲ့နေရာမှာ အစိုးရတင်မဟုတ်ဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကပါပူးပေါင်းပြီးဝိုင်းဝန်းကူညီပေးဖို့လိုပါတယ် ' ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာစီမံကိန်းဖွင့်ပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဦးသိန်းစိန် အစိုးရလက်ထပ်က စတင်တည်ဆောက်ခဲ့သော အိမ်ရာစီမံကိန်းမှာ ကျူးကျော်များကို မြေနေရာ ရှင်းလင်းပြီး တည်ဆောက်ရန်ရည်ရွယ်စဉ်က သိန်း ၁၀၀၀န်းးကျင်ဖြင့်ရောင်းချနိုင်ရန် ကြိုးပမ်းမည်ဟု မီဒီယာများသို့ အသိပေးပြောကြားခဲ့သည့် အိမ်ရာစီမံကိန်းပင်ဖြစ်သည်။

" စဆောက်ထဲက အထပ်က အရမ်းမြင့်နေတယ် အဲ့ဒီ့ဈေ့းနဲ့ရောင်းလို့ မရနိုင်ဘူးနော်ဆိုပြီးကျနော် သတိပေးခဲ့ဖူုးတယ် " မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာကျော်လတ်ကပြောသည်။

၂၀၁၃ ခုနှစ်က စတင်ပြီး၎နှစ်ကြာတည်ဆောက်နေမှုမှာ ပထမဆုံး အစိတ်အပိုင်းဖြစ်သည့် ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာစီမံကိန်းမှအခန်း ပေါင်း ၂၇၀ကျော်ကိုစတင်ရောင်းချရာ မထင်မှတ်သည့် ဈေးနှုန်းများဖြင့် ရောင်းချခဲ့သောကြောင့် အများစုက အံ့အားသင့်ခဲ့ရသည်.။

" လူတွေက သေချာ လာမကြည့်ဘဲပြောကြတာလေးတွေရှိပါတယ် ဒီက အခန်းတွေက မြို့တွင်း ကဈေးအရမ်းကြီးတဲ့ ကွန်ဒိုတွေထက် သက်သာပြီးပါတဲ့ facilities ကို ကြည့်ပြီးမှဝေဖန်စေချင်တယ် " ဟု ရတနာနှင့်ဧရာဝဏ် အိမ်ရာစီမံကိန်းတွင် အိုးအိမ် နှင့် အကျိုးတူပူးပေါင်းတည်ဆောက်နေသော ဧရာချမ်းသာ ဆောက်လုပ်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဒေါ်အေးအေးလတ်ကပြောသည်။

အချိန်ကြာလာသည်နှင့် အမျှ ဆောက်လုပ်မှုစရိတ်ကုန်ကျနိုင်သောကြောင့် အခန်းဈေးနှုန်းများမှာ အနည်းငယ်ဈေူးကြီးသွားရခြင်းဖြစ်သည်ဟု စီမံကိန်းတွင် ၀င်ရောက်ဆောက်လုပ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များကဆိုသည်။

ရတနာနှင့်ဧရာဝဏ် အိမ်ရာစီမံကိန်းမှ အစိုးရနှင့် အကျိုးတူပူးပေါင်းတည်ဆောက်နေသော ကုမ္ပဏီအချို့မှာ ဆောက်လုပ်နေစဉ်အတွင်းငွေကြေး အခက်အခဲကြောင့် ရပ်တန့်ရမှုများအထိပင် ရှိနေသည်။

ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် အများစုက ဒုသမ္မတနှင့် တွေ့ဆုံစဉ် အဆိုပါ အခက်အခဲများကို တင်ပြတောင်းခံထားပြီဖြစ်သည်။

ပြီးခဲ့သည့်အစိုးရလက်ထပ်က အိမ်ရာမူဝါဒနှင့်ပက်သတ်ပြီး တည်ငြိမ်သော မူဝါဒ မရှိသောကြောင့်လဲ ယခုကဲ့သို့ ဈေးနှုန်း များ မကြီးမြင့်သင့်ဘဲ ကြီးမြင့်နေရခြင်းဖြစ်သည်ဟု မြို့ပြစီမံကိန်းပညာရှင် များကထောက်ပြသည်။

ထို့ကြောင့်နောက်ပိုင်းတည်ဆောက်မည့် အိမ်ရာများတွင် ယခုကဲ့သို့ တန်ဖိုးကြီးမြင့်သွားခြင်းမျိုး မဖြစ်သင့်ကြောင်း ၄င်းတို့ကဆိုသည်။
၁၈ထပ်အမြင့်အလုံးရေ ၄၉လုံး အခန်းပေါင်း ၁၅၀၀၀ကျော် ထွက်ပေါ်လာမည့် အဆိုပါအိမ်ရာစီမံကိန်းသည် ၂၀၂၀ တွင်ပြီးစီးမည်ဟု ခန့်မှန်းထားပြီး ဈေးနှုန်းမှာ သိန်း ၆၀၀မှ ၁၂၀၀ အတွင်းသာ ရောင်းချသွားမည်ဟု မြိုရွာနှင့်အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွန်ကြားရေးမှူးဒေါ်မီမီတင်ကဆိုသည်။

တစ်ဆက်တည်းမှာပင် ရတနာနှင့်ဧရာဝဏ် အိမ်ရာစီမံကိန်းအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများကိုလည်းတစ်ဆက်ထည်း အကောင်အထည်ဖော်သွားမည့် အစီအစဉ်များလဲရှိကြောင်း ဒေါ်မီမီတင်ကပြောသည်။

ထို့ကြောင့် တန်ဖိုးနည်းဟုရည်ရွယ်ပြီးတည်ဆောက်ခဲ့သည့် အိမ်ရာစီမံကိန်းများမှ အဆင့်မြင့် အိမ်ရာများအဖြစ် ထွက်ပေါ်လာခဲ့သောကြောင့် နောက်ပိုင်းတည်ဆောက်သည့် အိမ်ရာများတွင် အထူးသတိပြုရန် လိုအပ်နေပြီဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service