၂၀၁၇ တွင် တရုတ်ကိုသာလွန်၍ အိန္ဒိယအိမ်ခြံမြေ အမြတ်ထွက်စေနိုင်သည့် အကြောင်းရင်းများ

၂၀၁၇ တွင် တရုတ်ကိုသာလွန်၍ အိန္ဒိယအိမ်ခြံမြေ အမြတ်ထွက်စေနိုင်သည့် အကြောင်းရင်းများ - Property News in Myanmar from iMyanmarHouse.com
6 Jan 2017 12:01 pm တွင် တင်ခဲ့သည်
1083 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့အကြီးဆုံးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့သည် ၂၀၁၆ ခုနှစ် အိမ်ခြံမြေကစားပွဲတွင် နိုင်ပွဲများဆက်ခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ်တွင် အိန္ဒိယက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် တရွရွလှုပ်ခါနေသော စီးပွားရေးတို့ကြောင့် ရှယ်ယာဈေးနှုန်းများပိုမိုမြင့်တက်သော ဈေးကွက်ကို ပိုင်ဆိုင်နိုင်ဖွယ်ရှိနေသည်။

တရုတ် developer (မြေယာဝယ်ယူ၍ အဆောက်အအုံ ဆောက်လုပ်ရောင်းချသူ) များ
ကပင် ယင်းဖြစ်နိုင်ခြေကို ဂရုပြုလာကြပြီဖြစ်သည်။ Dalian Wanda အုပ်စုက အိန္ဒိယသို့ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ရင်နှီးမြှုပ်နှံရန် ကြေညာထားပြီး FosunInternational ကလည်း အမေရိကန်ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေ
ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြထားသည်။

ယင်းရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၅ခုနှစ် FDI (နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု) ကန့်သတ်ချက်များအား ဖယ်ရှားရန်
အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်က ဆွဲဆောင်အား ကောင်းကြောင်း သက်သေများဖြစ်သည်။

ပိုမိုကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုအလားအလာ၊ ငွေကြေးထိန်းချုပ်ရေး
စနစ်သက်ရောက်မှု၊ ပိုမိုလျင်မြန်သော GDP (ပြည်တွင်းအသားတင်ထုတ်ကုန်) ဖွံ့ဖြိုးမှု၊ ပိုမိုလျော့နည်းသော အတိုးနှုန်းနှင့် အလယ်အလတ်ဝင်ငွေရှိသော လူတန်းစားဦးရေမြင့်တက်လာခြင်း ဟူသည့် အကြောင်းရင်း (၅) ချက်က ထိုသို့ ၂၀၁၇ ခုနှစ်တွင်အိန္ဒိယအိမ်ခြံမြေ အမြတ်ထွက်စေနိုင်သည့် အကြောင်းရင်းများဖြစ်သည်။

ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုအလားအလာ

- ၂၀၁၇ တွင် ကမ္ဘာ့အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူအများစု၏ အာရုံကို ဆွဲဆောင်နိုင်သည့်မြို့များမှာ ပေကျင်း၊ ရှန်ဟိုင်း သို့မဟုတ် စန်းကျန်းတို့ မဟုတ်ဘဲ ဘန်ဂလိုးနှင့် မွမ်ဘိုင်းတို့
ဖြစ်လာမည်ဟု အကျိုးအမြတ်အတွက် မဟုတ်သည့် သုတေသနအဖွဲ့အစည်း UrbanLand Institute နှင့် PricewaterhouseCoopers ၀န်ဆောင်မှုကွန်ရက်ကုမ္ပဏီတို့ပူးတွဲထုတ်ပြန်လိုက်သည့် ၂၀၁၇ခုနှစ်အတွက် အာရှပစိဖိတ်အိမ်ခြံမြေအလားအလာခန့်မှန်းချက်တွင် ဖော်ပြထားသည့် ရင်းနှီးမြှုပ်နှံမှုအလားအလာညွှန်းကိန်းထုတ်ပြန်ချက်၌
ဖော်ပြထားသည်။

ငွေကြေးထိန်းချုပ်ရေးစနစ်သက်ရောက်မှု

- အိန္ဒိယငွေစက္ကူအချို့ကို တားမြစ်ခဲ့သည့် ၀န်ကြီးချုပ် နရင်ဒြာမိုဒီ၏ အံ့အားသင့်ဖွယ်စီမံချက်က စီးပွားရေးဖွံ့ဖြိုးမှုကို သုံးလပတ်နှစ်ခုထက်မနည်း တန့်သွားစေနိုင်သော်လည်း အဆုံးတွင် ထိုက်တန်သောရလဒ်ကို ရရှိစေမည်ဖြစ်ကြောင်း ဂျပန်စီးပွားရေး
အကျိုးဆောင်ကုမ္ပဏီ Nomura က ခန့်မှန်းထားသည်။

"ရေရှည်မှာ အိန္ဒိယအိမ်ခြံမြေကဏ္ဌဟာ အရမ်းအားကောင်းလာမှာပါ။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ကာလရှည်ကြာတွေ့ရနိုင်ပါတယ်" ဟု
Jones Lang LaSalle India
အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ နေထိုင်ရေးဝန်ဆောင်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်အက်ရှ်ဝင်ဒါရာ့ဂ်ျဆင်းဂ်ကလည်း
ပြောကြားခဲ့သည်။

ပိုမိုလျင်မြန်သော GDP ဖွံ့ဖြိုးမှု

- တရုတ်စီးပွားရေးက အလွန်ကြီးသော ကိန်းဂဏန်းဖြင့် ခုန်တက်ဖွံ့ဖြိုးနေသော်လည်း
အိန္ဒိယနောက် ခြေလှမ်းနှစ်လှမ်းစာနီးပါး နောက်ကောက်ကျနေဆဲဖြစ်သည်။ ၂၀၁၆GDP များ တရားဝင်ကိန်းဂဏန်းမထွက်ရှိသေးသော်လည်း ၂၀၁၆ နှစ်ကုန်ခါနီးတွင်အိန္ဒိယက GDP ၇ ဒသမ ၂ ရာခိုင်နှုန်းနီးပါးရှိလာစဉ် တရုတ်က ၆ ဒသမ ၇ ရာခိုင်နှုန်း
ရှိခဲ့ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၂၀၁၆ အစောပိုင်းကမူ၂၀၁၆ GDP ကို အိန္ဒိယအား ၇ ရာခိုင်နှုန်းနှင့် တရုတ်အား ၆ ဒသမ ၃ ရာခိုင်နှုန်းဟုလေ့လာသုံးသပ်သူများက ခန့်မှန်းကြကြောင်း
Forbes မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

ပိုမိုလျော့နည်းသော အတိုးနှုန်း

- အိန္ဒိယ RBI ဘဏ်သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အတိုးနှုန်းများကို အကြိမ်ကြိမ်လျှော့ချလာသည်။ ယင်းလုပ်ဆောင်ချက်များက အိမ်ဝယ်ယူမှုများဆီ ငွေကြေးပိုမို
စီးဆင်းစေခဲ့ပြီး ပထမအကြိမ်အိမ်ဝယ်ယူမှုချေးငွေလျှောက်ထားသူများအတွက်
ငွေချေးငှားမှုဝန်းကျင်ကို ပိုမိုကောင်းမွန်စေခဲ့သည်။ တရုတ်ကမူ ပြည်မကြီးရှိ မြို့ကြီးအများအပြားတွင် အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများကို ကြိုတင်အသိပေးချိန်တိုတို
ဖြင့် ကြိမ်ဖန်များစွာ ပြုလုပ်လာကာ အိမ်ခြံမြေဈေးနှုန်းဖောင်းပွမှုဒီရေကို ပိတ်ဆို့လာသည်။

အလယ်အလတ်ဝင်ငွေရှိသော လူတန်းစားဦးရေ မြင့်တက်လာခြင်း

- အိန္ဒိယ၏ ပြည်တွင်းသုံးစွဲမှုအမြဲမြင့်တက်နေမှုသည် အလယ်အလတ်ဝင်ငွေရှိသော
လူတန်းစားဦးရေ တဟုန်ထိုးမြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ အိန္ဒိယလူလတ်တန်းစားဈေးကွက်တွင် လူဦးရေ သန်း ၆၀၀ ရှိပြီဖြစ်သည်။ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ
၂ ဒေါ်လာမှ ၁၀ ဒေါ်လာအကြား သုံးစွဲနေကြသာ အိန္ဒိယနိုင်ငံသားများကို လူလတ်တန်းစားများဟု ယေဘုယျသတ်မှတ်ထားသည်။ ကမ္ဘာလုံးဆိုင်ရာ လူလတ်တန်းစား အဓိပ္ပာယ် သတ်မှတ်ချက်နှင့် တူသည့် ယင်းအိန္ဒိယလူလတ်တန်းစားဦးရေသည် ၂၀၁၅ ခုနှစ်
တွင် အိန္ဒိယလူဦးရေ စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်မကုန်မီ ၄၀ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ခန့်မှန်းထားကြသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service