အစိုးရပါဝင်မည့် အိမ်ရာ စီမံကိန်းများ ပိုမိုဖွံ့ဖြိုးလာမည့် ၂၀၁၇

အစိုးရပါဝင်မည့် အိမ်ရာ စီမံကိန်းများ ပိုမိုဖွံ့ဖြိုးလာမည့် ၂၀၁၇ - Property News in Myanmar from iMyanmarHouse.com
6 Jan 2017 11:17 am တွင် တင်ခဲ့သည်
1846 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ သိသိသာသာ ကျဆင်းခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်တိုးတက်ရန် မျှော်လင့်သကဲ့သို့ အစိုးရနှင့် ပူးပေါင်း အကောင်အထည်ဖော်သည့် စီမံကိန်းများ ပိုမိုတိုးလာရန်လည်း
မျှော်လင့်ထားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

မြို့သစ်စီမံကိန်း အကောင်အထည်ဖော် မည့် မြေနေရာများတွင် အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို စတင်တည်ဆောက်မည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆောက်လုပ်ရေး
လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့သည့်အတွက် အစိုးရနှင့် ပူးပေါင်းတည်ဆောက်သောအိမ်ရာစီမံကိန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများယခုနှစ်အတွင်းများပြားနိုင်မည်ဖြစ်ကြောင်းအာရှဆောက်လုပ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးရန်အောင်က ပြောသည်။

"ဒီနှစ်ထဲမှာ မြို့သစ်စီမံကိန်းတွေရော၊ တန်ဖိုးသင့်နဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေရော၊ ပညာရေးဝန်ကြီးဌာနအပါအ၀င် ဌာနဆိုင်ရာတွေအတွက် ဆောက်မယ့် အခြေခံအဆောက်အအုံ
တိုးချဲ့စီမံကိန်းတွေရော စီမံကိန်းတွေများလို့ အစိုးရနဲ့ ပူးပေါင်း အကောင်အထည်ဖော်မယ့်စီမံကိန်းတွေများမယ့်နှစ်ပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကလည်း အစိုးရနဲ့ ပူးပေါင်းပြီး
စီမံကိန်းတွေတည်ဆောက်ဖို့ စိတ်အားထက်သန်နေကြပါတယ်"ဟု ၎င်းက ပြောသည်။

မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်းက ဦးအောင်မင်းကလည်း အသေးစားနှင့်အလတ်စားဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် မြေဈေးကြီးမြင့်ခြင်း၊ ဘဏ်များဖြင့် ကိုယ်တိုင်ချိတ်ဆက်ကာ
အရစ်ကျ ရောင်းဝယ်မှု အားနည်းချက်များရှိသည့်အတွက် ကိုယ်ပိုင်တိုက်ခန်းများဆောက်လုပ်ခြင်းထက် အစိုးရနှင့် ပူးပေါင်း၍ မြို့သစ်များတွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ
စီမံကိန်းများ တည်ဆောက်ခြင်းက ပိုမို ကောင်းမွန်ကြောင်း ပြောသည်။

"ဆောက်လုပ်ရေးလုပ်ငန်းတွေ အားနည်းနေပြီး ကန်ထရိုက်တိုက် တည်ဆောက်တာတွေ အလုပ်မဖြစ်ချိန်မှာ အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် စီမံကိန်းတွေ
အကောင်အထည်ဖော်ပေးနိုင်တာကို ကြိုဆိုပါတယ်။ နိုင်ငံခြားဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကိုပဲ
ရင်းနှီးမြှုပ်နှံခွင့် ပြုတာထက် ပြည်သူတွေအတွက် ပိုအကျိုးရှိတဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် အိမ်ရာတွေကို ပြည်တွင်းက အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ပူးပေါင်း
အကောင်အထည်ဖော်ခွင့် ရသင့်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုချည်း
လက်ခံမှာထက် အစိုးရနဲ့ ပြည်တွင်းဆောက် လုပ်ရေးလုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်တဲ့ အိမ်ရာစီမံကိန်းတွေပဲ များပါတယ်"ဟု ၎င်းက ပြောသည်။

လာမည့်နှစ်တွင် အစိုးရနှင့် ပူးပေါင်း တည်ဆောက်သော အိမ်ရာစီမံကိန်းများနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ များပြားနိုင်သော်လည်း အထပ်မြင့်အိမ်ရာစီမံကိန်းများ၊ ပုဂ္ဂလိကအိမ်ရာ စီမံကိန်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
ယခင်နှစ်များထက် လျော့နည်းနိုင်ကြောင်း ဦးရန်အောင်က ပြောသည်။

ယခုလပိုင်းအတွင်း ဒေါ်လာဈေးမတည်ငြိမ်မှုနှင့်အတူ နိုင်ငံခြားငွေလဲလှယ်နှုန်းများ စံချိန်တင်ဈေးမြင့်တက်ခဲ့သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် စောင့်ကြည့်အနေအထားတွင် ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

ထို့ပြင် အစိုးရသစ်တာဝန်ယူပြီးချိန်ယမန်နှစ်၊ မေလမှစ၍ ဆောက်လက်စနှင့် မူအားဖြင့် ခွင့်ပြုထားသော အထပ်မြင့် အဆောက်အအုံ ၁၀၀ ကျော်ကို မြို့ပြအင်္ဂါရပ်နှင့်အညီ ပြန်လည်စိစစ်မှုများပြုလုပ်ခဲ့ပြီး စိစစ်ချိန် ကြာမြင့်ခဲ့သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားခဲ့ရကာ
နှစ်ကုန်ပိုင်းအထိ ဆောက်လုပ်ရေးဈေးကွက် သိသိသာသာကျဆင်းခဲ့ပြီး လက်ရှိအချိန်တွင်ပြန်လည်ဦးမော့ရန် ခက်ခဲနေဆဲပင် ဖြစ်ကြောင်း ဦးမြတ်မင်းက ပြောသည်။

အထပ်မြင့်စီမံကိန်းများနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းနေချိန်တွင်နိုင်ငံခြားငွေလဲလှယ်နှုန်းပါ မတည်ငြိမ်သည့်အတွက် ဆိုးဆိုးရွားရွား ကျဆင်းခဲ့သောဆောက်လုပ်ရေးစီမံကိန်းများမှာ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းနှင့် နှစ်ကုန်ပိုင်းများတွင် ဘဏ်လုပ်ငန်းများ
ပိုမိုဖွံ့ဖြိုးလာကာ နှစ်ရှည်ချေးငွေများ ပေးနိုင်ပါက ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်တိုးတက်ရန် အစပျိုးနိုင်မည်ဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။

"၂၀၁၆တစ်နှစ်လုံးသိသိသာသာကျဆင်းခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက ၂၀၁၇ ခုနှစ်နှစ်ဆန်းပိုင်းမှာ ချက်ချင်းကြီး ပြန်လည် ကောင်းမွန်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ နှစ်ကုန် ပိုင်းလောက်ဖြစ်တဲ့
အောက်တိုဘာလလောက်မှာ ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရင် ပုဂ္ဂလိက တိုက်ခန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အစပြန်ပျိုးတာမျိုး ဖြစ်နိုင်ပါတယ်"ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်ပမှတင်သွင်းသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုသာ အားထားနေရသဖြင့် နိုင်ငံခြားငွေ မတည်ငြိမ်ခြင်းနှင့် မြင့်တက်ခြင်းမှာတင်ဒါတည်ဆောက်မည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက်အခက်အခဲတစ်ခုဖြစ်ကြောင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

ထို့ပြင်တိုက်ခန်းအရောင်းဈေးကွက်တွင်လည်းဝယ်လိုအားကျဆင်းနေသည့်အတွက်တည်ဆောက်ပြီးစီးသော နိုင်ငံတကာအဆင့်မီတန်ဖိုးမြင့်အိမ်ရာများပင် ရောင်းအားမကောင်းမွန်ကြောင်းနှင့် အဆောက်အအုံ အရောင်းဈေးကွက် ကောင်းမွန်စေရန် လိုအပ်သော
ဥပဒေများကို အသေးစိတ်အမြန်အတည် ပြုပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိအချိန်တွင် ဆောက်လုပ်ရေးဆိုင်ရာ ဥပဒေများဖြစ်သည့် စုပေါင်းအဆောက်အအုံဆိုင်ရာနည်းဥပဒေ(ကွန်ဒိုဥပဒေ)ကို အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော်လည်း နည်းဥပဒေထွက်ရန်
ကျန်ရှိနေဆဲဖြစ်ပြီး ကွန်ဒိုအဆောက်အအုံများသာမက တိုက်ခန်းအိမ်ရာများ အားလုံးကို ကိုယ်စားပြုမည့် တိုက်ခန်းအိမ်ရာဥပဒေကိုပါ အမြန်ဆုံးပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း ဦးအောင်မင်းက ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service