အိမ်ခြံမြေလုပ်ငန်းတွေ ပြန်ကောင်းလာဖို့ မျှော်လင့်ထားကြတဲ့ ၂၀၁၇

အိမ်ခြံမြေလုပ်ငန်းတွေ ပြန်ကောင်းလာဖို့ မျှော်လင့်ထားကြတဲ့ ၂၀၁၇ - Property News in Myanmar from iMyanmarHouse.com
6 Jan 2017 10:42 am တွင် တင်ခဲ့သည်
1781 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၆ခုနှစ်သည် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကဏ္ဍ အတွက် အဆိုးရွားဆုံးနှစ် ဖြစ်ခဲ့သည့်အတွက် ယခု၂၀၁၇ခုနှစ်တွင် လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက မျှော်မှန်းထားကြသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်းရှိ စီမံကိန်းနေရာများတွင် အိမ်ခြံမြေ အရောင်းအ၀ယ်များ အနည်းငယ် ဖြစ်ပေါ်လာပြီး ကွန်ဒို၊ တိုက်ခန်းအရောင်းနှင့် အငှားများလည်း လှုပ်လာကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

အိမ်ခြံမြေလုပ်ငန်းသည် နှစ် ၂၀ အတွင်း အရောင်းအ၀ယ်လုပ်ငန်းများ ဆက်တိုက်ကောင်းမွန်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်သည် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများအပြင် အခွန်နှုန်းထား ကြီးမြင့်မှုများကြောင့် အဆိုးဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

သို့သော် ယခု၂၀၁၇ နှစ်လယ်ပိုင်းခန့်တွင် အရောင်းအ၀ယ် များ ပြန်ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း(ဗဟို)မှ အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"၂၀၁၄ နှစ်ကုန်လောက်ကစပြီး အေးသွားတာ ၂၀၁၅ မှာလည်း ရွေးကောက်ပွဲရှိတော့ အိမ်ခြံမြေက အေးနေပြန်တယ်။ ၂၀၁၅ ကုန်ခါ နီးမှာ ကောင်းလာသလိုရှိပေမဲ့ အခွန်တွေ တက်သွားတဲ့အတွက်
ပြန်ပြီးတော့ အေးသွားတယ်။ ဟို ၂၀၁၆ ကတော့ နှစ်ပေါင်း ၂၀ အတွင်း အိမ်ခြံမြေ သက်တမ်းတစ်လျှောက်မှာ အဆိုးဆုံး ကာလပါပဲ။ အခု ၂၀၁၇ နှစ်လယ်လောက်ကတော့ အိမ်ခြံမြေက ပြန်ကောင်းလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်"ဟု ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ်တွင် အိမ်ခြံမြေလုပ်ငန်းများအတွက် ခိုင်မာမှုရှိရန် အထောက်အပံ့ပေးနိုင်မည့် အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေ ထွက်လာပါက အိမ်ခြံမြေအရောင်းအ၀ယ်များ လုပ်ကိုင်ရာတွင်လည်း
ပိုမိုခိုင်မာမှုများ ရှိလာနိုင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဝင် ရောက်လာနိုင်ကြောင်း ၎င်းက ပြောသည်။

"အိမ်ခြံမြေ ၀န်ဆောင်မှုဥပဒေလည်း ထွက်လာတော့မယ်ဆို ပိုပြီး ခိုင်ခိုင်မာမာနဲ့ လုပ်ငန်းတွေ ပြန်ကောင်းလာမယ်လို့ ထင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ရောက်လာရင် အိမ်ခြံမြေ
ပြန်ကောင်းလာမယ်လို့ မျှော်လင့်တယ်။ အခုက ၂၀၁၇ အစပဲရှိတော့ အရောင်းအ၀ယ်တွေက အရမ်းကောင်းတဲ့ အနေအထားတော့ မဟုတ်သေးဘူး။ အဲဒါကြောင့် နှစ်လယ်လောက်ကို ပြန်ဦးမော့ဖို့
မျှော်မှန်းထားတယ်"ဟု ဒေါ်မို့မို့အောင်က ပြောသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေသည် ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်၍ အရောင်းအ၀ယ် လုပ်ငန်းအချို့ဖြစ်ပေါ်မှုဖြင့် ဈေးကွက်လှုပ် ခတ်လာခဲ့သည်။

ယခင် အိမ်ခြံမြေလုပ်ငန်း ကောင်းမွန်ခဲ့သည့်အချိန်များနှင့် ယှဉ်ပါက ဈေးကွက်အလွန်ကောင်းမွန်သည့်
အနေအထားမဟုတ်သော်လည်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း ဒီဇင်ဘာလသည်လုပ်ငန်း ပြန်ကောင်းမွန်လာသည့် အနေအထားဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။

"လုပ်ငန်းတော်တော်များများလည်း ပြန်ဖြစ်နေတဲ့သဘောရှိပါတယ်။ စီမံကိန်းရှိတဲ့ နေရာတွေအိမ်ခြံမြေအရောင်းအ၀ယ်တွေ ဖြစ်လာတယ်။ ဒလတို့၊ တွံတေးတို့ဆို စီမံ ကိန်းတွေ ရှိတယ်ဆိုပြီး
အသံတွေကြားရတယ်။ ရန်ကုန်မြို့တွင်း ဧရိယာတွေလည်း စီမံကိန်းလုပ်မယ်ဆိုတဲ့ သတင်းတွေ ရှိနေတော့ အဲဒီလိုနေရာတွေမှာ ပြန်လှုပ်လာတာဆိုတော့ အိမ်ခြံမြေက ပြန်ဦးမော့လာမယ့် အနေအထားရှိပါတယ်"ဟု ရွှေကံမြေ အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးကပြောသည်။

မြေကွက်အရောင်းအ၀ယ်များတွင် ကျပ် သိန်း တစ်သောင်းခွဲ တန်ဖိုးရှိသည့် မြေကွက်များ
အရောင်းအ၀ယ်သွက်လျက်ရှိကြောင်း သိရပြီး မြေဈေးနှုန်း၊ အိမ်ဈေးနှုန်းများက သိသိသာသာ
အပြောင်းအလဲမဖြစ်ပေါ်ကြောင်း ၎င်းက ပြောသည်။

"ဒီဇင်ဘာနဲ့ ဇန်န၀ါရီလထဲမှာ မြေကွက် တစ်သောင်း၊ တစ်သောင်းခွဲတန်လေးတွေ အရောင်းအ၀ယ်
ပြန်လိုက်လာပါတယ်။ ဈေးနှုန်းတွေကတော့ သိပ်အပြောင်းအလဲမရှိပါဘူး။ အရင်တုန်းကလိုစီမံကိန်းရှိတဲ့နေရာတွေဆို ဈေးတွေ အဆမတန်ခုန်တက် တာမျိုးတွေမဖြစ်ဘဲ ပုံမှန်အရင်ဈေးနဲ့ပဲ
အရောင်းအ၀ယ်တွေရှိလာတယ်။ ဈေးထိုးကျ သွားတာမျိုးလည်း မရှိဘူး"ဟု ဦးခင်မောင်အေးကပြောသည်။

ထို့ပြင် ယခင်က အစိုးရအပြောင်းအလဲအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုများကို
စောင့်ကြည့်သည့် အခြေအနေများကြောင့် အိမ်ခြံမြေလုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှေးကာ အရောင်းအ၀ယ်အေးခြင်းများ ဖြစ်ခဲ့ရသည်။

ယခု ၂၀၁၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုကို စောင့်ကြည့်သူများလည်း ဈေးကွက်အတွင်း
ပြန်ဝင်ရောက်လာသည့် အခြေအနေများ ရှိလာမည်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"အရင်က ရင်းနှီးမြှုပ်နှံမှုကို ဘာမှဝင် မလုပ်သေးဘဲ စောင့်ကြည့်နေကြတဲ့သူတွေလည်း
အခု မဖြစ်မနေ အခြေအနေတွေ ရှိလာတော့ ပြန်ဝယ်လာကြတယ်။ စီးပွားရေးလုပ်မယ့်သူဆိုလည်းအဲဒီအတွက် မြေ၀ယ်တာတွေရှိလာတယ်။ ရုံးခန်း၊ ဆိုင်ခန်းတွေဝယ်လာကြတယ်။
နေမယ့်သူတွေလည်း နေထိုင်ဖို့အတွက် ၀ယ်လာကြတယ်။ အဲဒါကြောင့် ဈေးကွက်ထဲမှာ အရောင်းအ၀ယ် ပြန်စီးဆင်းလာတာ"ဟု ဦးခင်မောင်အေးက ပြောသည်။

ယခင်က ငွေမည်းမှ ငွေဖြူဖော်ဆောင်မှု များကို အိမ်ခြံမြေလုပ်ငန်းများတွင် အကြီးအကျယ်လုပ်ကိုင်မှုများ ရှိခဲ့ပြီး နိုင်ငံစီးပွားရေး နှေးကွေးသွားသည့်အချိန်တွင် အိမ်ခြံမြေလုပ်ငန်းတွင်
ငွေမြှုပ်နှံမှုများ လျော့နည်းလာခဲ့သည်။

ယင်းအချက်မှာလည်း အိမ်ခြံမြေ လုပ်ငန်းကို အေးစက်စေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်နောက်ပိုင်းများတွင် အိမ်ခြံမြေလုပ်ငန်းတွင် ငွေဖြူငွေမည်း လုပ်ဆောင်မှုများ လျော့နည်းလာနိုင်မည်ဖြစ်ကြောင်း
အိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်သည်။

ဟိုနှစ်ပိုင်းတွေကတော့ ရှိပါတယ်။အခုနောက်ပိုင်းကတော့ နေထိုင်မှုအတွက် လိုအပ်လို့ မဖြစ်မနေ၀ယ်တဲ့ အခြေအနေတွေကိုလည်း တွေ့ရပါတယ်။ စီးပွားရေး မဖြစ်မနေလုပ်ဖို့ လိုအပ်ချက်ကြောင့် ၀ယ်တဲ့ အခြေအနေလည်း ရှိတယ်။ အဲဒါကြောင့် အရောင်းအ၀ယ်တွေပြန်ဖြစ်လာပြီး ပိုပြီး တိုးတက်လာမယ်လို့ မျှော်လင့်တာပါ။

ထို့ပြင် ၂၀၁၆ ခုနှစ်တွင် အခွန်နှုန်း သုံးဆခန့်မြင့်တက်သွားသည့်အတွက် အိမ်ခြံမြေအခွန်နှုန်းများကိုသတ်မှတ်ရာတွင်လည်း အစိုးရအနေဖြင့် တစ်ကြိမ်သာ ၀ယ်ဆောင်သူများကို အခွန်နှုန်းများ
လျှော့ပေါ့စဉ်းစား ပေးသင့်ကြောင်း ဒေါ်မို့မို့အောင်က ပြောသည်။

"အခု အခွန်နှုန်းက မြင့်နေတော့ အိမ်၊မြေကို တစ်ကြိမ်ပဲ မဖြစ်မနေ နေထိုင်ဖို့ဝယ်တဲ့ လူတွေအတွက်ကြတော့ အရမ်းကိုများနေတယ်။ အဲဒီလိုပြည်သူတွေအတွက်ကျတော့အခွန်ဆောင်ရတာ ခက်ခဲတာပေါ့။ အိမ်၊ မြေ နှစ်လုံး၊ သုံးလုံး ၀ယ်တဲ့လူတွေကျတော့
နှုန်းထားတစ်မျိုး ပြန်သတ်မှတ်တာမျိုး အဲဒီလိုမျိုး လုပ်ပေးသင့်တယ်လို့ ကျွန်မတို့က အကြံပြုချင်ပါတယ်"ဟု ၎င်းက ပြောသည်။

"အခု ၂၀၁၇ ခုနှစ် နှစ်လယ်လောက်ကတော့ အိမ်ခြံမြေက ပြန်ကောင်းလာ နိုင်ပါတယ်။
အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေ လည်းထွက်လာတော့မယ်ဆို ပိုပြီးခိုင်ခိုင်မာမာနဲ့ လုပ်ငန်းတွေ
ပြန်ကောင်းလာမယ်လို့ ထင်ပါတယ်"ဟု ဒေါ်မို့မို့အောင်က ပြောသည်။



Credit: Myanmar Times
အိမ်ခြံမြေလုပ်ငန်းတွေ ပြန်ကောင်းလာဖို့ မျှော်လင့်ထားကြတဲ့ ၂၀၁၇ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service