မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာရရှိသူများ တစ်ဆင့်ပြန်လည်ရောင်းချပါက သိမ်းယူမည်ဟု စာချုပ်တွင် ထည့်သွင်းထားသော်လည်း အရေးယူမှု တစ်ခုမျှမရှိသေး

မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာရရှိသူများ တစ်ဆင့်ပြန်လည်ရောင်းချပါက သိမ်းယူမည်ဟု စာချုပ်တွင် ထည့်သွင်းထားသော်လည်း အရေးယူမှု တစ်ခုမျှမရှိသေး - Property News in Myanmar from iMyanmarHouse.com
6 Jan 2017 10:00 am တွင် တင်ခဲ့သည်
1630 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တွင် တည်ဆောက် ရောင်းချပြီးသွားသော မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ ရရှိသူများသည် တစ်ဆင့်ပြန်လည် ရောင်းချပါက ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာထားသလို စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုထားသော်လည်း အရေးယူမှုတစ်ခုမျှ မရှိကြောင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

၂၀၁၃ ခုနှစ်ကုန်ပိုင်းက စတင်အကောင်ထည် ဖော်ခဲ့သော တန်ဖိုးနည်းအိမ်ရာကို ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် တည်ဆောက်ခဲ့ကာ ကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၁၃၀ တန် တိုက်ခန်းများကို အရစ်ကျစနစ်နှင့်လက်ငင်း ငွေချေစနစ်များဖြင့် အစိုးရ ၀န်ထမ်းများကို ရောင်းချပေးခဲ့ရာ တစ်ဆင့် ပြန်လည် ရောင်းချမှုများပြုလုပ်ပါက ပြန်လည် သိမ်းယူမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ တစ်ဆင့်ပြန်လည်ရောင်းချမှုများအတွက် တိုင်ကြားမှုများ ရှိခဲ့သော်လည်း သက်သေ မပြနိုင်သောကြောင့် အရေးယူမှုမရှိကြောင်း စည်ပင်သာယာရေးကော်မတီ အဆောက်အအုံ ကုန်ရုံဌာနမှူး ဦးဇော်ဝင်းထံမှ သိရသည်။

ဦးဇော်ဝင်းက “တန်ဖိုးနည်းအိမ်ရာ ပြန်လည်ရောင်းချမှုတွေကို တိုင်ကြားတာတွေရှိပါတယ်။ ဒါပေမဲ့ စစ်ဆေးတဲ့အခါ တိကျခိုင်လုံတဲ့ သက်သေမျိုးမပြနိုင်တဲ့အတွက် အရေးယူမှု မရှိပါဘူး” ဟု တန်ဖိုးနည်းအိမ်ရာတစ်ဆင့် ပြန်လည် ရောင်းချမှုများနှင့်ပတ်သက်၍ ဖြေကြားခဲ့သည်။

မန္တလေးမြို့တွင် အမှန်တကယ် နေစရာ မရှိသူများအတွက် ဟု ဆိုကာ ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ တစ်ဆင့် ပြန်လည်ရောင်းချမှုများကြောင့် ပိုင်ရှင် အဆက်ဆက် လွှဲပြောင်းနေပြီ ဖြစ်သည်။

ထိုကဲ့သို့ အစိုးရ၀န်ထမ်း၊ တပ်မတော် အငြိမ်းစားစသည့် ကန့်သတ်ချက်များဖြင့် ရွေးချယ် ရောင်းချပေးခဲ့ခြင်းကြောင့် အမှန်တကယ် နေစရာမရှိသည့် ပြည်သူများအတွက် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

အစိုးရ ရောင်းခဲ့စဉ်က ကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၁၃၀ သာ ရှိခဲ့သော်လည်း ယခုအခါ အဆိုပါ တန်ဖိုးနည်းဟုဆိုသည့် မြရည်နန္ဒာအိမ်ရာရှိ တိုက်ခန်းများသည် ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၄၀၀ အထိ ဈေးရှိနေပြီဖြစ်ကြောင်း တိုက်ခန်းနေသူများထံမှ စုံစမ်းသိရသည်။

“ကျွန်မတို့လည်း သူများဆီကတစ်ဆင့် ပြန်ဝယ်ထားတာ။ ဒီတိုက်ခန်းမှာ မဲပေါက်တဲ့ ပိုင်ရှင်ကိုယ်တိုင်နေတာ အတော်နည်းတယ်။ တစ်ဆင့်ပြန်ရောင်းရင် ရောင်း၊ မရောင်းရင် အငှားချထားတယ်။ တချို့တွေဆို တစ်တိုက်လုံးကို ပိုင်ရှင်တစ်ဦးတည်း ပိုင်တာတောင် ရှိတယ်” ဟု မြရည်နန္ဒာ တန်ဖိုးနည်းတိုက်ခန်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အိုးအိမ်ဦးစီးဌာနမှ တည်ဆောက်ပြီးစီးသွားသော ကျပ် ၁၆၃ သိန်းမှ ကျပ်၂၂၃ သိန်း တန်ဖိုးရှိ တန်ဖိုးမျှတ အိမ်ရာအခန်း ၅၆၀ ကို မဲနှိုက် ရောင်းချပေးခဲ့ရာ လျှောက်ထားသူ ၇၆၄၀ ဦး ရှိကြောင်း သိရသည်။

ထိုမဲနှိုက်သူများထဲတွင် အိမ်ရာရှိသည့် အစိုးရ၀န်ထမ်းများ ပါဝင်နေသဖြင့် အမှန်တကယ် အိမ်ရာမရှိသူများ နစ်နာသောကြောင့် စိစစ် ရောင်းချပေးစေလိုကြောင်း မြို့ခံများထံက ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service