ပေပေါင်း ၁၈၅၀ နက်သည့် လျှိုပေါ်တွင် ဆောက်လုပ်ထားသော တရုတ်နိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံးတံတား ဖွင့်လှစ်

ပေပေါင်း ၁၈၅၀ နက်သည့် လျှိုပေါ်တွင် ဆောက်လုပ်ထားသော တရုတ်နိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံးတံတား ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
5 Jan 2017 11:52 am တွင် တင်ခဲ့သည်
1286 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ် ကြားတွင် ဆက်သွယ်ဆောက်လုပ်ထားသော ကမ္ဘာ့အမြင့်ဆုံးတံတားကို မော်တော်ကားများသွားလာနိုင်ရန် ဒီဇင်ဘာလ ၃၀ ရက်တွင် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည် ဟု သိရသည်။

၁၈၅၄ ပေ အနက်ရှိသော လျှိုကြီး၏ထိပ်တွင် ဆောက်လုပ်ထားသည့် Beipanjiang တံတားကို ဒေါ်လာ ၁၄၈ သန်း အကုန်အကျခံ တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိ တရုတ်နိုင်ငံ၏ အမြင့်ဆုံး တံတားဖြစ်သော ၁၆၂၇ ပေ အမြင့်ရှိသည့် ဆီဒူမြစ်ကူးတံတားထက် ကျော်လွန်၍ ကမ္ဘာ့အမြင့်ဆုံး တံတားဖြစ် လာခဲ့သည်။

ပေပေါင်း ၄၃၉၆ ရှည်သော လေးလမ်းသွားတံတားကြီးသည် တရုတ် နိုင်ငံ၏ ပြည်နယ်ကြီးနှစ်ခုကို ဆက်သွယ် ပေးထားသည်။ နက်ရှိုင်းသည့် လျှိုကြီး တစ်ခု၏အပေါ်တွင် ဆောက်လုပ်ထားသောBeipanjiang တံတားသည် လန်ဒန်မှ ၉၆ ထပ် မိုးမျှော်တိုက်ကြီးဖြစ်သော The Shard ထက် နှစ်ဆမြင့်သည်။

စက်တင် ဘာလ ၁၀ ရက်တွင် အင်ဂျင်နီယာများက တံတားကြီး၏ နောက်ဆုံးအစိတ်အပိုင်း ကို ဆက်စပ်ပေးနိုင်ခဲ့ပြီး သုံးနှစ်ကြာမြင့် ခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းကို အပြီးသတ်နိုင်ခဲ့သည်။ လျှိုအောက်တွင် စီးဆင်းနေသည့် Beipan မြစ်ကို အစွဲပြု ၍ အမည်ပေးထားခြင်းဖြစ်သည်။

တံတား သည် တရုတ်နိုင်ငံတောင်ပိုင်းရှိ ဟန်ကျိုး မြို့နှင့် တရုတ်-မြန်မာနယ်စပ်ရှိ Ruili မြို့ကြား ဆက်စပ်ပေးထားသော ၂၁၁၅ မိုင် အရှည်ရှိသည့် လမ်းမကြီး၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။

တရုတ်နိုင်ငံ ကွမ်ရှင်း အဝေးပြေးလမ်းမကြီးတွင်လည်းBeipanjiang အမည်နှင့် တံတားတစ်စင်း တည် ဆောက်ထားပြီး နာမည်တူသော်လည်း ပေပေါင်း ၁၂၀၀ အမြင့်ရှိသည့် တံတားကို ၂၀၀၃ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။

Beipanjiang တံတားအပြင် တရုတ်အင်ဂျင်နီယာများက ကမ္ဘာ့ဒုတိယအမြင့်ဆုံးတံတားအဖြစ် သတ်မှတ်ခံရနိုင်သည့် Jinshajiang တံတားကိုဆောက်လုပ်နေပြီဖြစ်ပြီး ယူနန်ပြည်နယ် Jinsha မြစ်ပေါ်တွင် ပေပေါင်း ၁၆၈၀ အမြင့်၌ ဆောက်လုပ်နေခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် တွင် အပြီးသတ်နိုင်လိမ့်မည်ဟု ယူဆရကြောင်း သိရသည်။

Credit: PYI Myanmar
ပေပေါင်း ၁၈၅၀ နက်သည့် လျှိုပေါ်တွင် ဆောက်လုပ်ထားသော တရုတ်နိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံးတံတား ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
ပေပေါင်း ၁၈၅၀ နက်သည့် လျှိုပေါ်တွင် ဆောက်လုပ်ထားသော တရုတ်နိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံးတံတား ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service