ဒီဇင်ဘာသည် တစ်နှစ်အတွင်း ရှယ်ယာအရောင်းအ၀ယ် အနည်းဆုံးလဖြစ်ခဲ့

ဒီဇင်ဘာသည် တစ်နှစ်အတွင်း ရှယ်ယာအရောင်းအ၀ယ် အနည်းဆုံးလဖြစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
2 Jan 2017 11:04 am တွင် တင်ခဲ့သည်
871 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်း သည် ယခုနှစ်ဒီဇင်ဘာတွင် ကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှယ် ယာအရောင်းအ၀ယ်ဖြစ်ပြီး စ တော့အိတ်ချိန်း စတင်ဖွင့်လှစ် သည့် တစ်နှစ်အတွင်း ဒီဇင်ဘာ သည် ရှယ်ယာအရောင်းအ၀ယ် ပမာဏ အနည်းဆုံးလ ဖြစ်ခဲ့ ကြောင်း ရန်ကုန်စတော့အိတ်ချိန်း မှ သတင်းရရှိသည်။

စတော့အိတ်ချိန်းတွင် ရှယ် ယာအရောင်းအ၀ယ် စတင်ခဲ့ သည့် မတ်လ၌ ကျပ် ၂၄ ဘီလီ ယံအရောင်းအ၀ယ်ဖြစ်ခဲ့ပြီး တ ဖြည်းဖြည်း လျော့နည်းလာရာ ပြီးခဲ့သည့် နိုဝင်ဘာက ကျပ် ၂ ဒသမ ၂ ဘီလီယံကျော် အရောင်း အ၀ယ်ဖြစ်သော်လည်း ယခု ဒီ ဇင်ဘာအထိ ရှယ်ယာအရောင်း အ၀ယ်ပမာဏ ဆက်လက်ကျ ဆင်းလာခြင်းဖြစ်သည်။

ရှယ်ယာအရောင်းအ၀ယ် စ တင်ချိန်တွင် FMI ကုမ္ပဏီတစ်ခု တည်းက ရှယ်ယာအရောင်းအ ၀ယ်ပြုလုပ်ခဲ့ပြီး မေလ၌ ဒုတိယ မြောက် အများပိုင်ကုမ္ပဏီအဖြစ် သီလ၀ါအထူးစီးပွားရေးဇုန် အ များပိုင်ကုမ္ပဏီ (MTSH) က ရှယ် ယာစတင်ရောင်းချခဲ့ပြီး မြန်မာ နိုင်ငံသားများဘဏ် (MCB) က သြဂုတ်တွင် ရှယ်ယာရောင်းချခဲ့သည်။

FMI ကုမ္ပဏီသည် ဒီဇင်ဘာ တစ်လအတွင်း ရှယ်ယာတန်ဖိုး ၁၅ ရာခိုင်နှုန်းကျော်ကျဆင်းပြီး ရှယ်ယာ တစ်စုလျှင် ကျပ် ၁၃,၅၀၀ အထိ ပေါက်ဈေးရှိခဲ့ သည်။ ယင်းနှုန်းသည် အဆိုပါ ကုမ္ပဏီ၏ သမိုင်းဝင်ရှယ်ယာတန် ဖိုး ကျဆင်းမှုဖြစ်သည်။ သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ(MTSH)၏ ရှယ်ယာသည် ဒီဇင်ဘာအတွင်း ၆ ရာခိုင်နှုန်း ကျော် ကျဆင်းပြီး ရှယ်ယာတစ် စုလျှင်ကျပ်၎,၄၀၀အထိ ကျဆင်း ခဲ့သည်။ မြန်မာနိုင်ငံသားများ ဘဏ် (MCB) သည်လည်း ရှယ် ယာတန်ဖိုး ၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၉,၁၀၀ အထိ ကျဆင်းခဲ့ သည်။

‘‘စတော့ရှယ်ယာကို လူတွေ က စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမှန်းမသိဘူး။ အ လွယ်တကူ ငွေရမယ့်လုပ်ငန်းထင် နေတယ်။ ဒါကြောင့် အစမှာ ရှယ် ယာဈေးတွေတက်၊ ၀ယ်လိုအား တွေကောင်းခဲ့တာ၊ အခုဘယ်သူမှ စတော့ကို လှည့်မကြည့်ကြတော့ ဘူး’’ဟု စတော့ရှယ်ယာလေ့လာ သူတစ်ဦးကပြောသည်။

FMI ကုမ္ပဏီသည် ရှယ်ယာ စတင်ရောင်းချသည့် မတ်လ ၂၅ ရက်မှ ယနေ့နှစ်ကုန်အထိ ၅၃ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့သည်။ MTSH ကုမ္ပဏီသည် အစုရှယ် ယာစတင်ရောင်းချသည့် မေလ ၂၀ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အ တွက် ရှယ်ယာတန်ဖိုး ၁၂ ရာခိုင် နှုန်းကျော်ကျဆင်းခဲ့သည်။ သို့ သော် မြန်မာနိုင်ငံသားများဘဏ် (MCB)သည် စတင်ရောင်းချသည့် သြဂုတ် ၂၆ ရက်နှင့် ယခုနှစ်ကုန် အထိ နှိုင်းယှဉ်ပါက ၁၃ရာခိုင်နှုန်း ကျော် မြင့်တက်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း စ တင်ဖွင့်လှစ်ချိန်မှ လက်ရှိအထိ ကျပ်ဘီလီယံ ၇၀ ကျော် ရှယ် ယာအရောင်းအ၀ယ်ဖြစ်ခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service