ဧရာဝတီဘဏ်မှ လာမယ့် ၂၀၁၇ ခုနှစ်မှာ ဘဏ်ခွဲပေါင်း ၁၀၀ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမယ်လို့ဆို

ဧရာဝတီဘဏ်မှ လာမယ့် ၂၀၁၇ ခုနှစ်မှာ ဘဏ်ခွဲပေါင်း ၁၀၀ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမယ်လို့ဆို - Property News in Myanmar from iMyanmarHouse.com
2 Jan 2017 10:56 am တွင် တင်ခဲ့သည်
1459 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်တဲ့ ဧရာဝတီဘဏ်မှ လာမယ့် ၂၀၁၇ ခုနှစ်မှာ ဘဏ်ခွဲပေါင်း ၁၀၀ ထပ်မံတိုး ချဲ့သွားမယ်လို့ ဘဏ်တာဝန်ရှိသူတွေရဲ့ပြောဆိုမှုအရသိရပါတယ်။

ဧရာဝတီဘဏ်အနေနဲ့ အခုနှစ်ကုန်အထိ ဘဏ်ခွဲ ၂၀၀ အထိဖွင့်လှစ်ထားပြီးဖြစ်သလို ဘဏ်ဝန်ဆောင်မှုနဲ့ ဘဏ်ခွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထပ်ပြီးတိုးချဲ့နိုင်အောင်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဧရာဝတီဘဏ် Retail Banking ဒါရိုက်တာဦးသူရမောင်က “ဘဏ်ခွဲဖွင့်တယ်ဆိုတာကတော့ အကိုတို့ရဲ့ဘဏ် ကွန်ရက်ကို တက်နိုင်သမျှချဲ့ထွင့်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှုတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ပေးနိုင်အောင် ဆောင် ရွက်ပေးနေတာပါ။ အခုနောက်ပိုင်းမှာ Retail Banking လို့ခေါ်တဲ့ လက်လီဘဏ်လုပ်ငန်းကို ပိုပြီးကျယ် ကျယ်ပြန်ပြန်ဖြစ်အောင်ပြင်ဆင်နေပါတယ်”လို့
တွေ့ဆုံစဉ်ပြောဆိုပါတယ်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေတိုးတက်လာတာနဲ့အမျှ ပြည်သူတွေ ဘဏ်နဲ့ထိတွေ့ဆက်ဆံမှု ပိုမိုးတက်လာ မှာဖြစ်တာကြောင့်လည်း ဧရာဝတီဘဏ်အနေနဲ့ ပြည်တွင်းဘဏ်လုပ်ငန်းကို အရှိုန်အဟုန့်နဲ့မြင့်တင်နေတာ လည်း ဖြစ်ပါတယ်။

ဧရာဝတီဘဏ်အနေနဲ့ လက်ရှိဘဏ်ခွဲပေါင်း ၂၀၀ အထိဖွင့်လှစ်ထားပြီး ၀င်ရောက်လုပ်ကိုင်နေတဲ့ ၀န်ထမ်းအင် အားက ၇၀၀၀ လောက်အထိရှိနေပြီလို့လည်း သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ ဘဏ်သုံးနေတဲ့လူဦးရေက လူဦးရေရဲ့ ၄ ရာခိုင်နှုန်းဝန်ကျင်သာရှိနေတာကြောင့် ပြည်သူ အများစုမှာ ဘဏ်နဲ့ထိတွေ့ဆက်ဆံမှုနည်းနေသေးတယ်လို့ ဘဏ်တာဝန်ရှိသူတွေက ဆိုပါတယ်။

ဧရာဝတီဘဏ်နေနဲ့ ဘဏ်လုပ်ငန်းကို ပိုပြီးကျယ်ကျယ်ပြန်ပြန့်ဖြစ်အောင် လုပ်ဆောင်ဖို့ရှိသလို ၀င်လာတဲ့နိုင် ငံခြားဘဏ်တွေနဲ့လည်း ပါတနာရှစ်​လုပ်ပြီး ဘဏ်ဝန်ဆောင်မှုတွေပိုပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဧရာဝတီဘဏ်ရဲ့ ၂၀၀ မြောက်ဖြစ်တဲ့ အလုံဘဏ်ရုံးချုပ်
( ၂ )ဘဏ်ခွဲကို အခုရက်နံနက်က ကမ်းနားလမ်းနဲ့ သစ်တောလမ်းထောင့်ရှိ River View Point Condominium မှာ ဖွင့်လှစ်ခဲ့ပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service