အခန်း ၁၈ ခန်းနဲ့အထက်ဆိုရင် ထရန်စဖော်မာနဲ့ မီးစက်ထားဖို့မြေနေရာရှိမှာဆောက်လုပ်ခွင့်ပြု

အခန်း ၁၈ ခန်းနဲ့အထက်ဆိုရင် ထရန်စဖော်မာနဲ့ မီးစက်ထားဖို့မြေနေရာရှိမှာဆောက်လုပ်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
2 Jan 2017 10:32 am တွင် တင်ခဲ့သည်
1835 ကြိမ် ကြည့်ရှု့ပြီး
ကန်ထရိုက်တိုက်ခန်းတွေအခန်း ၁၈ ခန်းနဲ့အထက် အဆောက်အအုံတွေကို ထရန်စဖော်မာထားဖို့နေရာနဲ့ မီးစက် ထားဖို့ နေရာ မြေကျန်ရှိမှ အ ဆောက်အအုံတည်ဆောက်ခွင့်ပါမစ်ချပေးထားတယ်လို့ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က တာဝန်ရှိသူတစ်ဦးက ‘ထရန်စဖော်မာ နေရာက ထည့်ကိုထည့်ရမယ့်မူရှိ တဲ့ အတွက် ၁၈ ခန်းဆိုရင် ဘယ်မှာ ထားမှာလဲ၊ မြေကျန်က ဘယ်မှာ လဲ၊ ထရန်စဖော်မာထားဖို့ လုံလောက်မှုရှိသလား၊ အခုဆိုရင် နောက်ပိုင်း မီးစက်ထားဖို့နေရာပါ ပုံစံတင်ကတည်းက မေးတယ်၊ ပြီး တော့မှ လမ်းပေါ် ရောက်လာတာမျိုး လက်မခံဘူး၊ အစောကြီး ကတည်းက ပလန်နဲ့ သေသေချာ ချာ တင်ပြ၊ အဲဒီအတိုင်းလုပ် ၊ ခံဝန်တွေ ဘာတွေနဲ့ခွင့်ပြုတယ်”လို့ ပြောပါတယ်။

အထပ်မြင့် အဆောက်အအုံတည်ဆောက်ဖို့ ပါမစ်လာတင်ကတည်းက ထရန်စဖော်မာထားဖို့ နေရာနဲ့ မီးစက်ကြီးတွေ ထားဖို့နေရာကို တစ်ခါတည်း အဆောက်အ အုံ ဒီဇိုင်းပုံစံမှာကတည်းက တွက်ချက်ပြီး ဖော်ပြရမှာဖြစ်ပါတယ်။ မီးစက်တွေ ၊ ထရန်စဖော်မာတွေကို လမ်းပေါ်မှာ ထားတာတွေကို ခွင့်မပြု ဘူးလို့ သိရပါတယ်။

ထရန်စဖော်မာ တပ်မယ့်နေ ရာကို အဆောက်အအုံ ဒီဇိုင်းပုံမှာ ကတည်းက တင်ပြရမှာဖြစ်ပြီး အဆိုပြုထားတဲ့ နေရာကိုလည်း ရန် ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး ကော်မတီ (YESC) က သဘောတူမှ ထရန်စဖော်မာ တပ် ဆင်ခွင့်ပြုတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က မြေနေရာရှားပါးတာကြောင့် ထရန်စဖော်မာ ထားဖို့နေရာကို အထပ်မြင့် အဆောက်အအုံတွေမှာ မြေအောက်ထပ်တွေ (basement) ၊ အရှေ့ မြေချန် ငါးပေဆုတ်ထားတဲ့ အ ပေါ် မှာနဲ့ အထပ်မြင့်တွေမှာ ဝရန်တာ ပုံစံထုတ်ပြီး တပ်ထားတာ ရှိ တယ်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ဘေးကင်းတယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက ခွင့်ပြုပေးတယ် လို့ သိရပါတယ်။

ထရန်စဖော်မာတပ်ဆင်တာတွေကို သည်နေရာမှာ တပ်မယ်ဆိုပြီး ပုံစံခွင့်ပြုကတည်းက တင် ထားတာ ဖြစ်ပါတယ်။ သည်နေရာမှာ တပ်မယ်ဆိုတာကို YESC က ခွင့်ပြုပြီးသားဖြစ်လို့ သဘောမတူ ရင် အဆောက်အအုံမတည် ဆောက်ခင်ကတည်းက ကန့်ကွက်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လခန့်ကစပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးကော်မတီက လေးခန်းတွဲအဆောက်အအုံတွေကို ထရန်စဖော်မာတစ်လုံး တပ်ဆင်ရ မယ်ဆိုတဲ့အချက်ထုတ်ပြန်ထား တာ ဖြစ်ပါတယ်။ သည်ကြေညာ ချက်နဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဝေဖန်မှု တွေများခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီ ယာဌာန (အဆောက်အအုံ) က ထရန်စဖော်မာနဲ့  ပတ်သက်ပြီး ၁၈ ခန်းကျော်ရင်တော့ မဖြစ်မနေ နေရာသတ်မှတ်ပြီးမှ တည်ဆောက်ခွင့်ပြုတယ်လို့ သိရပါ တယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service