အသစ်ပြဌာန်းလိုက်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်မှာ
၂၀၁၇ ဇန်န၀ါရီ ၁ ရက်မှာ စတင်အသက်ဝင်မယ်လို့ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးက
ပြောပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြီးခဲ့တဲ့ အောက်တိုဘာ
၁၈ ရက်က အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁ ရက်မှာ
စတင်ကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဥပဒေအသစ်နဲ့
ကိုင်တွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်မတိုင်မီက နိုင်ငံသားရင်းနှီးမြှုပ်နှံမှု
ဥပဒေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နှစ်ရပ်နဲ့ ရင်းနှီးမြှုပ်နှံမှု
ကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာ
များကို ဒီဇင်ဘာ ၃၁ ရက်အထိ ယခင်ပြဌာန်းထားသော
ဥပဒေနှစ်ရပ်နဲ့ လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး ဇန်န၀ါရီမှ
စတင်ကာ တင်ပြသော အဆိုပြုလွှာများကို ဥပဒေအသစ်နဲ့
လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
“ အစိုးရသစ်မူဝါဒကို ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည်ကြတယ်။
ဘယ်ကဏ္ဍဦးစားပေးမလဲ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒတွေကို
ဘယ်လိုဖြစ်မလဲပေါ့၊ ဒီနှစ်ဟာ ရင်းနှီးမြှုပ်နှံသူတွေက
စောင့်ကြည့်နှစ်၊ ပြင်ဆင်နှစ်လို့ ယူဆတယ်၊ တချို့သော
ရင်းနှီးမြှုပ်နှံသူတွေက ဥပဒေသစ်ကို စောင့်ကြည့်တဲ့သဘော
ရှိပါတယ်။အသက်ဝင်လာတော့ စလုပ်ဖို့
ရည်ရွယ်ထားကြတယ်။” လို့ ဦးအောင်နိုင်ဦးက
ပြောပါတယ်။
Credit: SFJ Strategy First