ဟာသသရုပ်ဆောင် လူးဝစ်စီကေသည်နာမည်ကျော် ဂရင်းဝစ်ကျေးရွာတွင် အိပ်ခန်းနှစ်ခန်းပါနေအိမ်ခန်းတစ်ခန်းဝယ်ယူလိုက်ကြောင်းနယူးယောက်
အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လူးဝစ်စီကေ၏ အမည်ရင်းမှာLouis Székely ဖြစ်ပြီးအသံထွက်မှာလူးဝစ်စီကေဟုသာအသံ
ထွက်ခြင်းကြောင့် အများကLouis C.Kဟုသာခေါ်ဆိုကြသည်။
စီကေသည် အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဝါရှင်တန်ဒီစီတွင် ၁၉၆၇ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် မွေးဖွားသည်။
ဟာသဇာတ်ကားများစွာတွင်ပါဝင်သရုပ်ဆောင်ခဲ့ပြီးအကောင်းဆုံးဟာသအယ်လ်ဘမ် ဂရမ်မီဆု ၂ ကြိမ် ရရှိခဲ့သည်။
ဝယ်ယူလိုက်သည့် နေအိမ်တည်ရှိရာမှာအမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်ရပ်ရှိဂရင်းဝစ်ကျေးရွာတွင် ဖြစ်သည်။
ယခုနေအိမ်ခန်းမှ ဆဌမရိပ်သာလမ်း၏ အနောက်ဘက်တွင်တည်ရှိသည်။
စီကေသည် West Villageတွင်လည်းလူနေခန်း ၃ ခန်းဝယ်ယူထားပြီးနောက်ဆုံးဝယ်ယူခဲ့သည့်အခန်းမှာကန်ဒေါ်လာ ၅၆၄၉၀၀ ပေးခဲ့ရသည်။
ယခုနေအိမ်ခန်းကိုကန်ဒေါ်လာ ၂ ဒသမ ၄၅ သန်းဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်ပြီးဗိသုကာပညာရှင် ပီတာအိုက်စင်မန်းနှင့် မဂ္ဂဇင်းအယ်ဒီတာစင်သီယာဒေးဗစ်ဆန်တို့ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်ခန်းအတွင်းအဆင့်မြင့်ပစ္စည်းများတပ်ဆင်ထားသောမီးဖိုဆောင်
ပါဝင်ပြီး ရုံးခန်းတစ်ခန်းလည်းပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)