" မြေလွတ်မြေရိုင်း ရရှိထားသူများအရေး” ရင်မအေးနိုင်လို့ အသိပေးပါရစေ

" မြေလွတ်မြေရိုင်း ရရှိထားသူများအရေး” ရင်မအေးနိုင်လို့ အသိပေးပါရစေ - Property News in Myanmar from iMyanmarHouse.com
28 Dec 2016 11:01 am တွင် တင်ခဲ့သည်
3559 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတိုင်းနှင့်ပြည်နယ် မြို့ကြီးများတွင် ၂၀၁၂ ခုနှစ် မြေလွတ် ၊ မြေလတ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ၊ နည်းဥပဒေများ မပြဌာန်းမီက ပြည့်နယ် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ ပုဂ္ဂလိက/ ကုမ္ပဏိ/အဖွဲ့အစည်း/ဌာနဆိုင်ရာများသို့ နှစ်(၃၀) လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်ပေးထားခဲ့သည်များ ရှိခဲ့သည်ဟု သိရသည် ။

ထိုသို့ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ချထားပေးရာ၌ မြန်မာပြည်အောက်ပိုင်း မြန်မာပြည်အထက်ပိုင်း နှင့် ပြည်နယ်အသီးသီးလည်း ပါဝင်သည်ဟု သိရသည် ။ ယင်းသို့ လုပ်ပိုင်ခွင့်ပြုရာတွက် ပုဂ္ဂလိကများသို့ အသုံးပြုခွင့် ပေးခြင်း ၊ ကုမ္ပဏိများသို့ အသုံးပြုခွင့်ပေးခြင်း အဖွဲ့အစည်းများသို့ အသုံးပြုခွင့် ပေးခြင်း နှင့် ဌာနဆိုင်ရာများသို့ အသုံးပြုခွင့်ပေးခြင်းများ ရှိခဲ့သည်ဟု သိရသည် ။

အသုံးပြုခြင်းမရှိသော မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ ပြန်လည်သိမ်းယူမည်

ယခုအခါ ထိုသို့ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ပေးထားခဲ့သည်မှန်သော်လည်း ၂၀၁၂ ခုနှစ် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိထားသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများနှင့် ပတ်သက်၍ ပုဒ်မ ၂၂ ၊ ပုဒ်မခွဲ (ဂ)တွင် မူလခွင့်ပြုကာလကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်းမရှိသေးသော မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည်ဟု ပြဌာန်းထားသဖြင့် မှုလခွင့်ပြုကာလ (ဥပမာ - နှစ် ၃၀ ) အထိဖော်ထုတ်အသုံးပြုခြင်းမရှိသေးသောသူများ အနေဖြင့် မိမိကို ရရှိထားသော မြေကွက် ၊ မြေလပ်နှင့် မြေရိုင်းများကို အမြန်ဆုံး လုပ်ကိုင်ကြဖို့ အသိပေးလိုပါသည် ။
သို့မဟုတ်ပါက နိုင်ငံတော်မှ ဥပဒေအရုပြန်လည်သိမ်းယူနိုင်သည်ကို သတိပြုသင့်ပါသည် ။

လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ပါက အာမခံကြေးနိုင်ငံတော်ဘဏ္ဍာသိမ်း

ထို့အတူ ပုဒ်မ -၂၂ ပုဒ်မခွဲ (ဃ)တွင် မှုလခွင့်ပြုကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်ကြောင်း တွေ့ရှိပါက အာမခံကြေးကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမည့်အပြင် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခံရမည်ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။

ယခုဖော်ပြပါ စည်းကမ်းချက်များကို ချိုးဖောက်ပါက မိမိလျှောက်ထားစဉ်က အာမခံကြေးငွေများကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည် ။ လုပ်ပိုင်ခွင့်များကိုလည်း ပြန်လည်သိမ်းဆည်းခံရမည်ဆိုပါက “ဖွတ်မရ ဓါးမဆုံး” “မိအေးနှစ်ခါနာ”ကိန်း မျိုးနှင့် ကြုံတွေ့နိုင်သဖြင့် ခွင့်ပြုကာလအတွင်း လုပ်ငန်းများအကောင်အထည်ဖော်ကြဖို့ အသိပေးနှိုးဆော်ပါသည် ။

ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိပါက ဗဟိုကော်မတီသို့ ပြန်လည်အပ်နှံပါ

ထို့ပြင် ၂၀၂၀ ခုနှစ် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ - ၄၇ ၊ နည်းဥပဒေခွဲ (ဃ)တွင် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိသူသည် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိပြီးနောက် ဆက်လက်လုပ်ကိုင်နိုင်ခြင်း ၊ အသုံးပြုနိုင်ခြင်း မရှိပါက ဗဟိုကော်မတီသို့ ပြန်လည်အပ်နှံရမည် ဟု ပြဌာန်းထားသည် ဟု တွေ့ရပြန်သည် ။

အခွင့်အရေးဟူသည် နှစ်ခါမရနိုင်သဖြင့် လက်လွတ်မခံကြစေလို

အမှန်ဆိုရလျင် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိထားသူမှန်သမျှ မိမိတို့ ရရှိထားသည့် လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်များကို ဆက်လက်လုပ်ကိုင်နိုင်ခြင်း ၊ အသုံးပြုနိုင်တော့ခြင်း မရှိတော့ပါဟုဆိုကာ ဗဟိုကော်မတီသို့ ပြန်လည်လွှဲပြောင်းပေးမည့်သူ လက်လွတ်ခံမည့်သူ မရှိနိုင်ပါ ။ မိမိတို့ စွမ်းနိုင်သမျှ တစ်ပိုင်တစ်နိုင် လုပ်ဆောင်ကြမည်ဟု ယုံကြည်ပါသည် ။ လုပ်လည်း လုပ်သင့်ပါည် ။ ‘အခွင့်အရေးဟူသည် နှစ်ခါမရနိုင်’ ဟုဆိုရိုးစကားလည်း ရှိသည်မဟုတ်ပါလား ။ ထို့ကြောင့် အခွင့်အရေးကို လက်လွတ်မခံဘဲ ဆက်လက်လုပ်ကိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

ကချင်ပြည်နယ် ၊ မြစ်ကြီးနား စီမံခန့်ခွဲရေး အဖွဲ့က ထုတ်ပြန်သည့် ကြော်ငြာစာ

အထက်ပါ ၂၀၁၂ ခုနှစ် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ၊ နည်းဥပဒေများကို လေ့လာနေစဉ်တွင် (၁၉.၁၂.၂၀၁၆) နေ့ မြန်မာ့အလင်းသတင်းစာ၌ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး အဖွဲ့က “မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်ရရှိပြီး နောက်ဆက်လက် လုပ်ကိုင်ခြင်း မရှိသည့်အခါ ဗဟိုကော်မတီသို့ ပြန်လည်အပ်နှံရန် ထုတ်ဆင့်သည့် ကြော်ငြာစာ” ကို ဖတ်ခဲ့ရသည် ။

ကချင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ၊ နည်းဥပဒေများ မပြဌာန်းမီ ကချင်ပြည်န် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့မှ ပုဂ္ဂလိက / ကုမ္ပဏီ / ဌာနဆိုင်ရာ ဦးရေ (၃၀၃)ဦးတို့အား မြေလွတ် ၊ မြေလက်နှင့် မြေရိုင်း ဧရိယာ (၅၉၀၄၆၀ ဒဿမ ၈၃) ဧကကို နှစ် (၃၀) လုပ်ပိုင်ခွင့် အသုံးပြုခွင့်ပေးခဲ့ပါသည် ။
ယခုအခါ မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့် ရရှိပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် လုပ်ကိုင်နိုင်ခြင်း ၊ အသုံးပြုခြင်း မရှိပါက ကျန်အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း (၃၀)အတွင်း အောက်ဖော်ပြပါအတိုင်း ပြန်လည်အပ်နှံရန် အကြောင်းကြားပါသည် ။

ပြန်လည်အပ်နှံလိုသူများ လျှောက်လွှာတွင် ပါရှိရမည့် အချက်များ

(၁) လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိထားသော ကာယကံရှင်ကိုယ်တိုင် (သို့မဟုတ်) တရားဝင် ကိုယ်စားလှယ်လွဲစာ ရရှိထားသော ပြန်လည် အပ်နှံမည့်သူသည် မြို့နယ် ဦးစီးဌာနမှူးရုံး (မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန) သို့ ခွင့်ပြုမိန့် မှုရင်းကတ်နှင့် ဆက်လက်လုပ်ကိုင်နိုင်ခြင်း ၊ အသုံးပြုနိုင်ခြင်း မရှိကြောင်း ဖော်ပြသည့် လက်မှတ် ရေးထိုးထားသော လျှောက်လွှာနှင့်အတူ တင်ပြရမည် ။
ခွင့်ပြုမိန့်ရသူ ကာယကံရှင်သည် သက်ရှိထင်ရှား မရှိပါက သက်ဆိုင်ရာ တရားရုံး၏ အမွေဆက်ခံခွင့်ဒီဂရီ/လက်မှတ် တင်ပြစေရမည် ။

(၂) လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိပြီးနောက် ဆက်လက်လုပ်ကိုင်နိုင်ခြင်း ၊ အသုံးပြုနိုင်ခြင်း မရှိသည့် မြေဧရိယာ တစ်စိတ် တစ်ဒေသအား ပြန်လည် အပ်နှံသည့် ကိစ္စရပ်များနှင့် စပ်လျှင်း၍ မြေစာရင်း ပုံစံ (၁၀၅) ၊ မြေပုံမှုရင်း (၃) ပုံတို့ကို အောက်ပါအတိုင်း တင်ပြရမည် ။
(က) လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိခဲ့သည် မြေဧရိယာအတွက် မြေစာရင်းပုံစံ (၁၀၅)မြေပုံမှုရင်း (၁)ပုံ
(ခ) တစ်စိတ်တစ်ဒေသ ပြန်လည်အပ်နှံမည့် မြေပုံဧရိယာအတွက် မြေစာရင်းပုံစံ(၁၀၅) မြေပုံ မှုရင်း (၁) ပုံ

(၃) ကျန်ရှိသည့် မြေဧရိယာအတွက် မြေစာရင်း ပုံစံ (၁၀၅) ၊ မြေပုံမှုရင်း (၁)ပုံ
ရေဘေး / လေဘေး / မီးဘေးကြောင့် ပျက်စီး / ပျောက်ဆုံးပါက ရပ်ကွက်/ မြို့နယ် အုပ်ချုပ်ရေးမှူးထောက်ခံချက်လို
အကယ်၍အကြောင်းတစ်စုံတစ်ရာကြောင့် ခွင့်ပြုမိန့် မှုရင်းကတ်ပြား ပြန်လည်အပ်နှံနိုင်ခြင်း
မရှိပါက ။ (ဥပမာ - ပျောက်ဆုံးပါက သက်ဆိုင်ရာရဲစခန်း ၊ ရပ်ကွက် / ကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူးထောက်ခံချက် ၊ သဘာဝဘေးအန္တရာယ် / မီးဘေး / လေဘေး / ရေဘေးကြောင့် ပျက်စီးခြင်း ဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံချက်) ပါရှိရန် လိုအပ်ပါသည် ဟု ဖော်ပြထားသည်ကို တွေ့ရသည် ။

ဗဟိုကော်မတီသို့ ပြန်လည်အပ်နှံရန် အကြောင်းကြားစာ ရောက်မလာမီ လုပ်ငန်းစလိုက်ပါ

ထို့ကြောင့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ၊ နည်းဥပဒေများ မပြဌာန်းမီက မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်း ဧရိယာအများအပြားကို နှစ်(၃၀) လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိထားသူများအနေဖြင့် မိမိတို့ ရရှိထားသော လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်များ မဆုံးရှုံးရလေအောင် ၊ အထပ်ပါ ကချင်ပြည်နယ် မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့က ဗဟိုကော်မတီသို့ ပြန်လည်အပ်နှံရန် အကြောင်းကြားသည့် အခြေအနေမျိုးနှင့် မကြုံတွေ့ကြစေရန် အမြန်ဆုံးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားသင့်ကြောင်း အကြံပေးလိုက်ရပါသည် ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service