တစ်ဖြည်းဖြည်း ပျောက်ကွယ်လာတော့မည့် အုတ်ဖိုကြီးများ

တစ်ဖြည်းဖြည်း ပျောက်ကွယ်လာတော့မည့် အုတ်ဖိုကြီးများ - Property News in Myanmar from iMyanmarHouse.com
26 Dec 2016 12:14 pm တွင် တင်ခဲ့သည်
5474 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေး လုပ်ငန်းကြီးငယ်တွေ သာမက အခုနောက်ပိုင်း တစ်နိုင်တစ်ပိုင် အိမ်ပြင်တာ ၊ အိမ်ဆောက်တာက အစ မီးနဲ့ ဖုတ်ရတဲ့ လက်အုတ်တွေ အစား ကွန်ကရစ် အုတ်တွေ အစားထိုး ပြီး သုံးလာတာ တော်တော်လေးကို တွင်ကျယ်လာကြပါတယ် ။

အချိုးအဆ ဘယ်လောက်နဲ့ ရောစပ်ထားမှန်းမသိတဲ့ ဘိလပ်မြေ ကွန်ကရစ်အုတ်ကို လက်အုတ်တွေ ရှားလို့ မဖြစ်နိုင်တဲ့ အတွက် သုံးနေရတာဘဲရှိပါတယ် ၊ ဘယ်သူမှ ကွန်ကရစ်အုတ်တွေကို မသုံးချင်ကြပါဘူး ၊မီးကျတ်ပြီး အုတ်သား တောင်တောင်နဲ့ မြည်နေတဲ့ အုတ်သား ကောင်းကောင်း အုတ်ချပ်တွေကို ခေတ်အဆက်ဆက်မှာ လူတန်းစား မရွေး ကြိုက်နှစ်သက်ပြီး သုံးစွဲကြတာဖြစ်ပါတယ် ၊ ဒါပေမယ့် ဘိလပ်မြေ အုတ်တစ်လုံး ထက်လက်အုတ်တစ်လုံး ဖြစ်လာဖို့ အတွက်ကတော့ အင်မတန် လက်ဝင်သလို ခက်ခဲ ပင်ပန်းဆင်းရဲ ပါတယ် ။ ဒါမှလည်း အရည်အသွေး ကောင်းတဲ့ အုတ်ချပ်တွေကို ရလာမှာဖြစ်ပြီး သုံးစွဲသူတွေ ကျေနပ် နှစ်ခြိုက်မှာ သေချာလှပါတယ် ၊ အခုနောက်ပိုင်းမှာ လက်အုတ်ကို အရည်အသွေး ဆိုတာထက် လက်အုတ်ကောင်းကောင်း နဲ့ အိမ်ဆောက်ခွင့် ရဖို့ ဆိုတာ ဘယ်လောက်ခက်ခဲ လာသလဲ ဆိုတာ အိမ်ဆောက်ဖူးတဲ့ သူတိုင်း သိကြမှာဖြစ်ပါတယ် ။

လက်အုတ်တစ်လုံး ဖြစ်ဖို့ အတွက်လိုအပ်တဲ့ မြေသား ရွေးချယ်မှု က အခုနောက်ပိုင်းမှာ မြေနေ၇ာ ရှားပါးလို့ ခက်ခဲလာသလို ၊ အုတ်ကောင်းကောင်း တစ်လုံးဖြစ်ဖို့ အတွက် သတ်မှတ်တဲ့ အပူရှိန် ကိုပေးနိုင်ဖို့ ထင်းရှာရခက်လာပါတယ် ၊ နောက်ပြီး အုတ်သားကောင်းဖို့ အတွက် မီးအချိန်အဆမှန်မှန်ကန်ကန် နဲ့ ချိန်ဆလုပ်နိုင်ဖို့ အတွက် ကျွမ်းကျင်တဲ့ အလုပ်သမားတွေ ရရှိဖို့ကလည်း လုပ်သား ရှားပါးမှု ပြသနာကြောင့် အုတ်ဖိုတော်တော်များ များ လုပ်ငန်းတွေ လည်ပတ်ဖို့ အခက်အခဲတွေ ဖြစ်ပြီး လုပ်ငန်းနားလိုက်ရတဲ့ ဖိုတွေ
ရှိလာပါပြီ ။

ဆောက်လုပ်ရေးသမားတွေဘဲ ဖြစ်ဖြစ် ၊ ရပ်ကွက်ထဲက ပန်ရန်ဆရာတွေဘဲဖြစ်ဖြစ် သာမာန် ပြည်သူတွေဘဲ ဖြစ်ဖြစ် ကွန်ကရစ်အုတ်အစား ၊ မြေအုတ်တွေကိုသာ သုံးစွဲချင်ကြတာဖြစ်ပါတယ်။ ငွေကြေး သက်သာမှုကြောင့်ဘဲဖြစ်ဖြစ် ၊ မြေအုတ်တွေ ရှားလာတာကြောင့် အလွယ်တကူ ဘဲ ဘိလပ်မြေ နဲ့ သဲနဲ့ စပ်ထားတဲ့ ကွန်ကရစ်အုတ်တွေကိုဘဲ တစ်ဖြည်းဖြည်း သုံးစွဲသူ များပြားလာတာ တွေ့ရပါတယ် ၊ ၀ယ်လိုအား များပြီး ရောင်းလိုအား နည်းပါးတဲ့ အတွက် မြေအုတ်အစား ကွန်ကရစ်အုတ်တွေကဘဲ ဈေးကွက်ထဲမှာ ဖြတ်လမ်းနည်း အဖြစ် ပြောင်းလဲ အသုံးပြုလာကြတာဖြစ်ပါတယ် ။ မဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုကြောင့်သာ အရေးပေါ် ကွန်ကရစ်အုတ်ကို သုံးကြတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်အတွက် လိုအပ်တဲ့ လက်အုတ်တွေကို အရင်တုံးက တိုက်ကြီး ၊ ပဲခူးကျောက်တန်း ၊ လှည်းကူးဘက်တွေမှာ အဆင်ပြေသလို လယ်ရှင်တွေနဲ့ အုတ်လုပ်ငန်းရှင်တွေ ပေါင်းပြီး မြေတူး အုတ်ဖုတ်တဲ့ အလုပ်ကိုနှစ်ပေါင်းများစွာ လုပ်ခဲ့ပါတယ် ၊ ဒါပေမယ့် စည်ပင်ဘက်ကနေ တရားမ၀င် အုတ်ဖုတ်လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့တဲ့ အပြင် အခုနောက်ပိုင်းမှာ ထင်းရှာရခက်တဲ့ အတွက် အုတ်လုပ်ငန်းတွေကို ထင်သလောက် မဖြစ်လာခဲ့ပါဘူး ။

အရင်တုန်းက တိုက်ကြီးမြို့နယ် ထဲမှာ အုတ်လုပ်ငန်းပေါင်း ၂၀၀ ကျော်ရှိပေမယ့် တကယ်တရားဝင်တဲ့ အုတ်ဖုတ်လုပ်ငန်းတွေ ကလက်ဆယ်ချောင်းမပြည့်တော့ပါဘူး ၊ နောက်ထပ် ဆိုးတဲ့ အချက်က အုတ်ဖုတ်လုပ်ငန်း လုပ်တဲ့ လယ်မြေတွေပါ မြေဈေးနှုန်းကြီးတဲ့ အကျိုးဆက် ကြောင့် နစ်မြုပ်လုဆဲ အုတ်ဖုတ်လုပ်ငန်းတွေ ကိုအဆင်းဘီးတပ်သလိုဖြစ်ပြီး အုတ်အချပ်ရေ ၈၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြားထွတ်တဲ့ အုတ် လုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် သောင်းဂဏန်း ထောင်ဂဏန်လောက်ထွတ်တဲ့ အုတ်ဖိုငယ်တွေလည်း ယိုင်နဲ့နဲ့ အခြေအနေဖြစ်လို့လာပါပြီ ။
ဆောက်လုပ်ရေး လုပ်ငန်းတွေ အခုနောက်ပိုင်းတစ်ဖြည်းဖြည်း များပြားလာတဲ့အတွက် အုတ်လိုအပ်ချက်တွေ ရှိနေပေမယ်လည်း အုတ်ဖုတ်လုပ်ငန်းတွေ ဘက်မှာလည်း အရေးကြီးတဲ့ထင်းရှားပါးလာတဲ့ ပြသနာတွေ အပြင် အုတ်ဖုတ်လုပ်ငန်းဆိုတာကလည်း ရာသီဥတုကို မှီခိုတွက်ချက်လုပ်ရတဲ့ အလုပ်ဖြစ်တဲ့ အတွက်ကြောင့် အခုနောက်ပိုင်း မိုးမမှန်လေမမှန်တဲ့ နှစ်တွေ များလာတဲ့ အတွက် ရိုးရာ လက်အုတ်ထုတ်လုပ်သူတွေ ၀ယ်လိုအား ရှိတဲ့ တိုင်အောင် တစ်ဖြည်းဖြည်း နဲ့ အုတ်ဖိုကြီး တွေ ကွယ်ပျောက်လာတာဖြစ်ပါတယ်။

နောက်ထပ် အရေးအကြီးဆုံး တစ်ချက်ကတော့ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ (လန/၃၉) အရ လယ်ယာမြေများပေါ်တွင် လယ်ယာ လုပ်ငန်းမှအပ အခြားလုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုမထားတဲ့ အပြင် ၂၀၁၂ လယ်ယာမြေဥပဒေမှာလည်း လယ်မြေကို လယ်မြေကလွှဲပြီး အခြားနည်း သုံးခွင့်မပေးတော့ တဲ့ ပြဌာန်းချက်တွေကြောင်လည်း လယ်မြေကို အားပြုပြီးလည်ပတ်ထုတ်လုပ်ရတဲ့ အုတ်ဖိုကြီးတွေ ဆက်လက်အလုပ်လုပ်ဖို့ ခက်ခဲလိုလာစေခဲ့ပါတယ် ။

ရန်ကုန်တိုင်းတစ်တိုင်းလုံးက ဆောက်လုပ်ရေး လုပ်ငန်းတွေ အတွက် လိုအပ်တဲ့ အုတ်တွေကို အဓိက ထောက်ပံ့ ဖြည့်ဆည်းပေးနေတဲ့ မြိုစွန်မြို့နယ်တွေက အုတ်ဖိုအဖြစ် လည်ပတ်နေတဲ့ လယ်မြေတွေမှာလည်း ၂၀၁၁ ခုနှစ် နှစ်လယ်လောက်က စပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက တရားစွဲ အရေးယူခဲ့တာကြောင့်လည်း အုတ်ဖိုကြီးတွေ အခုနောက်ပိုင်းတော်တော်လေး ရှားသွားပြီဖြစ်ပါတယ်။

ရန်ကုန်က ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ၊ အိမ်ဆောက်မယ့် သူတွေ ကတော့ ကိုယ်လိုတဲ့ အုတ်အရေ အတွက်ကို ရဖို့ အရောင်းဆိုင်တွေက တဆင့် ဘယ်ဆီကမှန်းမသိတဲ့ အုတ်ကို ရဖို့ အတွက် အရေအတွက် ပမာဏကို ကြိုတင်ပြီးမှာ ကြားထားရပါတယ် ၊ ဒါတောင် မှ အနည်းဆုံး တစ်ပတ်လောက် ကြာမှ လက်ဝယ်ရနိုင်တာဖြစ်ပါတယ် ။

အုတ်တွေ ရှားပါးလာတာကြောင့်လည်း ဈေးကွက်ထဲမှာ အုတ်တွေ လှောင်ထားပြီး ဈေးတက်မှ ပြန်ထုတ်ရောင်းတဲ့ အုတ်ခရိုနီတွေလည်း ရှိလာပါတယ် ။ ဒါကဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်တဲ့ အကျိုးဆက်ဖြစ်ပါတယ် ၊ ဒါတောင် ဆောက်လုပ်ရေး လုပ်ငန်းတွေ အလားအလာ မကောင်းတဲ့ အချိန်ဖြစ်နေလို့ ခံသာနေတာဖြစ်ပါတယ် ၊ အရင်လို ဆောက်လုပ်ရေး လုပ်ငန်းတွေ အုံနဲ့ ကျင်းနဲ့ ပြန်ထောင်လာရင်တော့ အုတ်လိုအပ်ချက်က မစဉ်းစားရဲလောက်အောင် လိုအပ်ချက် ကြီးမားပါတယ်
ဈေးကွက်ထဲမှာ သာမန် ဘိလပ်မြေ နဲ့ သဲရောထားတဲ့ ကွန်ကရစ်အုတ်က တစ်လုံးမှ အလွန်ဆုံး ၆၀ ကျော်သာသာ လောက်ရှိတဲ့ အချိန်မှာ လက်အုတ်က တစ်လုံးကို ကျပ် ၁၀၀ ကျော်ပေးပြီး မှာရတဲ့ အနေအထားကို တွက်ဆကြည့်လိုက်ရင် ပြသနာ ရဲ့ အတိမ်အနက်ကို ခန့်မှန်းလို့ ရနိုင်မှာဖြစ်ပါတယ် ။ ပြသနာရှိရင် ပြသနာကို ဖြေရှင်းနိုင်မယ့် အဖြေဆိုတာ နောက်ဆက်တွဲ ရှာကြည့်ရင်တွေ့နိုင်မှာ ဖြစ်ပါတယ် ၊ အုတ်လုပ်ငန်းတွေ တစ်ဖြည်းဖြည်း တိမ်ကော ပပျောက်သွားမယ် ဆိုရင် ရန်ကုန်က အဆောက်အအုံ တွေ အတွက် လိုအပ်တဲ့ အုတ်တွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းထောက်ပံ့ကြမှာလဲ ၊ အုတ်လုပ်ငန်းတွေ ဆက်လက်ရှင်သန်ဖို့ အတွက် လိုအပ်တဲ့ ငွေကြေး ၊ မြေကြီးနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို လမ်းဖွင့်ပေးဖို့လိုပါပြီ ၊ အုတ်လုပ်နိုင်တဲ့ လယ်မြေ တိုင်းကို အုတ်ဖုတ်ခွင့်တွေ တရစပ်ပေးပြီး ချိုင့်တွေ ကျင်းတွေ နဲ့ ပစ်စလက်ခ ခွင့်ပြုမိန့်မျိုး မဆိုလိုပါဘူး ၊ သီးနှံဖြစ်ထွန်းမှု အားနည်းပြီး စိုက်ရပျိးရခက်နိုင်မယ့် မြေလွတ်မြေရိုင်းတွေမှာ တစ်နေရာတည်းက အုတ်ဖုတ်လုပ်ငန်းတွေကို စုစည်းနေရာ ချထားပေးနိုင်မယ် ဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ ပြန်လည်ပြေလည်မှု ရလာမှာ
ဖြစ်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service