၂၀၁၇ တွင် ရှန်ဟိုင်းအိမ်ခြံမြေ ဆွဲဆောင်အားကောင်းမည်

၂၀၁၇ တွင် ရှန်ဟိုင်းအိမ်ခြံမြေ ဆွဲဆောင်အားကောင်းမည် - Property News in Myanmar from iMyanmarHouse.com
26 Dec 2016 10:42 am တွင် တင်ခဲ့သည်
953 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတကာငွေကြေးက တရုတ်ပြည်မကြီးတွင် အထူးသဖြင့် ပြည်မကြီးရှိ ပထမတန်းစားမြို့ကြီးများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်အင်အားကောင်းနေဆဲဖြစ်သဖြင့်
လာမည့် ၂၀၁၇ ခုနှစ်၌ အာရှပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာများသည် ဆွဲဆောင်အားကောင်းမည်ဖြစ်ကြောင်း အကျိုးအမြတ်အတွက်
မဟုတ်သည့် သုတေသနအဖွဲ့အစည်း Urban LandInstitute နှင့် PricewaterhouseCoopers ၀န်ဆောင်မှုကွန်ရက်ကုမ္ပဏီတို့ ပူးတွဲထုတ်
ပြန်လိုက်သည့် ၂၀၁၇ခုနှစ်အတွက် အာရှပစိဖိတ်အိမ်ခြံမြေအလား
အလာ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့အိမ်ခြံမြေအကြံပေးကုမ္ပဏီ JLL ကလည်း တရုတ်တွင် အစိုးရက ငွေကြေးစီးဆင်းမှုကို စောင့်ကြည်မည်ဟု ကြွေးကြော်
ထားသော်လည်း ရင်းနှီးမြှုပ်နှံသူများသည်
လာမည့် ၂၀၁၇ ခုနှစ်တွင် ပြည်ပအိမ်ခြံမြေကဏ္ဌများ၌ ဆက်လက်ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ် ဒီဇင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရှန်ဟိုင်းသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် အဓိကဈေးကွက်တစ်ခု သို့မဟုတ်
ဒေသဆိုင်ရာ ဂိတ်တံခါးပေါက်တစ်ခုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှန်ဟိုင်းသည် ၂၀၁၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအတွက် နံပါတ် ၆နေရာနှင့် ဖွံ့ဖြိုးမှုအလားအလာအတွက် နံပါတ် ၇ နေရာတို့၌ ဖော်ပြခံခဲ့ရသည်။ ယင်း
သည် ယခုနှစ်တွင် ၉ နှင့် ၁၀ နေရာတို့၌ အသီးသီးရပ်တည်ခဲ့ခြင်းထက် မြင့်တက်ဖော်ပြ
ခံခဲ့ရခြင်းဖြစ်သည်။ စန်းကျန်းက ကဏ္ဌနှစ်ခုစလုံး၌ နံပါတ် ၅ နေရာ၊ ကွမ်ကျိုးက နံပါတ်၁၀ နှင့် နံပါတ် ၁၃ နေရာနှင့် ပေကျင်းက နံပါတ် ၁၁ နှင့် ၈ နေရာတို့တွင် အသီးသီးဖော်ပြခံခဲ့ရသည်။

တရုတ်မြို့ကြီးများအားလုံးတွင် စန်းကျန်းက အမြင့်ဆုံးဖြစ်ခဲ့သည်။
ထိုအဖွဲ့သည် အာရှပစိဖိတ်တစ်လွှား မြို့ကြီး ၂၂ မြို့ရှိ ရင်းနှီးမြှုပ်နှံသူ၊ developer(မြေယာဝယ်ယူ၍အိမ်ရာဆောက်လုပ်ရောင်းချသူ)၊ အိမ်ခြံမြေကုမ္ပဏီကိုယ်စားလှယ်များ၊

ဘဏ်အပါအ၀င် ငွေကြေးအဖွဲ့အစည်းများ၊ ပွဲစားများနှင့် အတိုင်ပင်ခံများအပါအ၀င်
အိမ်ခြံမြေလုပ်ငန်းဖြင့်အသက်မွေးသူ၊ ကျွမ်းကျင်ပညာရှင် ၆၀၀ ကျော်ကို အင်တာဗျူး၍ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပထမတန်းစားတရုတ်မြို့ကြီးများ၏ အိမ်ခြံမြေဈေးကွက်များတွင် ဈေးနှုန်းများသည်
မြင့်တက်နေဆဲဖြစ်သည်။ စန်းကျန်းမြို့တွင် ယခုနှစ် ပထမကိုးလတာ
အတွင်းနေအိမ်ဈေးနှုန်းများသည် ယခင်နှစ်ပထမကိုးလကထက် ရာခိုင်နှုန်း ၄၀ မြင့်တက်ခဲ့သည်။ယင်းသည် ထိုကာလအတွင်း ကမ္ဘာ့အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။

တစ်နှစ်ထက်တစ်နှစ်တက်လာသည့် ရုံးခန်းငှားရမ်းခများသည်လည်း ယခုနှစ်တွင် ၂၀၀၉ကထက် နှစ်ဆမြင့်တက်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service