ဝင်ငွေနည်း ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဝင်ငွေနည်း ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော - Property News in Myanmar from iMyanmarHouse.com
26 Dec 2016 9:30 am တွင် တင်ခဲ့သည်
727 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးမြင့်အိမ်ရာများ ရောင်းချပြီးရရှိသည့် ဘဏ္ဍာငွေ ထဲမှ ၀င်ငွေနည်းပြည်သူများဝယ် ယူနိုင်သော တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ရန်ကုန်မြို့ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအ ဆင့်မြင့်အိမ်ရာ ဖွင့်ပွဲအခမ်းအနား တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘တန်ဖိုးကို ငွေအရပဲမကြည့်ဘူးဆိုရင် တတ်နိုင်တဲ့သူရှိသလို မတတ်နိုင်သူတွေရှိပါတယ်။ တန်ဖိုးမြင့်အိမ်ရာတွေက ရရှိတဲ့ဝင်ငွေတွေကနေ တန်ဖိုးနည်းအိမ်ရာ တွေမှာသုံးဖို့ ဘဏ္ဍာငွေတစ်ခုအ နေနဲ့ စီမံဖို့လုပ်ဆောင်သွားမှာပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက် က စတင်တည်ဆောက်ခဲ့သည့် ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံ ကိန်းတစ်ခုလုံး၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာဖွင့်ပွဲတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရန်ကုန်မြို့သည် ဖွံ့ဖြိုးမှုနိမ့်ကျ သော လူနေအဆောက်အအုံများ ဖြင့် အရှေ့တောင်အာရှ၌ အလှအပဆုံးမြို့တော်အဖြစ်မှ ကျဆင်း ခဲ့ခြင်းကို အဆင့်အတန်းမြင့်သည့် အဆောက်အအုံများ ဆောက် လုပ်ပြီး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

‘‘အိမ်ရာတွေဟာ တန်ဖိုးမြင့် သလောက် အဆင့်အတန်းမီရဲ့ လား၊ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေရှိရဲ့လား ဆိုတာတွေကို ထည့်သွင်း တွက်ချက် တည် ဆောက်ဖို့ လိုလာပါပြီ။ ရန်ကုန် ဟာ တော်တော်လည်း ပျက်စီးခဲ့ တာတွေများနေပါပြီ။ ဒါကြောင့် ရန်ကုန်မြို့ကြီးကို ပြုပြင်မွမ်းမံဖို့ ကျွန်မတို့ဆောင်ရွက်နေပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဝင်ငွေနည်းပြည်သူများဝယ် ယူနိုင်ရေး တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် နည်း လမ်းရှာဖွေမှုများစတင်ပြုလုပ်နေ ပြီး ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ အိမ်ရာဖွံ့ဖြိုးရေးကို ငါးနှစ်စီမံကိန်း ရေးဆွဲထားရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၁ ဒသမ ၈ သိန်းခန့်အ ကောင်အထည်ဖော်သွားနိုင်ရန် ရည်ရွယ်ထားသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရတနာနှင်းဆီအဆင့်မြင့် အိမ်ရာဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်တက်ရောက်ဖွင့် လှစ်ခဲ့သည့် ရတနာနှင်းဆီအဆင့် မြင့်အိမ်ရာသည် ၁၈ ထပ်အမြင့်ရှိ ပြီး တိုက်အလုံးပေါင်း ငါးလုံးပါဝင်ကာ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက နှစ်လုံး၊ ရွှေတောင်ကုမ္ပဏီ က သုံးလုံးတည်ဆောက်ထား ခြင်း ဖြစ်သည်။

အခန်းတစ်ခန်းလျှင် ပျမ်းမျှ အကျယ်အ၀န်း ၆၀၀ စတုရန်း ပေမှ ၁,၂၀၀ စတုရန်းပေအထိရှိ ပြီး လက်ရှိတွင် အခန်းအရေအ တွက် ၂၇၀ ကျော်ကို စတင်ရောင်းချမည် ဖြစ်သည်။ အခန်းတစ်ခန်း၏ တန်ဖိုးမှာ ကျပ်သိန်း ၆၀၀ မှ သိန်း ၁,၂၀၀ အထိ သတ်မှတ် ထားကြောင်း သိရသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service