နယူးယောက်တွင် နှစ်ပေါင်း ၆၀ ကျော်နေထိုင်လာသည့် အိမ်ငှားအဘိုးအိုတစ်ဦးကို နှင်ထုတ်ရန်ကြိုးပမ်းသော ကုမ္ပဏီအား ရှေ့နေချုပ် စစ်ဆေးလျက်ရှိ

နယူးယောက်တွင် နှစ်ပေါင်း ၆၀ ကျော်နေထိုင်လာသည့် အိမ်ငှားအဘိုးအိုတစ်ဦးကို နှင်ထုတ်ရန်ကြိုးပမ်းသော ကုမ္ပဏီအား ရှေ့နေချုပ် စစ်ဆေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
23 Dec 2016 11:09 am တွင် တင်ခဲ့သည်
5147 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် နှစ်ပေါင်း ၆၀ ကျော်နေထိုင်လာသည့် အိမ်ငှားအဘိုးအိုတစ်ဦးကို နှင်ထုတ်ရန် ကြိုးပမ်းသော Pine Management ကုမ္ပဏီအား ရှေ့နေချုပ် စစ်ဆေးလျက်ရှိကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မက်ဇ်ဝဲလ် လယ်ဗီးအမည်ရှိ အဘိုးအိုမှာ အသက် ၉၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး နယူးယောက်မြို့၊ အနောက် ၈၀ လမ်းတွင် ၁၉၅၀ ပြည့်လွန်နှစ်များ ကတည်းကပင် ငှားရမ်းနေထိုင်လာခဲ့ခြင်းဖြစ်
သည်ဟု ဆိုသည်။

ယင်းအိမ်ခြံမြေကုမ္ပဏီသည် ယခု ၂၀၁၆ ၊ သြဂုတ်လအတွင်း မက်ဇ်ဝဲလ် လယ်ဗီးထံ နေအိမ်မှထွက်ခွာရန်အတွက် သတိပေးအကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း နယူးယောက်နေ့စဉ်သတင်းတွင် ဖော်ပြသည်။

ကုမ္ပဏီပိုင်ရှင်များဖြစ်သော ထောမတ်စ် ရိုးမန် (Thomas Rohlman) နှင့် သားများဖြစ်သူ ဒင်နီယယ်၊ ဂျေဆင်တို့သည် မက်ဇ်ဝဲလ် လယ်ဗီးကို အနောက် ၈၀ လမ်း၊ အမှတ် ၂၁၁ မှ ၂၀၁၄ ခုနှစ်ကတည်းကပင် နှင်ထုတ်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါကုမ္ပဏီသည် အိမ်ငှားများစွာကို နှင်ထုတ်ရန် ကြိုးပမ်းနေကြောင်း တိုင်တန်းချက်များစွာရှိလာသောကြောင့် ယခုအခါ ပြည်ထောင်စုစာရင်းစစ်ချုပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး သမ္မာန်စာပေးပို့ထားသည်။

မက်ဇ်ဝဲလ် လယ်ဗီး၏ အမှုကို အိမ်ခြံမြေတရားရုံးတွင် လာမည့် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၈) တွင် စတင်ကြားနာသွားမည် ဖြစ်သည်။
လယ်ဗီးသည် ဒုတိယကမ္ဘာစစ် စစ်ပြန်ကြီးတစ်ဦးဖြစ်ပြီး အခန်း ၆ ခန်းပါ လူနေခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၁၆၅၀ ပေးကာ ငှားရမ်းနေထိုင်လျက်ရှိခြင်း ဖြစ်သည်။

လယ်ဗီးက ပြောကြားရာတွင် ၎င်းအား နှင်ထုတ်ရန်ကြိုးပမ်းခြင်းမှာ ဈေးကွက်ပေါက်ဈေး ငှားရမ်းခ ရလိုခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားသည်။
“ကျွန်တော်နေတဲ့ အခန်းကို သူတို့လိုချင်နေကြတယ်။ ဘာလို့လဲဆိုတော့ ဒီအခန်းကနေ ကျွန်တော်ထွက်သွားရင် သူတို့ငှားခ ပိုရမှာဖြစ်လို့ပါ။ ကျွန်တော်ထွက်သွားတာနဲ့ ဒီအခန်းကို သူတို့ နှစ်ခန်းခွဲလိုက်မယ်။ ဒါဆိုရင် ငှားခနှစ်ဆရနိုင်လို့ ဖြစ်ပါတယ်” ဟု မက်ဇ်ဝဲလ် လယ်ဗီးက ပြောကြားသည်။
Pine Management ကုမ္ပဏီသည် နယူးယောက်မြို့ မန်ဟက်တန်နှင့် ဘရွတ်ကလင်းတို့တွင် အိမ်ခြံမြေပေါင်း ၃၈ ခု ပိုင်ဆိုင်ထားကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်တွင် နှစ်ပေါင်း ၆၀ ကျော်နေထိုင်လာသည့် အိမ်ငှားအဘိုးအိုတစ်ဦးကို နှင်ထုတ်ရန်ကြိုးပမ်းသော ကုမ္ပဏီအား ရှေ့နေချုပ် စစ်ဆေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service