အမရပူရမြို့ပြစီမံကိန်းပြုလုပ်မည့်ကုမ္ပဏီက မြေတစ်ဧက ကျပ်သိန်း ၈၀၀ အထိပေးပြီး ဝယ်ယူနေ

အမရပူရမြို့ပြစီမံကိန်းပြုလုပ်မည့်ကုမ္ပဏီက မြေတစ်ဧက ကျပ်သိန်း ၈၀၀ အထိပေးပြီး ဝယ်ယူနေ - Property News in Myanmar from iMyanmarHouse.com
23 Dec 2016 10:56 am တွင် တင်ခဲ့သည်
2223 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့အနီး အကောင်အထည်ဖော်မည့် အမရပူရမြို့ပြစီမံကိန်းအတွက် ကုမ္ပဏီက မြေတစ်ဧကလျှင် ကျပ်သိန်း ၈၀၀ အထိ ဈေးပေးဝယ်ယူနေကြောင်း သတင်း ရရှိသည်။

ဧရာဝတီမြစ်ကမ်းဘေး သောင်ပြင်များပေါ်ရှိ မြေဧကနှစ်ထောင်ပေါ်တွင် တည် ဆောက်နေသည့် စီမံကိန်းဖြစ်ပြီး ဦးမောင်ဝိတ်၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Mandalay Business Capital Development ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်သည်။

မြေယာများကို နှုန်းသေ သတ်မှတ်ထားခြင်းမရှိဘဲ မြေနေ ရာအနေအထားနှင့်ကာလပေါက်ဈေးအပေါ်မူတည်ပြီး တောင်သူတစ်ဦးချင်းနှင့် ညှိနှိုင်းဈေးဖြတ်ဝယ်ယူခြင်းဖြစ်ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရဲဝင်းက ပြော ကြားသည်။ မြေတစ်ဧကလျှင် အ နည်းဆုံး ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၈၀၀ အထိ ရှိသည်။ မြေ များသည် မြစ်ကမ်းစပ် သဲသောင်ကျွန်းမြေများဖြစ်ပြီး ပုဂ္ဂလိက ဒေသခံများက ပိုင်ဆိုင်သည့် မြေနေရာများဖြစ်သည်။

‘‘ကျွန်တော်တို့ ဝယ်ယူရရှိမှု အနေနဲ့ စီမံကိန်းဧရိယာရဲ့ သုံးပုံ တစ်ပုံလောက် ဝယ်ယူပြီးပါပြီ။ သုံးပုံတစ်ပုံကျော်ပါပြီ’’ဟု ဦးဇော် ရဲဝင်းက ပြောသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းကို အမရပူရမြို့နယ် မန္တလေးမြို့ပတ်လမ်း၏ အရှေ့ဘက်ရှိ အကျယ်အဝန်းဧရိယာ မြေဧက ၅၀၀ ခန့်နှင့် မန္တလေးမြို့ပတ်လမ်း ၏ အနောက်ဘက်နှင့် ဧရာဝတီ မြစ်ကြားရှိ အကျယ်အဝန်းဧရိယာ မြေဧက ၂,၀၀၀ ခန့်ပေါ်တွင် အ ကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်သည်။

ယင်းစီမံကိန်းကို ဦးမောင်ဝိတ်ပိုင်ဆိုင်သည့် MBCCD က ငွေကျပ် ဘီလီယံ ၅၀၀ ကနဦးရင်းနှီး မြှုပ်နှံကာ အကောင်အထည်ဖော် မည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်း ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာ စစ်တမ်း(EIA, SIA)များ ကောက်ယူလျက် ရှိသည်ဟု ဆိုသည်။

ရှမ်းကလေးကျွန်း ကျေးရွာ အနီးရှိ ကိုင်းမြေ၊ ကျွန်းမြေနှင့် မြေနုကျွန်းများကို ကုမ္ပဏီက ယခု နှစ်ဆန်းကစတင်ကာ ဝယ်ယူနေပြီး ရှမ်းကလေးကျွန်းဒေသခံများ အနက် သုံးပုံတစ်ပုံခန့်သည် မြေ ယာများ ရောင်းချထားပြီး ဖြစ် သည်ဟု စီမံကိန်းဧရိယာအတွင်း ပါဝင်နေသည့် ရှမ်းကလေးကျွန်း ကျေးရွာနေ ဒေသခံများက ပြော ကြားသည်။

‘‘ကနဦးက တစ်ဧက သိန်း ၇၀၀ နဲ့ စဝယ်တယ်။ အခုတစ် ဧကကို သိန်း ၈၀၀ နှုန်းပေးတယ်။တချို့ကတော့ ရောင်းပြီးကြပြီ။ တော်တော်များများကတော့ မရောင်းကြသေးဘူး။ တချို့က လည်း ဈေးပိုရဦးမလားလို့ စောင့် နေကြတာလည်းရှိတယ်’’ဟု ရှမ်း ကလေးကျွန်းကျေးရွာနေ မြေသုံး ဧကခွဲကျော်ပိုင်ဆိုင်ပြီး နှစ်ဧက ခန့် ရောင်းချထားသည့် ဒေသခံ တစ်ဦးက ပြောသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းသည် ဧရာဝတီမြစ်အတွင်း မြေဖို့ကာ အကောင်အထည်ဖော် မည့် စီမံကိန်း ဖြစ်သကဲ့သို့ မန္တလေး၊ အင်းဝ၊ အမရပူရ စသည့်ရှေးဟောင်းမြို့များနှင့် ဆက်စပ် နေသည့် နေရာတွင် အကောင်အ ထည်ဖော်မည်ဖြစ်၍ သဘာဝပတ် ဝန်းကျင် ထိခိုက်ပျက်စီးခြင်းနှင့် မြစ်ကမ်းပြိုကျခြင်းကဲ့သို့ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်မည်ကို ဒေသခံများက စိုးရိမ်ပူပန်မှုများ ရှိနေသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာ စစ်တမ်း များ (EIA, SIA, EMP Report) ကောက်ယူကာ အစိုးရအဖွဲ့ထံ တင်ပြပြီး ခွင့်ပြုချက်ရပါက ၂၀၁၇ နှစ်ဆန်း၌ စီမံကိန်းလုပ်ငန်းများ စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း MBCCD ကုမ္ပဏီမှ ဦးမောင်ဝိတ်က ပြောသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service