ရတနာနှင့်ဧရာဝဏ်အိမ်ရာစီမံကိန်း မူလသတ်မှတ်ချိန်ထက် နောက်ကျမှသာစီမံကိန်းတစ်ခု လုံးပြီးစီးနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သတင်း ရရှိသည်။
ယခင် အစိုးရလက်ထပ်က ၂၀၁၈တွင်ပြီးစီးမည်ဟု ခန့်မှန်းခဲ့သော်လည်း အစိုးရ အပြောင်းအလဲတွင် အဆိုပါ အိမ်ရာစီမံကိန်း ၌အပြောင်းအလဲ အချို့ပြုလုပ်ခဲ့ရကြောင်း စီမံကိန်းတာဝန်ခံ ဦးကျော်ဇေယျကပြောသည်။
ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတုပူးပေါင်းရင်းနှီးမြှပ်နှံသည့် ပုံစံပြောင်းလဲပြီး လုပ်ဆောင်မည်ဖြစ်သောကြောင့်
သတ်မှတ်ချိန်ထက် တည်ဆောက်မှု ကြာမြင့်သွားနိုင်ကြောင်း ၄င်းကဆိုသည်။
လက်ရှိတွင် ဧရာဝဏ် စီမံကိန်းအပိုင်းမှ မြို့ရွာနှင့် အိုးအိမ်ဖွံဖြိုးမှုဦးစီးဌာနက တာဝန်ယူတည်ဆောက်သည့် အပိုင်းမှ ၁၈ထပ်အမြင့်ရှိ တိုက်နှစ်လုံးပြီးစီးသွားပြီဖြစ်ကာ ရောင်းချမှုများစတင်နေပြီဖြစ်သည်။
အဆိုပါတိုက်နှစ်လုံးမှ အခန်း အရေအတွက် ၂၇၀ကျော် ထွက်ရှိမည်ဖြစ်သောကြောင့် လူနေထိုင်ခွင့်မှာ ၂၀၁၇တွင် စတင်ရရှိမည်ဖြစ်သည်။
ရတနာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်း တစ်ခုလုံး၌ ၁၈ထပ်အမြင့်ရှိ တိုက်အလုံးပေါင်း ၄၉လုံးပါဝင်ပြီး အခန်းအရေအတွက် ၁၅၀၀၀ ကျော် ထွက်ပေါ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com