ဧရာဝဏ် - ရတနာ အိမ်ရာစီမံကိန်းရှိ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှ ကွန်ဒိုတိုက်ခန်းများအား စတင်ရောင်းချပြီ

ဧရာဝဏ် - ရတနာ အိမ်ရာစီမံကိန်းရှိ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှ ကွန်ဒိုတိုက်ခန်းများအား စတင်ရောင်းချပြီ - Property News in Myanmar from iMyanmarHouse.com
23 Dec 2016 10:02 am တွင် တင်ခဲ့သည်
1427 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း တည်ဆောက်ထားသည့် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှ ကွန်ဒိုတိုက်ခန်းများအား တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်းကို စင်ကာပူနိုင်ငံ၏ Surbana Jurong မှဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာလမ်းတွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းမှ ပထမအဆင့် တည်ဆောက်ပြီးစီးသည့် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ ခြောက်လုံးအား မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းနှင့် အခန်းအကျယ်အ၀န်းကိုလိုက်၍ ကျပ်သိန်း ၆၀၀ မှသိန်း ၁၂၀၀ အထိတန်ဖိုးရှိ ကွန်ဒိုတိုက်ခန်းများ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှ ကွန်ဒိုတိုက်ခန်းများအား ကနဦးပေးချေငွေ ရာခိုင်နှုန်း ၃၀ ကို တစ်နှစ်အရစ်ကျ ပေးသွင်းပြီးကျန်ငွေကို တစ်လလျှင် ကျပ်ငါးသိန်းဝန်း ကျင်မှစ၍ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD) ၏ Housing Loan System ဖြင့်စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း၊ နှစ်ရှည်ချေးငွေကာလကို ရှစ်နှစ်မှ ၁၅နှစ်အထိ သတ်မှတ်ထားကြောင်း သိရသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းလုပ်ဆောင်နေသည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းမှာ ငွေကြေးအခက်အခဲကြောင့် ရပ်ဆိုင်းနေပြီး အဆိုပါအခြေအနေကို အစိုးရအဖွဲ့မှ ကူညီစေလိုကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌက ဒီဇင်ဘာ ၁ ရက်က UMFCCI ၌ကျင်းပသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေသို့ တင်ပြခဲ့ကြောင်း သိရသည်။

“အရှေ့ဘက်မှာ ဒုတိယသမ္မတကြီးတို့ ဆောက်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ Investor တွေလိုပြီးတော့ အစကလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောက်တာပါ။ အခုကျ Investment တွေလိုနေပြီး ပိုက်ဆံလည်းမရှိတဲ့ အတွက်ကြောင့်မို့ ရပ်ဆိုင်းနေပါတယ်။ အဲဒါကိုလည်း အလေးအနက် စဉ်းစားပြီးတော့ ကျွန်တော်တို့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဒီကဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ၀ိုင်းလုပ်နေကြတာပါ။ အဲဒါကိုလည်း ပိုပြီးမြန်ဆန် သွက်လက်ဖို့အတွက် စဉ်းစားပေးပါလို့ တင်ပြလိုပါတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားသည်။

အိမ်ရာစီမံကိန်းနှစ်ခုကို၂၀၁၃ ခုနှစ်ဧပြီ ၁၀ ရက်က မြေဧက ၂၂၀ ၌ စတင်ဆောက်လုပ်ခဲ့ပြီး ဧရာဝဏ် - ရတနာ တန်ဖိုးသင့် အိမ်ရာစီမံကိန်း၌ ၂၄ ခန်းတွဲ ၁၈ ထပ်အဆောက်အအုံ ၄၉ လုံးပါဝင်ပြီး အခန်းပေါင်း ၁၆၆၉၆ ခန်းပါဝင်သည်။ အခန်းများကို အကျယ်အ၀န်း 600 sqft မှစ၍ ဆောက်လုပ်ခြင်းဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်းမှုဖြင့် ကနဦးတွင် ၁၈ ထပ် အဆောက်အအုံ ခြောက်လုံး ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service