ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်း အခန်းပေါင်း ၂၇၀ ကျော်၍ လူနေထိုင်ခွင့် စတင်ရရှိမည်

ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်း အခန်းပေါင်း ၂၇၀ ကျော်၍ လူနေထိုင်ခွင့် စတင်ရရှိမည် - Property News in Myanmar from iMyanmarHouse.com
22 Dec 2016 10:11 am တွင် တင်ခဲ့သည်
1657 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အကောင်အထည်ဖော်နေသည့် ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံ ကိန်းအခန်းပေါင်း ၂၇၀ ကျော်၌ ၂၀၁၇ တွင် လူစတင်နေထိုင် နိုင်တော့မည်ဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ သ တင်းရရှိသည်။

‘‘အိုးအိမ်က ဆောက်တဲ့ အ ထပ်မြင့်ငါးလုံးမှာ နှစ်လုံးက ၉၀ ရာခိုင်နှုန်းပြီးသွားပြီ။ လူနေမယ် ဆိုရင် ၂၀၁၇ မှာ နေလို့ရပြီ’’ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်း အမှုဆောင် အင်ဂျင်နီယာ ဦးကျော်ဇေယျက ပြောကြားသည်။

အထပ်ပေါင်း ၁၈ ထပ်၊ အခန်းပေါင်း ၅၀၀ ကျော်ရှိသည့် ရတနာနှင့် ဧရာဝဏ်အိမ်ရာ စီမံ ကိန်းအတွင်း ပါဝင်သည့် ရတနာ နှင်းဆီ အဆင့်မြင့် အိမ်ရာ၌ ပထမဆုံး လူနေထိုင်ခွင့်ရရှိတော့ မည်ဖြစ်သည်။

အဆိုပါအိမ်ရာစီမံကိန်းကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန နှင့် ရွှေတောင်ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းတည်ဆောက်ခြင်း ဖြစ်သည်။

အခန်းတစ်ခန်းလျှင် ကျပ် သိန်း ၆၀၀ မှ သိန်း ၁,၂၀၀ အထိ ဈေးနှုန်းသတ်မှတ်ထားသည့် အ ဆိုပါ အိမ်ရာစီမံကိန်းမှာ စီမံကိန်း တစ်ခုလုံး၌ ပထမဆုံး လူနေထိုင် နိုင်မည့် အစိတ်အပိုင်းတစ်ခုဖြစ် သည်။

၂၀၁၃ က စတင် တည် ဆောက်ခဲ့သည့် ရတနာနှင့် ဧရာ ၀ဏ်အိမ်ရာစီမံကိန်းကို အစိုးရ သစ် လက်ထက်တွင် ပုဂ္ဂလိက ကုမ္ပဏီအချို့နှင့် အကျိုးတူ ဆက်လက်ပူးပေါင်းတည်ဆောက်လျက်ရှိသည်။

‘‘အစိုးရ ပြောင်းသွားတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အ ပြောင်းအလဲတချို့ ပြန်လုပ်ထား တယ်။ ဒါကြောင့် အပြောင်းအလဲ တချို့ရှိနိုင်တယ်’’ဟု ဦးကျော်ဇေ ယျက ပြောသည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အချက်အလက်များကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်သော ကြောင့် စီမံကိန်း တစ်ခုလုံးမှာ မူလသတ်မှတ်ချိန်ထက် သုံးနှစ် ခန့်နောက်ကျပြီးမှသာ ပြီးစီးနိုင် ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

ရတနာနှင့် ဧရာဝဏ် အိမ် ရာစီမံကိန်းတစ်ခုလုံးတွင် ၁၈ ထပ်အမြင့်ရှိ တိုက်အလုံးပေါင်း ၄၉ လုံးပါဝင်ပြီး အခန်းပေါင်း ၂၀,၀၀၀ ခန့်ကို လာမည့်သုံးနှစ်အ တွင်း အပြီးသတ်တည်ဆောက်နိုင် ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန က ခန့်မှန်းထားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service