ဆူးလေစကွဲ ရှော့ပင်းမောနှင့် ရုံးခန်းများ စတင်ဖွင့်လှစ်

ဆူးလေစကွဲ ရှော့ပင်းမောနှင့် ရုံးခန်းများ စတင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
22 Dec 2016 10:06 am တွင် တင်ခဲ့သည်
2156 ကြိမ် ကြည့်ရှု့ပြီး
ရှန်ဂရီလာလုပ်ငန်းစုက တည်ဆောက်ပြီးစီး ခဲ့သည့် ရန်ကုန်မြို့လယ်ရှိ ဆူးလေစကွဲအဆောက်အအုံတွင် ရှော့ပင်းမောနှင့် ရုံးခန်းများကို ယခု ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

ဆူးလေစကွဲ ရုံးခန်းအဆောက်အအုံ သည် အထပ် ၂၃ ထပ်ရှိပြီး မြေအောက်ထပ် အပါအ၀င် အလွှာသုံးလွှာ၌ စူးပါမားကက် နှင့် အခြားဈေးဆိုင်ခန်းများအပြင် စားသောက်ဆိုင်ခန်းများလည်း ပါဝင်ပြီး ကား ရပ်နားနိုင်ရန် အထပ်ခြောက်ထပ်ပါဝင် ကြောင်း သိရသည်။

ရှောပင်းမောဧရိယာမှာ မီတာ ၆,၀၀၀ ရှိပြီး ဆိုင်ခန်းပေါင်း ၃၆ ဆိုင်ရှိကာ ရုံးခန်းဧရိယာစုစုပေါင်းမှာ မီတာ ၃၀,၀၀၀ ရှိကာ လက်ရှိတွင် ၃၀ ရာခိုင်နှုန်းခန့် ငှားရမ်းပြီးစီးပြီဖြစ်ကြောင်းဆူးလေစကွဲ၏ အရောင်းမြှင့်တင်ရေးဆိုင်ရာ ဒါရိုက်တာ ဒေါ်ယင်းမာညိုက ပြောသည်။

"ဖွင့်တာတော့ နိုဝင်ဘာလောက် ကတည်းကတချို့ရုံးခန်းတွေက ပြောင်းလာ ပြီး စဖွင့်နေပါပြီ။ ဆိုင်ခန်းတွေလည်း အခု တော်တော်စုံစုံလင်လင် ဖွင့်နေကြပါပြီ။ အထပ် ၂၃ ထပ်မှာ ၁၅ ထပ်ကရုံးခန်းတွေ ပါဝင်မှာပါ။ လောလောဆယ်တော့ ရုံးခန်း ရှစ်ခုလောက် ဖွင့်နေပါပြီ"ဟု ၎င်းကမြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ရှော့ပင်းမောအတွက် ဈေးဆိုင်အမျိုးအစားများကိုဆူးလေစကွဲက ရွေး ချယ်ဖွင့်လှစ်စေခဲ့ပြီးရုံးခန်းများအတွက်လိုအပ်ပြီးသင့်တင့်ကာဝန်ဆောင်မှုရရှိ နိုင်သည့် အမျိုးအစားများကိုသာ အဓိက ရွေးချယ် ဖွင့်လှစ်စေခဲ့ကြောင်း ၎င်းက ပြောသည်။

ရှော့ပင်းမောအတွင်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများမှာ အ၀တ်အထည်ဆိုင်များ၊ အလှအပနှင့်ပတ်သက်သော ဆိုင်များ၊ လူသုံးကုန်မျိုးစုံဆိုင်များနှင့် ခရီးသွား ၀န်ဆောင်မှုလုပ်ငန်းများကို
ဖွင့်လှစ်ထားပြီး ပထမထပ်နှင့် ဒုတိယထပ်တွင် မြန်မာအစား အသောက်ဆိုင်နှင့် မြေအောက်ထပ်တွင်ကော်ဖီဆိုင် နိုင်ငံတကာတံဆိပ် စားသောက် ဆိုင်များ ဖွင့်လှစ်ထားသည်။

ဆူးလေစကွဲအဆောက်အအုံကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ပြီးစီးခဲ့သော်လည်း အထပ်ကျော်လွန် တည်ဆောက်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ၏ ဒဏ်ငွေပေးဆောင်ရန် ထုတ်ပြန်မှု ကြောင့် ယခုနှစ်နှစ်ကုန်ခန့်မှသာ ဖွင့်လှစ် နိုင်ခဲ့သည်။ ဆူးလေစကွဲ အဆောက်အအုံသည် ယခင်မူလ
ဆောက်လုပ်ခွင့်တင်ပြမှုတွင်အထပ်၂၂ထပ်သာတင်ပြခဲ့သော်လည်း ဆောက်လုပ်ပြီးစီးသည့်အချိန်တွင် ၂၃ ထပ် တည်ဆောက်ထားသည့်အတွက် အထပ် ကျော်လွန်တည်ဆောက်မှုဖြင့်ဒဏ်ငွေ ကျပ်သိန်း ၂၀,၀၀၀ ကို ယခုနှစ် စက်တင်ဘာလတွင် ချမှတ်ခံခဲ့ရသည်။

ရှန်ဂရီလာလုပ်ငန်းစုက တည်ဆောက်ပြီးစီး ခဲ့သည့် ရန်ကုန်မြို့လယ်ရှိ ဆူးလေစကွဲအဆောက်အအုံတွင် ရှော့ပင်းမောနှင့် ရုံးခန်းများကို ယခု ဒီဇင်ဘာ၂၀ရက်တွင်စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။

ဆူးလေစကွဲ ရုံးခန်းအဆောက်အအုံ သည် အထပ်၂၃ ထပ်ရှိပြီး မြေအောက် ထပ် အပါအ၀င် အလွှာသုံးလွှာ၌ စူးပါမားကက် နှင့် အခြားဈေး ဆိုင်ခန်းများ အပြင် စားသောက်ဆိုင်ခန်းများလည်း ပါဝင်ပြီး ကား ရပ်နားနိုင်ရန် အ ထပ်ခြောက်ထပ်ပါဝင် ကြောင်း သိရသည်။

ရှောပင်းမောဧရိယာမှာ မီတာ ၆,၀၀၀ ရှိပြီး ဆိုင်ခန်းပေါင်း ၃၆ ဆိုင်ရှိကာ ရုံးခန်းဧရိယာစုစုပေါင်းမှာ မီတာ ၃၀,၀၀၀ ရှိကာ လက်ရှိတွင် ၃၀ ရာခိုင်နှုန်းခန့် ငှားရမ်းပြီးစီးပြီဖြစ်ကြောင်းဆူးလေစကွဲ၏ အရောင်းမြှင့်တင်ရေးဆိုင်ရာ ဒါရိုက်တာ ဒေါ်ယင်းမာညိုက ပြောသည်။

"ဖွင့်တာတော့ နိုဝင်ဘာလောက် ကတည်းကတချို့ရုံးခန်းတွေက ပြောင်းလာ ပြီး စဖွင့်နေပါပြီ။ ဆိုင်ခန်းတွေလည်း အခု တော်တော်စုံစုံလင်လင် ဖွင့်နေကြပါပြီ။ အထပ် ၂၃ ထပ်မှာ ၁၅ ထပ်ကရုံးခန်းတွေ ပါဝင်မှာပါ။ လောလောဆယ်တော့ ရုံးခန်း ရှစ်ခုလောက် ဖွင့်နေပါပြီ"ဟု ၎င်းကမြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ရှော့ပင်းမောအတွက် ဈေးဆိုင်အမျိုးအစားများကိုဆူးလေစကွဲက ရွေး ချယ်ဖွင့်လှစ်စေခဲ့ပြီးရုံးခန်းများအတွက် လိုအပ်ပြီး သင့်တင့်ကာ ၀န်ဆောင်မှုရရှိ နိုင်သည့် အမျိုးအစားများကိုသာ
အဓိက ရွေးချယ် ဖွင့်လှစ်စေခဲ့ကြောင်း ၎င်းက ပြောသည်။

ရှော့ပင်းမောအတွင်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများမှာ အ၀တ်အထည်ဆိုင်များ၊ အလှအပနှင့်ပတ်သက်သော ဆိုင်များ၊ လူသုံးကုန်မျိုးစုံဆိုင်များနှင့် ခရီးသွား ၀န်ဆောင်မှုလုပ်ငန်းများကို
ဖွင့်လှစ်ထားပြီး ပထမထပ်နှင့် ဒုတိယထပ်တွင် မြန်မာအစား အသောက်ဆိုင်နှင့် မြေအောက်ထပ်တွင်
ကော်ဖီဆိုင် နိုင်ငံတကာတံဆိပ် စားသောက် ဆိုင်များ ဖွင့်လှစ်ထားသည်။

ဆူးလေစကွဲအဆောက်အအုံကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ပြီးစီးခဲ့သော်လည်း အထပ်ကျော်လွန် တည်ဆောက်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ၏ ဒဏ်ငွေပေးဆောင်ရန် ထုတ်ပြန်မှု ကြောင့် ယခုနှစ်
နှစ်ကုန်ခန့်မှသာ ဖွင့်လှစ် နိုင်ခဲ့သည်။ ဆူးလေစကွဲ အဆောက်အအုံသည် ယခင်မူလဆောက်လုပ်ခွင့်တင်ပြမှုတွင် အထပ် ၂၂ ထပ်သာ တင်ပြခဲ့သော်လည်း ဆောက်လုပ်ပြီးစီးသည့်အချိန်တွင် ၂၃ ထပ် တည်ဆောက်ထားသည့်အတွက် အထပ် ကျော်လွန်တည်ဆောက်မှုဖြင့်
ဒဏ်ငွေ ကျပ်သိန်း ၂၀,၀၀၀ ကို ယခုနှစ် စက်တင်ဘာလတွင် ချမှတ်ခံခဲ့ရသည်။

အဆောက်အအုံမှာ ယခုနှစ်စပိုင်း ကတည်းကပင်ပြီးစီးနေပြီဖြစ်သော်လည်း ယင်းကဲ့သို့အထပ်ကျော်လွန် တည်ဆောက် မှုကြောင့် ဆောက်လုပ်ခွင့်ပြုမိန့် မပေးသည့်အပြင်အဆောက်အအုံ ဆောက်လုပ်ပြီးစီး ကြောင်း ထောက်ခံစာ (BCC) မရရှိသည့်အတွက်မဖွင့်လှစ်နိုင်ခဲ့ပေ။ ပြီးခဲ့သည့် နိုဝင်ဘာလ၌ ဆူးလေးစကွဲ အဆောက်အအုံတည်ဆောက်သည့်
ရှန်ဂရီ လာအုပ်စုက စည်ပင်သာယာရေးကော်မတီ ၏ ဒဏ်ငွေ ကျပ်သိန်း ၂၀,၀၀၀ ကို ပေးဆောင်ခဲ့ပြီးနောက်ကော်မတီက ဆောက် လုပ်ခွင့်ပါမစ် ပေးခဲ့ပြီး BCC လက်ခံရရှိ ပြီးနောက် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Credit: Myanmar Times
ဆူးလေစကွဲ ရှော့ပင်းမောနှင့် ရုံးခန်းများ စတင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service