လာမည့် ၁၀ နှစ်အတွင်း ဆော်ဒီပြည်သူများကို နေအိမ်ပေါင်း ၁၀၀၀၀ နှင့် ကားစင်းရေ ၁၀၀၀၀ လှူဒါန်းမည်

လာမည့် ၁၀ နှစ်အတွင်း ဆော်ဒီပြည်သူများကို နေအိမ်ပေါင်း ၁၀၀၀၀ နှင့် ကားစင်းရေ ၁၀၀၀၀ လှူဒါန်းမည် - Property News in Myanmar from iMyanmarHouse.com
21 Dec 2016 11:28 am တွင် တင်ခဲ့သည်
3173 ကြိမ် ကြည့်ရှု့ပြီး
ဆော်ဒီအာရေးဗီးယားနိုင်ငံသားတို့၏ လူနေမှုဘဝအဆင့်အတန်း မြင့်မားရန်ရည်ရွယ်၍ လာမည့် ၁၀ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ပြည်သူတို့ကို နေအိမ်ပေါင်း ၁၀၀၀၀ နှင့် မော်တော်ကားအစင်းရေ ၁၀၀၀၀ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆော်ဒီအခြေစိုက် ပရဟိတ အဖွဲ့အစည်းဖြစ်သော Alwaleed Philanthropies က ထုတ်ဖော်ကြေညာလိုက်သည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါအဖွဲ့အစည်း၏ ဥက္ကဌမှာ ဘီလျံနာတစ်ဦးဖြစ်သူ မင်းသား အယ်ဝါလိ ဘင် တလာ ဘင် အဗ္ဗဒူလာဇစ် အယ်လ်ဆတ် ဖြစ်သည်။

ယင်းကဲ့သို့ နေအိမ်နှင့်ကားများပေးအပ်သည်မှာ ၇ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး မင်းသားအယ်လ်ဝါလိက ယခုအကြိမ်တွင် ရရှိမည့်သူ ၂၆၀၀ ဦးတို့၏ အမည်များကိုလည်း ကြေညာခဲ့ပြီး ဖြစ်သည်။

Housing and Car Grants’ ဟု အမည်ပေးထားသော အဆိုပါစီမံကိန်းသည် ပရဟိတအဖွဲ့၏ ရေရှည်ရည်မှန်းချက်ဖြစ်ပြီး ဆော်ဒီအိုးအိမ်နှင့် အခြေခံအဆောက်အအုံဝန်ကြီးဌာန၏ စီမံကိန်းများကို လျှောက်ထားခွင့်မရကြသည့် ဆော်ဒီနိုင်ငံသားများကို အဓိကရည်ရွယ်ခြင်း ဖြစ်သည်။

နေအိမ်တစ်ခုချင်းစီအတွက် လိုအပ်မည့် နေရာအကျယ်အဝန်းနှင့်စပ်လျဉ်း၍ ပြန်လည်စစ်ဆေးမှုများ ပြုလုပ်နေရခြင်းကြောင့် ၇ ကြိမ်မြောက် အိမ်၊ ကားပေးအပ်မှုအစီအစဉ် နှောင့်နှေးနေရခြင်းဖြစ်သည်ဟု ဆိုသည်။

ဆဌမအကြိမ်မြောက် အိမ်၊ ကားပေးအပ်လှူဒါန်းမှု အစီအစဉ်တွင် ဆော်ဒီ၏ မြို့တော် ရီယာ့ဒ်တွင် စတုရန်းပေ ၄၀၀ အကျယ်အဝန်းရှိ နေအိမ်များ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
အိမ်၊ ကားပေးအပ်မှု အစီအစဉ်အတွက် အခကြေးငွေပေးရန် မလိုသကဲ့သို့ လျှောက်ထားနိုင်သူ၏ အသက်အရွယ်ကန့်သတ်ထားခြင်းလည်း မရှိကြောင်း သိရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service