စည်ပင်ပိုင်မြေကွက်နဲ့ တိုက်ခန်းရောင်းစရာမရှိတော့လို့ ဝင်ငွေလျော့နည်းမယ်ဟု ရန်ကုန်မြို့တော်ဝန်ဆို

စည်ပင်ပိုင်မြေကွက်နဲ့ တိုက်ခန်းရောင်းစရာမရှိတော့လို့ ဝင်ငွေလျော့နည်းမယ်ဟု ရန်ကုန်မြို့တော်ဝန်ဆို - Property News in Myanmar from iMyanmarHouse.com
20 Dec 2016 10:34 am တွင် တင်ခဲ့သည်
2144 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေကွက်တွေနဲ့ တိုက်ခန်းတွေ ရောင်းချရန် မရှိတော့လို့ လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် စည်ပင်ကဝင်ငွေလျော့နည်းမှာ ဖြစ်တယ်လို့သည်လ ၁၆ ရက်နေ့က ကျင်း ပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

လာမယ့်၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ် မှာ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီက သာမန်ရငွေ  ကျပ် ၇၉၇.၇၀၇ သန်းနဲ့ ငွေလုံးငွေရင်း  ရငွေ ၂၅.၉၂၅ ဘီလျံဟာ ၂၀၁၆-၂၀၁၇  ဘဏ္ဍာရေးနှစ်ရ  ငွေထက် လျော့နည်းခဲ့ပါတယ်။

ငွေလုံးငွေရင်းရငွေ အဓိက လျော့နည်းရတာက ပြီးခဲ့တဲ့ တိုက်ခန်းရောင်းရ ငွေကျပ် ၁၆့၅၇၅ ဘီလျံ၊ မြေကွက်ရောင်းရငွေ   ဝ.၈၁၅ ဘီလျံ၊ မတည် အသုံးစရိတ် ငွေပင်ငွေရင်း ရရှိငွေ ၁.၃၀ဝ ဘီလျံ၊ ပြည်ပ အကူအညီရငွေ  (OTA) ကျပ် ၁.၁၇ ဘီလျံ၊ ပစ္စည်းဟောင်းရငွေ ကျပ် ၆၃.၅၀ဝ သန်း လာမယ့်  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှာ လျော့ နည်းရရှိတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က “ဝင်ငွေ လျော့နည်းရတာက မြေကွက်တွေ ရောင်းချရန် မရှိတော့တဲ့အတွက် မြေကွက် ရောင်းရငွေ လျော့နည်းတာ၊ ပြည်ပအကူအညီနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေက ပြီးစီးနေပြီး ဖြစ်တဲ့အတွက် လာမယ့် ၂၀၁၇-၂၀၁၈ မှာ ပြည်ပအကူအညီရ ငွေမရှိလို့ ဝင်ငွေ လျော့နည်း  သွားတာ ဖြစ်တယ်”လို့ ရှင်း ပြပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ လာမယ့် ၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ်မှာ  အိမ်ရာ စီမံကိန်း တစ်ခုသာ တည်ဆောက်မှာ ဖြစ်ပြီး မြေကွက် နဲ့ ပြီး ခဲ့တဲ့ ၂၀၁၅-၂၀၁၆ က စတင်ပြီး စည်ပင်သာယာ ရောင်းချတဲ့ အိမ်ရာ စီမံကိန်း တိုက်ခန်းတွေမှာ ရောင်းရန် ကျန်နေတဲ့ တိုက်ခန်းတွေက ရရှိမယ့် ဝင်ငွေနဲ့ စည်ပင်ပိုင် ဆိုင်ခန်းရောင်းရငွေသာ ရှိတယ်လို့ သိ ရပါတယ်။

လာမယ့်  ၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ်မှာ  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ဆိုင်ခန်းရောင်းချငွေ မနှစ်ကထက် ကျပ်သုံးဘီလျံ ပိုမို ရရှိမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်တိုင်း ဒေသကြီးမှာ အများဆုံး ရငွေ ရှာပေးတဲ့ ဌာနဖြစ်ပြီး သုံးငွေ အများဆုံး အသုံးပြုတဲ့ ဌာန ဖြစ်ပါ တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီက ရငွေနဲ့   သုံးငွေကိုဘက် ညီလျာထား အသုံးပြုတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ် ထူးခြားချက်အနေနဲ့ ရငွေနဲ့ အသုံး စရိတ်ကို  ခွဲပြီး သပ်သပ်စီ အသုံးပြုမှာ ဖြစ် ပါ တယ်။

အစိုးရသစ်လက်ထက်မှာ ပထမဆုံး ရေးဆွဲတဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မှာ ရန်ကုန်တိုင်းဒေသကြီး ရသုံးမှန်းခြေ  ငွေစာရင်းအရ သုံးငွေက သာမန်အသုံးစရိတ် ကျပ် ၁၃၄ ဘီလျံကျော်၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၂၇၈ ဘီလျံ  နဲ့ ကြွေးမြီပေးဖို့ ကျပ်  နှစ်ဘီလျံ ရှိလို့ စုစုပေါင်း အ သုံးပြု ရမယ့်ငွေက ကျပ် ၁၄၁ ဘီလျံ  ဖြစ်ပါတယ်။

လာမယ့် ဘဏ္ဍာနှစ် အတွက် ဘတ်ဂျက်လိုငွေ ကျပ် ၁၂၁ ဘီလျံကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံရရှိတဲ့ အခွန်တွေထဲက အချိုးအလိုက် ပြန်ပြီးခွဲပေးတဲ့ အခွန်အချိုးနဲ့ ဖြည့်ဆည်းသွားမယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service