လယ်မြေကို အကွက်ရိုက်ပြီး လူနေမြေကွက်များအဖြစ် ရောင်းချနေသည့် ဖြစ်စဉ်များ တားမြစ်ရန်လိုအပ်

လယ်မြေကို အကွက်ရိုက်ပြီး လူနေမြေကွက်များအဖြစ် ရောင်းချနေသည့် ဖြစ်စဉ်များ တားမြစ်ရန်လိုအပ် - Property News in Myanmar from iMyanmarHouse.com
19 Dec 2016 11:37 am တွင် တင်ခဲ့သည်
3735 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာမြေများကို လူနေမြေကွက်များ အဖြစ် အကွက်ရိုက် ရောင်းချနေခြင်းသည်
တရားဝင်မှုမရှိသည့်အတွက် ယင်းသို့ ရောင်းဝယ်ခြင်းများကို တားမြစ် ကြပ်မတ်
ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဗဟို)
ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။

"လယ်မြေက လယ်အဖြစ်ပဲ ရောင်းလို့ ရတယ်။ ရောင်းချပေါင်နှံပေးကမ်းခွင့်တော့
ရှိပါတယ်။သို့သော်လည်း လယ်မြေမှာ လယ်ပဲ လုပ်ရမယ်၊ လယ်မြေကို အခြားနည်း အသုံးပြုခွင့်မရှိပါဘူး။ လယ်မြေကို အကွက် ရိုက်ရောင်းထားတဲ့ မြေကွက်ကို ဂရန်
လျှောက်မယ်ဆိုရင် ဂရန်လျှောက်လို့ မရပါဘူး။ အစိုးရအနေနဲ့ အသေအချာ
ကိုင်တွယ်မယ်ဆိုရင် တော်တော်ပြဿနာ ကြီးမယ်။ မကြောက်မရွံ့ လုပ်နေကြတယ်၊
သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေမှာပါ တာဝန်ရှိတယ်"ဟု ၎င်းက ပြောသည်။

မြို့စွန်မြို့နယ်များတွင် အကွက်အကွင်း ကျသည့် လယ်ယာမြေများကို လယ်ယာမြေ လုပ်ကိုင်ခွင့် လက်မှတ်ပုံစံ(၇) ရယူထား သည့် လယ်သမားများက ပေ ၂၀ အကျယ်
ပေ ၄၀ အရှည်ရှိသည့် မြေကွက်များ၊ ၁၅ ပေ အကျယ် အရှည်ပေ ၃၀ ရှိသည့်မြေကွက်များအဖြစ် အကွက်ရိုက်ကာ လယ်မြေများကို တစ်ကွက်လျှင်
ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၅၀ အတွင်း တန်ဖိုးနည်း မြေကွက်များအဖြစ်
လူမှုကွန်ရက်များမှ တစ်ဆင့် တရားဝင်မြေကွက်များသဖွယ် ရောင်းချလျက်ရှိသည်။

၂၀၁၂ လယ်ယာမြေဥပဒေ အခန်း ၄ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရ မည့်စည်းကမ်းချက်များအရ အပိုဒ် ၁၂ (ဆ) အရ လယ်ယာမြေကို ခွင့်ပြုချက်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရန် တားမြစ်ထား သည့်အပြင် အပိုဒ် ၁၄ အရ လယ်ယာမြေ
လုပ်ပိုင်ခွင့်ရရှိထားသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့် နိုင်ငံခြားသားသို့မဟုတ် နိုင်ငံခြားသားပါဝင်သည့် အဖွဲ့ အစည်းများကိုမျှ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊
ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရန် တားမြစ်ထားသည်။

သွားလာရေးလွယ်ကူ အဆင်ပြေနိုင်ပြီး အကွက်အကွင်းကျသည့် မြို့စွန်မြို့နယ်များတွင်လယ်ပိုင်ရှင်များက မိမိလုပ်ကိုင် ခွင့်ရရှိသည့် လယ်ယာမြေများအတွင်း၌ လူသွားလမ်းများ
ဖော်ထုတ်ကာ လူနေမြေ ကွက်များအဖြစ် ရောင်းချမှုများ များပြား လျက်ရှိပြီး
နိုင်ငံတော်ထံမှ လယ်ယာမြေ လုပ်ကိုင်ခွင့် ရရှိထားသည့် လက်မှတ်များ ကိုပါ
မိတ္ထူများပေးကာ အရောင်းအ၀ယ် စာချုပ်များဖြင့် ရောင်းချလျက်ရှိသည်။

"ပေ ၂၀၊ ၄၂ ပေ အကျယ် မြေကွက်ကို ၂၀၁၅ နှစ်ဆန်းပိုင်းတုန်းက သိန်း ၂၀ နဲ့
ဝယ်ခဲ့တာပါ။ ၀ယ်ရတဲ့တန်ဖိုးက အခုဆို နှစ်နှစ်ကျော်အထိ နေပြီးပြီဆိုတော့
အိမ် ငှားနေရတဲ့ စရိတ်နဲ့တွက်ရင် ကိုက်ပါတယ်။ ရှစ်ပေအကျယ်လမ်းလေးတော့
လယ်ပိုင် ရှင်က လုပ်ပေးထားပါတယ်။ ကျွန်တော်တို့ နေရာမှာတော့ အဲဒီလို
အကွက်ပေါင်း ၅၀ ကျော်ရှိပြီး အခုဆို တစ်ကွက် သိန်း ၄၀ ကျော် ပေးရပါတယ်"ဟု
သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအနီးရှိ လယ်မြေများကို ၀ယ်ယူနေထိုင်သူ
ဦးမောင်ဦးက ပြောသည်။

လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များ အရ လယ်ယာမြေကို အခြားနည်းလမ်းများ အဖြစ်
အသုံးပြုနိုင်ရန်အတွက် အပိုဒ် ၃၀(ခ) အရ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေ
စီမံခန့်ခွဲရေးအဖွဲ့၏ ထောက်ခံမှု ဖြင့်သာ ခွင့်ပြုနိုင်သည်။

"လယ်ပိုင်ရှင်တွေက အကွက်ရိုက်ပြီး မြေတွေ ရောင်းတုန်းကတော့ ဂရန်လျှောက်လို့ရအောင်
လုပ်ပေးမယ်၊ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ဆိုပြီး ရွှန်းရွန်းဝေအောင် ပြောရောင်းကြတယ်။
အခုထက်ထိတော့ လယ်မြေမှာ ၀ယ်ထားတဲ့ လူတွေ ဂရန်ထွက် လာတယ်လို့
မကြားဖူးသေးဘူး။ အခုလည်း ရောင်းနေတာတွေ ရှိတယ်။ တကယ်ခံရတာ က
ဝယ်ထားတဲ့သူတွေဖြစ်တယ်။ နိုင်ငံတော် ကလည်း ဥပဒေအရ သေသေချာချာကိုင်တွယ်ရင်
ဝယ်သူတွေပဲ ဆုံးရှုံးနစ်နာမှာဖြစ် တယ်"ဟု ဒဂုံမြို့သစ်မြောက်ပိုင်း အေးရိပ်စံ အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ကိုဝင်းထိန်က ပြောသည်။

ဥပဒေပြဋ္ဌာန်းချက်များအရ လယ်ယာ မြေ လုပ်ပိုင်ခွင့် လက်မှတ်ရရှိထားသူများ အနေဖြင့်
တားမြစ်ချက်များကို ဖောက်ဖျက် ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကိုအနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင် ကျပ် ၁၀ သိန်းအောက် မနည်းသည့် ငွေဒဏ်ကိုလည်း ချမှတ်ရမည်။

ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ငွေနှင့်ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ကြောင်း ၂၀၁၂ လယ်ယာမြေ ဥပဒေ အပိုဒ် ၃၇ တွင် ဖော်ပြထားသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service