မိမိကိုယ်ကို နှိမ့်ချခြင်း (သို့) အောင်မြင်မှုအတွက် လိုအပ်ချက်

မိမိကိုယ်ကို နှိမ့်ချခြင်း (သို့) အောင်မြင်မှုအတွက် လိုအပ်ချက် - Property Knowledge in Myanmar from iMyanmarHouse.com
15 Dec 2016 12:08 pm တွင် တင်ခဲ့သည်
2255 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အခုခေတ်ကာလမှာ ဟောဟောဒိုင်းဒိုင်းလုပ်တတ်ကိုင်တတ်ပြီး လူသိများတဲ့ စွန့်ဦးလူငယ်တွေများစွာ ရှိပါတယ်။ ဒီလိုအချိန်မှာ မိမိကိုယ်ကိုနှိမ့်ချတာဟာ ဘယ်လိုများအရေးပါသလဲလို့ တွေးမိပါသလား။ တကယ်တော့ ဒီအချက်ဟာ အများစုမှာ လိုအပ်နေတာဖြစ်ပါတယ်။

မိမိကိုယ်ကို နှိမ့်ချတတ်ခြင်းဟာ အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရလည်း မိမိကိုယ်ကို နှိမ့်ချတတ်သူတွေဟာ ပိုပြီးအစွမ်းထက်တဲ့ ခေါင်းဆောင်တွေဖြစ်ကြပြီး တစ်ဦးချင်းမှာရော အသင်းအဖွဲ့လိုက်မှာပါ စွမ်းဆောင်ရည်မြင့်မားကြတယ်လို့ ဆိုထားပါတယ်။

ဒါဆိုရင် မိမိကိုယ်ကို နှိမ့်ချတတ်တယ်ဆိုတာ ဘယ်လိုမျိုးပါလဲ ? နှိမ့်ချတတ်ခြင်းကို အများစုက သိမ်ငယ်ခြင်းနဲ့ မှားတတ်ကြပါတယ်။ တကယ်တော့ နှိမ့်ချတတ်ခြင်းဟာ သင့်ကိုသင် အထင်မကြီးခြင်းပဲဖြစ်ပါတယ်။ ပြီးတော့ သိမှတ်ရှုမြင်တတ်ခြင်း၊ မိမိကိုယ်ကိုနားလည်ခြင်း၊ ကြင်နာတရားရှိခြင်းတွေနဲ့လည်း ပတ်သက်နေပါတယ်။ နှိမ့်ချတတ်တဲ့ ခေါင်းဆောင်တွေဟာ သူတို့ရဲ့အားသာချက်၊ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး ရိုးသားကြသလို ဘ၀င်မမြင့်ပဲ ယုံကြည်မှုရှိတတ်ကြပါတယ်။ တစ်ယူသန်ခေါင်းမမာတတ်ပဲ စိတ်ထားပွင့်လင်းကြပါတယ်။ အလျှော့ပေးတာမျိုးမဟုတ်ပဲ ထောက်ပံ့ကူညီတတ်ကြပါတယ်။

ခေါင်းဆောင်ကောင်းတွေရဲ့ ထူးခြားချက်ဟာ ကိုယ်ရည်ကိုယ်သွေးထက် နှိမ့်ချတတ်ခြင်းပေါ်မှာ မူတည်ပါတယ်။ ဒါ့ကြောင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ စွန့်ဦးလူငယ်တစ်ယောက်ပဲဖြစ်ဖြစ် နေ့စဉ်လှုပ်ရှားမှုတွေမှာ လိုအပ်တဲ့ နှိမ့်ချခြင်းသုံးခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရိုကျိုးစွာ နားထောင်တတ်ခြင်း

နားထောင်ခြင်းဟာ အောင်မြင်သူတိုင်းရဲ့ နှလုံးသားထဲမှာတည်ရှိပါတယ်။ ရိုရိုကျိုးကျိုးနားထောင်တတ်တာဟာ အခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေကို လေးစားသမှုနဲ့ လက်ခံပေးတတ်တာကို ပြသပါတယ်။ မိမိကိုယ်ကို နှိမ့်ချတတ်သူတွေဟာ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဖွဲ့အစည်းထံက သဘောထားထင်မြင်ချက်ကို လေးလေးနက်နက် နားထောင်လေ့ရှိပါတယ်။ ဒီလိုနည်းလမ်းနဲ့ ဖောက်သည်တွေရဲ့ သစ္စာရှိမှုကို တည်ဆောက်နိုင်သလို ၀န်ထမ်းတွေရဲ့ စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

၂။ စမ်းသပ်စစ်ဆေးခြင်း။

နှိမ့်ချတတ်သူတွေဟာ ဘယ်အရာကိုမှ ချက်ချင်း အမှန်လို့ မယူဆတတ်ပါဘူး။ သူတို့ရဲ့ပင်ကိုယ်သိစိတ်ကို အသုံးချပြီး ထင်မြင်ယူဆချက်တွေကို အမှန် အမှား စစ်ဆေးလေ့ရှိပါတယ်။ ထင်မြင်ယူဆချက်တွေကို အမှန်ဟုတ်မဟုတ်စစ်ဆေးတာက အရမ်းကြီးအကျိုးသက်ရောက်ဖို့ မလိုပါဘူး။ ဘယ်ဟာက အလုပ်ဖြစ်တယ်၊ ဘယ်ဟာက အလုပ်မဖြစ်ဘူးဆိုတာ သိရုံနဲ့လုံလောက်ပါတယ်။။

၃။ ၀န်ခံခြင်း

လူဆိုတာ မှားတတ်ပါတယ်။ အမှားကိုဝန်ခံတတ်တာက နှိမ့်ချခြင်းတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့အများစုက အမှားကိုဝန်ခံတာကို ပျော့ညံ့မှုရဲ့လက္ခဏာတစ်ခုအဖြစ် သတ်မှတ်တတ်ကြပါတယ်။ တကယ်တော့ အမှားကို ၀န်ခံတာဟာ ယဉ်ကျေးမှုရှိ၊ သဘောထားကြီးပြီး ပါးနပ်မှုရှိသူတွေရဲ့လုပ်ရပ်ဖြစ်ပါတယ်။ အမှားကို ၀န်ခံတတ်ပြီး အကူအညီတောင်းတာက သင်ယူလေ့လာလိုစိတ်ရှိပြီး အခြားသူတွေကို နေရာပေးတတ်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယုံကြည်မှုကို တည်ဆောက်ပြီးသားလည်း ဖြစ်သွားစေပါတယ်။

မိမိကိုယ်ကို နှိမ့်ချတတ်ခြင်းဟာ အောင်မြင်မှုအတွက် စွဲမက်စရာကောင်းတဲ့ အမူအကျင့်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တကယ်လိုအပ်တဲ့အရာဖြစ်ပါတယ်။


Credit:mmgentleman

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service