အာရှတိုက်၏ အလှပဆုံး တောင်ပေါ်မြို့ ၉ မြို့စာရင်းတွင် ပြင်ဦးလွင် တတိယနေရာ၌ ရပ်တည်

အာရှတိုက်၏ အလှပဆုံး တောင်ပေါ်မြို့ ၉ မြို့စာရင်းတွင် ပြင်ဦးလွင် တတိယနေရာ၌ ရပ်တည် - Property News in Myanmar from iMyanmarHouse.com
15 Dec 2016 10:17 am တွင် တင်ခဲ့သည်
1905 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုက အာရှတိုက်၏ အလှပဆုံး တောင်ပေါ်မြို့၉ မြို့ကို ရွေးချယ်ထုတ်ပြန်လိုက်ရာ
မြန်မာနိုင်ငံမှ ပြင်ဦးလွင်မှာ တတိယနေရာတွင် ရပ်တည်လျက်ရှိသည်ကို ယင်းသတင်းဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အိန္ဒိယနိုင်ငံ၊ ဆင်းမလားမြို့မှ ဗီယက်နမ်နိုင်ငံ ဒါးလတ်ကဲ့သို့ တောင်ပေါ်မြို့များသည် အာရှတွင်
ကိုလိုနီအရင်းရှင်နိုင်ငံများက တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

အရှေ့တောင်အာရှရှိ ကုန်းမြင့်ဒေသများ (သို့မဟုတ်) အိန္ဒိယတိုက်ငယ်တွင် ခရီးသွားမည်ဆိုလျှင် အနှေးနှင့် အမြန်ဆိုသကဲ့သို့
တောင်ပေါ်မြို့ကလေးတစ်မြို့သို့ ရောက်ရှိသွားကြမည် ဖြစ်သည်။

ယခုတောင်ပေါ်မြို့ကလေးရှိ အဆောက်အအုံများစွာသည် နယ်ချဲ့အာဏာပိုင်များ၊ စစ်ဗိုလ်ချုပ်များအတွက် အပန်းဖြေအနားယူရန်နှင့် နွေခိုရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။

ကိုလိုနီအရင်းရှင်တို့ကား မရှိတော့။
သို့ရာတွင် ယင်းတောင်ပေါ်မြို့ကလေးများရှိ အဆောက်အအုံများကို စေ့စပ်သေချာစွာကြည့်မည်ဆိုလျှင် ဥရောပသို့ ရောက်ရှိသွားသကဲ့သို့ ခံစားကြရမည် ဖြစ်လေသည်။

(ပြင်ဦးလွင်-မြန်မာနိုင်ငံ)
ယခင်က မေမြို့ဟု ခေါ်ဆိုခဲ့ကြသည်။
အမှတ် ၅၊ ဘင်္ဂလားခြေလျင်တပ်မှ ဗိုလ်မှူးကြီး ဂျိမ်းစ်မေကို အစွဲပြု၍ အမည်ပေးခဲ့ခြင်း ဖြစ်သည်။

လေရူးသုန်သုန်တိုက်သော ပြင်ဦးလွင်သို့ မန္တလေးမှတစ်ဆင့် ဘတ်စ်ကား၊ ရထားများဖြင့် သွားရောက်နိုင်သည်။
မြို့တွင်း နေအိမ်များကို ကြည့်မည်ဆိုလျှင် လန်ဒန်ရှိ ဒေါင်းနင်းလမ်းနှင့် ချယ်ရင်ခရော့စ်လမ်းများပေါ်တွင် လျှောက်လှမ်းနေရသကဲ့သို့ ခံစားရမည်ဖြစ်ပြီး အတိတ်ခေတ်၏ မှိုစွဲနေသော နေအိမ်ဟောင်းများကို အများအပြားတွေ့မြင်ရမည် ဖြစ်သည်။

ကိုလိုနီခေတ် ခရစ်ယာန်ဘုရားကျောင်းများကို ဗုဒ္ဓဘာသာစေတီပုထိုးများ၊ တရုတ်ဘုံကျောင်းများနှင့် အတူ နီးကပ်စွာတည်ရှိသည်ကို တွေ့ရမည် ဖြစ်သည်။

လန်ဒန်မြို့ အနောက်တောင်ဘက်ရှိ နာမည်ကျော် ရုက္ခဗေဒဥယျာဉ် Kew Gardens ကို ပုံစံတူတည်ဆောက်ထားသည့် ရုက္ခဗေဒဥယျာဉ်ကိုလည်း ပြင်ဦးလွင်တွင် တွေ့ရှိနိုင်သည်။

အအေးပိုင်းဒေသထွက်ကုန်များ ရောင်းချလျက်ရှိသော ဈေးများကို တွေ့ရ
မည်ဖြစ်ပြီး သွားရောက်လည်ပတ်သူတို့အနေဖြင့် ညစာစားအပြီးတွင် လတ်ဆတ်သော စတော်ဘယ်ရီဖျော်ရည်၏ အရသာကို တောင်ပေါ်လေညင်း၏ ကျီစယ်မှုအကြားတွင် အေးချမ်းစွာ အရသာခံနိုင်မည် ဖြစ်သည်။

အာရှ၏ အလှပဆုံး တောင်ပေါ်မြို့များ
(၁) ဆင်းမလား၊ အိန္ဒိယ
(၂) ဘာဂီယို၊ ဖိလစ်ပိုင်
(၃) ပြင်ဦးလွင်၊ မြန်မာ
(၄) မားဘိစ်၊ အရှေ့တီမော
(၅) ကဲမရင်ကုန်းမြင့်၊ မလေးရှား
(၆) ဒါးလတ်၊ ဗီယက်နမ်
(၇) နုဝါးရား အယ်လိယာ၊ သီရီလင်္ကာ
(၈) ဘို့ဂေါ်၊ အင်ဒိုနီးရှား
(၉) မားရီ၊ ပါကစ္စတန်
တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အာရှတိုက်၏ အလှပဆုံး တောင်ပေါ်မြို့ ၉ မြို့စာရင်းတွင် ပြင်ဦးလွင် တတိယနေရာ၌ ရပ်တည် - Property News in Myanmar from iMyanmarHouse.com
အာရှတိုက်၏ အလှပဆုံး တောင်ပေါ်မြို့ ၉ မြို့စာရင်းတွင် ပြင်ဦးလွင် တတိယနေရာ၌ ရပ်တည် - Property News in Myanmar from iMyanmarHouse.com
အာရှတိုက်၏ အလှပဆုံး တောင်ပေါ်မြို့ ၉ မြို့စာရင်းတွင် ပြင်ဦးလွင် တတိယနေရာ၌ ရပ်တည် - Property News in Myanmar from iMyanmarHouse.com
အာရှတိုက်၏ အလှပဆုံး တောင်ပေါ်မြို့ ၉ မြို့စာရင်းတွင် ပြင်ဦးလွင် တတိယနေရာ၌ ရပ်တည် - Property News in Myanmar from iMyanmarHouse.com
အာရှတိုက်၏ အလှပဆုံး တောင်ပေါ်မြို့ ၉ မြို့စာရင်းတွင် ပြင်ဦးလွင် တတိယနေရာ၌ ရပ်တည် - Property News in Myanmar from iMyanmarHouse.com
အာရှတိုက်၏ အလှပဆုံး တောင်ပေါ်မြို့ ၉ မြို့စာရင်းတွင် ပြင်ဦးလွင် တတိယနေရာ၌ ရပ်တည် - Property News in Myanmar from iMyanmarHouse.com
အာရှတိုက်၏ အလှပဆုံး တောင်ပေါ်မြို့ ၉ မြို့စာရင်းတွင် ပြင်ဦးလွင် တတိယနေရာ၌ ရပ်တည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service